Samsung Galaxy S22 စီးရီးများတွင် nano-SIM ကဒ်နှင့် eSIM ထည့်သွင်းနည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 04.03.2022

SIM ကဒ်များသည် သင့် Galaxy ဖုန်း၏အရေးပါသည့်အစိတ်အပိုင်းဖြစ်သည်။ Sim ကဒ်မရှိပါက ဘာမှလုပ်ဆောင်၍ရနိုင်မည်မဟုတ်ပါ။ သင့်အနေဖြင့် ဖုန်းတလုံးတွင် နံပါတ် ၂ ခုသုံးရန်လိုအပ်လာသည့်အခါမျိုးတွင် SIM ကဒ်သို့မဟုတ် eSIM ထည့်သွင်းနည်းကို သိရှိထားရန်အရေးကြီးပါသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

nano-SIM နှင့် eSIM ဆိုတာဘာလဲ။

SIM ကဒ်များသည် သင့် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ၏ မိုဘိုင်းဒေတာကွန်ရက်ကို ဝင်ရောက်ခွင့်ပေးနိုင်ပြီး ထိုမှသာ သင့်အနေဖြင့် ဖုန်းခေါ်ဆိုခြင်း ၊ မက်ဆေ့ချ်ပို့ခြင်းနှင့် အခြားအရာများကိုပါ လုပ်နိုင်မည်ဖြစ်သည်။ ဖုန်းတလုံးတည်းတွင် ဖုန်းနံပါတ်သို့မဟုတ် ဝန်ဆောင်မှုတခုထက်ပို၍ ထားရှိရန်အတွက် eSIM ကိုအသက်သွင်းခြင်း သို့မဟုတ် SIM ကဒ် ၂ ခု ထည့်သွင်းခြင်းတို့ လုပ်နိုင်ပါသည်။

ကိုင်တွယ်နိုင်သည့် nano-SIM ကဒ်နှင့်ကွာခြားသည်မှာ eSIM သည် ထည့်သွင်းထားသည့် ဒစ်ဂျစ်တယ် SIM တခုဖြစ်သည်။ nano-SIM ကဒ်နှင့် eSIM တို့ကို တပြိုင်တည်းအသုံးပြုခြင်းသည့် အချို့ဧရိယာများတွင် ဒေတာလွှဲပြောင်းမှုနှေးခြင်းကိုဖြစ်စေနိုင်ကြောင်း ကျေးဇူးပြု၍သတိပြုပေးပါ။

SIM ကဒ် ခွဲခြားပြမှု ၂ SIM ကဒ် ခွဲခြားပြမှု ၂

Nano-SIM

SIM card ခွဲခြားပြမှု ၃ SIM card ခွဲခြားပြမှု ၃

eSIM

  • Dual SIM ခွဲခြားပြထားမှု - SIM1(ပြင်ပ SIM) + SIM2(ပြင်ပ SIM သို့မဟုတ် eSIM)

dual SIM ကဒ်အံခွက်ထဲသို့ သေချာထည့်ပါ။

SIM ကဒ်သေချာမထည့်ပါက သင့်ဖုန်းသည် SIM ကဒ်ကို အသိအမှတ်ပြုမည်မဟုတ်ပါ။ သင့် SIM ကဒ်သည် ရွှေရောင်ထိတွေ့မှုမျက်နှာပြင်ရှိသည့် အံခွက်ထဲတွင်ရှိနေပြီး အပေါ်သို့မျက်နှာမူနေ၍ သေချာစွာတပ်ထားခြင်းရှိမရှိစစ်ဆေးပါ။

Galaxy S22 စီးရီးဖုန်းများသည် ရွှေရောင်ထိတွေ့မှုမျက်နှာပြင်အား အပြင်ဘက်များသို့ မျက်နှာမူထားသည့်ဒီဇိုင်းဖြင့် SIM ကဒ်များကို ၂ကဒ်သုံးနိုင်ရန် အထောက်အပံ့ပေးထားသည့် SIM ကဒ်အံခွက်၏ အရှေ့နှင့် အနောက် ၂ မျိုးလုံးတွင် ထားနိုင်ပါသည်။

