Galaxy S23 ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.03.2023

Galaxy S23 စီးရီးများတွင် AP အသစ်ဖြစ်သည့် Qualcomm ၏ Snapdragon 8 ဒုတိယမျိုးဆက်ကို တပ်ဆင်ထားပြီး ယခင်မော်ဒယ်များနှင့် နှိုင်းယှဉ်ပါက CPU / GPU စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ထားသည်။ ထို့ပြင် ၎င်းတွင် ထိရောက်သော အပူလွင့်ပြယ်မှုဖြင့် အကောင်းဆုံးဂိမ်းကစားနိုင်စေရန် အငွေ့ခန်းအအေးပေးစနစ်ကို တပ်ဆင်ထားသည်။

Galaxy အသုံးပြုသူက ဂိမ်းကစားနေသည့်ပုံ။

စွမ်းဆောင်ရည်များစွာလိုအပ်သော အမြင့်ပိုင်းဂိမ်းများကို ကစားသည့်အခါ ပိုကောင်းသော ဂိမ်းစွမ်းဆောင်ရည် ရရှိစေရန် ဂိမ်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှု လုပ်ဆောင်ချက်ကို ဖွင့်ပါ။

သတိပြုရန်- ဂိမ်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုကို ဖွင့်ပါက ဂိမ်းကစားနေစဉ်တွင် ပိုပူလာခြင်း သို့မဟုတ် ဘက်ထရီအကုန်မြန်ခြင်း ဖြစ်နိုင်သည်။

ဂိမ်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှုကို စနစ်သတ်မှတ်နည်း

  • ဂိမ်းလောင်ချာအက်ပ်မှတစ်ဆင့် စနစ်သတ်မှတ်နည်း
ဂိမ်းလောင်ချာအက်ပ် အိုင်ကွန်ပုံ။ ဂိမ်းလောင်ချာအက်ပ် အိုင်ကွန်ပုံ။

အဆင့် 1။ “ဂိမ်းလောင်ချာအက်ပ်” ကိုဖွင့်ပါ။

နောက်ထပ်ရွေးချယ်စရာ အိုင်ကွန်ပုံ။  နောက်ထပ်ရွေးချယ်စရာ အိုင်ကွန်ပုံ။

အဆင့် 2။ နောက်ထပ်ရွေးချယ်စရာများ အိုင်ကွန်ကို နှိပ်ပါ။

Game Booster ရွေးချယ်စရာပုံ။  Game Booster ရွေးချယ်စရာပုံ။

အဆင့် 3။ “Game Booster” ကိုနှိပ်ပါ။

Game booster ဆက်တင်ရှိ Labs ရွေးချယ်စရာပုံ။  Game booster ဆက်တင်ရှိ Labs ရွေးချယ်စရာပုံ။

အဆင့် 4။ “Labs” ကိုနှိပ်ပါ။

နောက်တစ်နည်းဖြင့် ဂိမ်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှု ရွေးချယ်စရာပုံ။  နောက်တစ်နည်းဖြင့် ဂိမ်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှု ရွေးချယ်စရာပုံ။

အဆင့် 5။ “နောက်တစ်နည်းဖြင့် ဂိမ်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှု” ကိုနှိပ်ပါ။

  • ဂိမ်းစခရင်တွင် သတ်မှတ်နည်း
စခရင်တွင် ဘယ်ဘက်သို့ပွတ်ဆွဲပုံပါသည့် ဂိမ်းပုံ။  စခရင်တွင် ဘယ်ဘက်သို့ပွတ်ဆွဲပုံပါသည့် ဂိမ်းပုံ။

အဆင့် 1။ ဂိမ်းကိုဖွင့်ပြီး စခရင်တွင် ဘယ်ဘက်သို့ပွတ်ဆွဲ ပါ။

ဂိမ်းလောင်ချာအိုင်ကွန်ကို ဖော်ပြထားသည့်ပုံ။  ဂိမ်းလောင်ချာအိုင်ကွန်ကို ဖော်ပြထားသည့်ပုံ။

အဆင့် 2။ ဂိမ်းလောင်ချာ အိုင်ကွန်ကို နှိပ်ပါ။

ဂိမ်းလောင်ချာဆက်တင် အိုင်ကွန်ပုံ။ ဂိမ်းလောင်ချာဆက်တင် အိုင်ကွန်ပုံ။

အဆင့် 3။ ဆက်တင် အိုင်ကွန်ကို နှိပ်ပါ။

Game booster ဆက်တင်ရှိ Labs ရွေးချယ်စရာပုံ။  Game booster ဆက်တင်ရှိ Labs ရွေးချယ်စရာပုံ။

အဆင့် 4။ “Labs” ကိုနှိပ်ပါ။

နောက်တစ်နည်းဖြင့် ဂိမ်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှု ရွေးချယ်စရာပုံ။  နောက်တစ်နည်းဖြင့် ဂိမ်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှု ရွေးချယ်စရာပုံ။

အဆင့် 5။ “နောက်တစ်နည်းဖြင့် ဂိမ်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှု” ကိုနှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