သင့် Galaxy ဖုန်းကို ဘယ်လိုသန့်ရှင်းမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းကို နေ့စဉ်အသုံးပြုခြင်းဖြင့် လက်ဗွေသို့မဟုတ် စခရင်ပေါ်တွင် စွန်းရာများရှိနေနိုင်ပါသည်။ သင့်ဖုန်းထဲသို့ ပြင်ပပစ္စည်းတခုခုဝင်နေပါက ချက်ခြင်းဖယ်ရှားရန်အကြံပြုပါသည်။ သင့် Galaxy ဖုန်းအား သေချာသန့်ရှင်းနည်းနှင့် ကျန်းမာရေးနှင့်အညီသုံးနည်းကို လေ့လာရန် အောက်ပါလမ်းညွှန်များအတိုင်းလုပ်ဆောင်ပါ။

သင့် Galaxy ဖုန်းအား မသန့်ရှင်းမီ

အဆင့် ၁။ သင့် Galaxy ဖုန်းအား မသန့်ရှင်းမီ သင့်ဖုန်းအားပိတ်ထားပြီး ကြိုးများဖြုတ်ထားကြောင်း သေချာပါစေ။

အဆင့် ၂။ သင့်ဖုန်းရှိ ကပ်ခွာ သို့မဟုတ် ကာဗာများကိုဖြုတ်ပါ။

သင့် Galaxy ဖုန်းကို သေချာဘယ်လိုသန့်ရှင်းမလဲ။

သင့်ဖုန်း၏ ဖန် ၊ ကြွေနှင့် သတ္တုမျက်နှာပြင်များကိုသန့်ရှင်းရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ အမျှင်မပါသည့် မိုက်ခရိုဖိုင်ဘာအဝတ်စကို ပြင်ဆင်ထားပါ။ သင့်ဖုန်းကိုသန့်ရှင်းရန် အထူးထုတ်ထားသည့်မှန်ဘီလူးသန့်ရှင်းရေးအဝတ်ကိုလည်း အသုံးပြုရနိုင်ပါသည်။

သင့်ဖုန်း၏မျက်နှာပြင်ကို မိုက်ခရိုဖိုင်ဘာအဝတ်ဖြင့် သန့်ရှင်းပေးပါ။

အဆင့် ၂။ အဝတ်စဖြင့် ဖုန်း၏အရှေ့နှင့်အနောက်ကို အားအနည်းငယ်သုံး၍ သုတ်ပေးပါ။

• သင့်ဖုန်းကို မိုးရေစိမ်ထားသည့်အဝတ်ဖြင့်သန့်ရှင်းပေးနိုင်ပါသည်။ ဖုန်းကို အစိုဓာတ်အလွန်အကျွံမထိမိအောင် ဂရုစိုက်ပါ။
• သင့်ဖုန်းအားသန့်ရှင်းရန် 70% အရက်ပြန်အရည် သို့မဟုတ် အီသိုင်လ်းအရက်ကဲ့သို့ အရက်ပြန်အခြေပြု လက်သန့်ဆေးများကိုအသုံးပြုနိုင်ပါသည်။
• သင့်ဖုန်းကို မိုးရေထဲသို့မဟုတ် သန့်ရှင်းနေသည့်အရည်ထဲ မစိမ်ပါနှင့်။
• နားကြပ်ပေါက်နှင့် အားသွင်းပေါက်ကဲ့သို့ ပွင့်နေသည့်နေရာများကို အစိုဓာတ် သို့မဟုတ် ပိုးသတ်ဆေးများမထိမိအောင် ရှောင်ကြဉ်ပါ။

မှတ်ချက်။

• ဖုန်းမျက်နှာပြင်ကိုထိခိုက်နိုင်သည့်အတွက် ဖုန်းကို သန့်ရှင်းရန်လေဖိအားကို အသုံးမပြုပါနှင့်။
• သင့်ဖုန်းကိုသန့်ရှင်းရာတွင် ဘယ်သောအခါမှ အစွန်းချွတ်ဆေးကိုမသုံးပါနှင့်။
• ယခုလမ်းညွှန်သည် အထူးသဖြင့် Galaxy ဖုန်းများ ၊ Galaxy တက်ဘလက်များနှင့် Galaxy နာရီများ(လက်ပတ်ဖြုတ်ထားစဉ်)တို့အတွက် သန့်ရှင်းရေးနည်းစနစ်များဖြစ်ပါသည်။ Galaxy နားကြပ်သို့မဟုတ် ကီးဘုတ်ကဲ့သို့ အထက်တွင်မပါသည့် ထုတ်ကုန်များအတွက် သန့်ရှင်းရေးနည်းလမ်းများ ကွဲပြားနိုင်သည်ကို သတိပြုပါ။
• ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