SIM ကဒ်အံခွက် ၁ SIM ကဒ်အံခွက် ၁

SIM1 (အရှေ့ခြမ်း)

SIM ကဒ်အံခွက် ၂ SIM ကဒ်အံခွက် ၂

SIM2 (အနောက်ခြမ်း)

SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၁ SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၁

အဆင့် ၁။ အံခွက်အားထုတ်ရန် အံခွက်ဘေးရှိအပေါက်ထဲသို့ ထုတ်သည့်ပင်ကို ထည့်ပါ။

SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၂ SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၂

အဆင့် ၂။ အံခွက်ထည့်သည့်နေရာမှ အံခွက်ကိုညင်သာစွာထုတ်ပါ။

SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၃ SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၃

အဆင့် ၃။ SIM သို့မဟုတ် USIM ကဒ်အား အံခွက်ပေါ်တွင် ရွှေရောင်ထိတွေ့မှုမျက်နှာပြင်ကို အပြင်ဘက်သို့မျက်နာမူ၍ သေချာစေရန် အံခွက်ထဲသို့ SIM သို့မဟုတ် USIM ကို အသာအယာဖိပေးပါ။

SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၄ SIM ကဒ်ထည့်သွင်းခြင်း အဆင့် ၄

အဆင့် ၄။ အံခွက်အား အံခွက်ထည့်သည့်နေရာသို့ပြန်ထည့်ပါ။

မှတ်ချက် -

  • SIM ကဒ်အား အံခွက်ပေါ်ရှိနေရာတွင်သေချာမထည့်ထားပါက အံခွက်အားပြန်ထည့်သည့်အချိန်တွင် အလုပ်မလုပ်ခြင်း သို့မဟုတ် SIM ကဒ်အား အသိအမှတ်မပြုခြင်းတို့ဖြစ်နိုင်ပါသည်။
  • nano-SIM ကဒ်ကိုသာ သုံးပါ။
  • ထုတ်သည့်ပင်ကို အပေါက်ထဲသို့မှန်ကန်စွာထိုးထည့်ကြောင်းသေချာပါစေ။ သို့မဟုတ်ပါက ဖုန်းထိခိုက်နိုင်ပါသည်။
  • ကဒ်သည် အံခွက်တွင် အံကိုက်တပ်ဆင်ထားခြင်းမရှိပါက SIM ကဒ်သည် အံခွက်ထဲမှ ထွက်ကျနိုင်ပါသည်။
  • အကယ်၍ အံခွက်စိုစွတ်နေစဉ်အတွင်း အံခွက်ကိုထည့်ပါက သင်၏စက်ပျက်စီးသွားနိုင်သည်။ အမြဲတမ်း အံခွက်သည် ခြောက်သွေ့နေကြောင်းသေချာပါစေ။
  • သင်၏ စက်ထဲသို့ အရည်ဝင်ရောက်ခြင်းကိုကာကွယ်ရန် အံခွက်ကို အံခွက်ကဒ်ထဲသို့အပြည့်အဝထည့်ပါ။

သင့် Galaxy S22 စီးရီးဖုန်းများသည် SIM ကဒ်ကဲ့သို့လုပ်ဆောင်နိုင်သည့် eSIM ပါရှိပါသည်။ သင်သည် eSIM အသက်သွင်းပြီးသည့်နောက် သို့မဟုတ် nano-SIM ထည့်သွင်းပြီးသည့်နောက်တွင် မိုဘိုင်းကွန်ရက်ကို အသုံးပြုနိုင်ပါသည်။ eSIM အသက်သွင်းရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

