သင့် Samsung Galaxy စက်ပစ္စည်းကိုသန့်ရှင်းနည်း
ယနေ့ခေတ် hyper-connected ကမ္ဘာကြီးတွင် စမတ်စက်ပစ္စည်းများသည် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်ဘဝ၊ အမှတ်တရများနှင့် နေ့စဥ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ကိရိယာများဖြစ်လာသည်။ အဆက်မပြတ်အသုံးပြုခြင်းနှင့် သယ်ဆောင်ရလွယ်ကူခြင်းတို့ကြောင့် ဤအိတ်ဆောင်အရွယ်အစားရှိသော စက်ပစ္စည်းများသည် အညစ်အကြေးများ၊ အစွန်းအထင်းများနှင့် ပိုးမွှားများ စုပုံလာနိုင်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် သင့် Samsung Galaxy စက်ပစ္စည်းကို ပုံမှန်သန့်ရှင်းရေးလုပ်ခြင်းသည် အမြော်အမြင်ရှိရာရောက်ပါသည်။
မှတ်ချက်- အောက်ဖော်ပြပါ သန့်ရှင်းရေးနည်းလမ်းများကို ဖုန်းများ၊ တက်ဘလက်များနှင့် နာရီများအတွက် အသုံးပြုနိုင်ပါသည်။ Galaxy Buds ကဲ့သို့သော အခြားထုတ်ကုန်များသည် မတူညီသော နည်းလမ်းတစ်ခု လိုအပ်နိုင်သည်။
သင့် Galaxy စက်ပစ္စည်းကို သန့်ရှင်းပါ
Samsung ထုတ်ကုန်များနှင့်ပတ်သက်သော အရာအားလုံးကို အသုံးပြုရလွယ်ကူစေခြင်းသည် ဒီဇိုင်းတိုင်း၏ဗဟိုချက်ဖြစ်သည်။ ထို့ကြောင့် သင့် Galaxy စက်ပစ္စည်းကို သန့်ရှင်းရေးလုပ်သည့် လုပ်ငန်းစဉ်သည် ထပ်တူထပ်မျှ ရိုးရှင်းပြီး အားစိုက်စရာမလိုသည်မှာ သဘာဝကျပါသည်။
အဆင့် ၁။ သင့်စက်ပစ္စည်း၏ပါဝါကိုပိတ်ပြီးနောက် ကာဗာရှိပါက ဖယ်ရှားလိုက်ပါ။ သင့်စက်ပစ္စည်းသည် နာရီဖြစ်ပါက လက်ပတ်ကို ဖယ်ရှားပါ။
အဆင့် ၂။ ချည်စချည်နမပါသော မိုက်ခရိုဖိုက်ဘာအ၀တ်ဖြင့် သင့်စက်ပစ္စည်း၏ ရှေ့နှင့်နောက်ကို သင့်တော်သောဖိအားကို အသုံးပြု၍ သုတ်ပါ။
မှတ်ချက်- လိုအပ်ပါက အထည်၏အစွန်းကို ပေါင်းခံရေဖြင့် စွတ်နိုင်သော်လည်း စက်ပစ္စည်းအတွင်းရှိ မည်သည့်အပေါက်ကိုမှ ရေမဝင်စေရန် သတိထားပါ။
အကြံပြုချက်များနှင့် ကြိုတင်ကာကွယ်မှုများ
သန့်ရှင်းရေးလုပ်ငန်းစဉ်သည် အတော်အတန်ရိုးရှင်းသော်လည်း အချို့သောအခြေအနေများတွင် ဖြစ်ပေါ်လာနိုင်သည့် မေးခွန်းများ သို့မဟုတ် အခြေအနေများ ရှိပါသေးသည်။
- စက်အား အစိုဓာတ်လွန်ကဲအောင် မထားပါနှင့် သို့မဟုတ် ပေါင်းခံရေနှင့် သန့်စင်မှုဆိုင်ရာအရည်များ တွင် မြှုပ်မထားပါ။
- အရက်နှင့် အချိန်အကြာကြီး မကြာခဏ ထိတွေ့ခြင်းသည် ရေခံနိုင်ရည်ကို ထိခိုက်စေနိုင်သည်။
- စက်ပစ္စည်းတွင် ပိုးသတ်ဆေးကိုတိုက်ရိုက်အသုံးပြုခြင်း မလုပ်ပါနှင့်။
- အရောင်ချွတ်ဆေးကို ဘယ်တော့မှ မသုံးပါနဲ့
- မျက်နှာပြင်ကို ပျက်စီးစေသောကြောင့် ဖိသိပ်ထားသောလေကို မသုံးပါနှင့်။
- အလှကုန်ကဲ့သို့ ဖယ်ရှားရန် ခက်ခဲသည့် အရာများကို ဖယ်ရှားရန် ပေါင်းခံရေအစား အရက်ကို အခြေခံသော အရည်သို့မဟုတ် ပိုးသတ်ဆေး အနည်းငယ်ကို အသုံးပြုနိုင်သည်။
* အရက်ကို အခြေခံသော အရည်များသည် isopropyl alcohol သို့မဟုတ် ethyl alcohol ၇၀% (သို့မဟုတ် ပိုများသော) ပါဝင်သင့်သည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content : This text is only displayed on the editor page