eSIM အသက်သွင်းခြင်း အဆင့် ၁။ eSIM အသက်သွင်းခြင်း အဆင့် ၁။

အဆင့် ၁။ သတ်မှတ်ချက်များ အက်ပ်ကိုဖွင့်၍ ချိတ်ဆက်မှုများ ကိုနှိပ်ပါ။

eSIM အသက်သွင်းခြင်း အဆင့် ၂။ eSIM အသက်သွင်းခြင်း အဆင့် ၂။

အဆင့် ၂။ SIM ကဒ်စီမံခန့်ခွဲမှု ကိုနှိပ်ပါ။

eSIM အသက်သွင်းခြင်း အဆင့် ၃။ eSIM အသက်သွင်းခြင်း အဆင့် ၃။

အဆင့် ၃။ မိုဘိုင်းအစီအစဉ်ထည့်သွင်းမည် ကိုရွေးပါ။

eSIM အသက်သွင်းခြင်း အဆင့် ၄။ eSIM အသက်သွင်းခြင်း အဆင့် ၄။

အဆင့် ၄။ မိုဘိုင်းအစီအစဉ်တခုတွေ့ပါက eSIM အသက်သွင်းရန် စခရင်တွင်ပေါ်လာသည့်လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

သင့်တွင် ဝန်ဆောင်မှုပေးသူထံမှ QR ကုဒ်ရှိပါက သတ်မှတ်ချက်များ အက်ပ်ကိုဖွင့်ပါ။ ချိတ်ဆက်မှုများ ဆင်းမ်ကဒ်စီမံခန့်ခွဲမှု > မိုဘိုင်းအစီအစဉ်ထည့်သွင်းမည် > QR ကုဒ်အားစကန်ဖတ်မည် ကိုနှိပ်၍ QR အား စကန်ဖတ်ပါ။

မှတ်ချက် -

  • eSIM သည် ကြိုးမဲ့ဝန်ဆောင်မှုအစီအစဉ်တခုလိုအပ်ပြီး သင့်အား nano-SIM အသုံးမပြုရစေဘဲ မိုဘိုင်းကွန်ယက်အစီအစဉ်တခုကို အသက်သွင်းပေးနိုင်ပါသည်။
  • eSIM အသုံးပြုခြင်းကို ဒေသ၊ ဝန်ဆောင်မှုပေးသူ သို့မဟုတ် မော်ဒယ်အလိုက် မရရှိနိုင်ပါ။

သင်သည် SIM ကဒ်သတ်မှတ်ချက်များကို စိတ်ကြိုက်စီမံခြင်းနှင့် SIM ကဒ်များကို အသက်သွင်းခြင်း သို့မဟုတ် ရပ်ဆိုင်းထားခြင်းတို့ကို SIM ကဒ်စီမံခန့်ခွဲခြင်းမီနူးတွင်လုပ်ဆောင်နိုင်ပါသည်။ သတ်မှတ်ချက်များ အက်ပ်ကို ဖွင့်၍ ချိတ်ဆက်မှုများ > SIM ကဒ်စီမံခန့်ခွဲမှု ကိုနှိပ်ပါ။

  • SIM cards: သင်အသုံးပြုလိုသည့် SIM ကဒ်ကိုအသက်သွင်း၍ SIM ကဒ်သတ်မှတ်ချက်များကို စိတ်ကြိုက်စီမံခြင်း။
  • eSIMs: eSIM အသက်သွင်းရန်။
  • ဦးစားပေး SIM ကဒ်: ကဒ်နှစ်ကဒ် အသက်သွင်းထားချိန်တွင် ဖုန်းခေါ်ဆိုမှုကဲ့သို့ လုပ်ဆောင်ချက်များကိုအသုံးပြူရန် သင့်စိတ်ကြိုက် SIM ကဒ်ကို သတ်မှတ်ခြင်း။
  • အလိုအလျောက် ဒေတာပြောင်းလဲမှု: ဦးစားပေး SIM ကဒ်မှ ကွန်ရက်မချိတ်ဆက်နိုင်သည့်အခါတွင် ဒေတာဝန်ဆောင်မှုအတွက် အခြား SIM ့ဒ်ကို အသုံးပြုရန် ဖုန်းအားသတ်မှတ်ခြင်း။
  • နောက်ထပ် SIM ကဒ်သတ်မှတ်ချက်များ: ဖုန်းခေါ်ဆိုမှု သို့မဟုတ် eSIM သတ်မှတ်ချက်များကို စိတ်ကြိုက်စီမံခြင်း။

မှတ်ချက် -

  • ကွန်ရက်ချိတ်ဆက်မှုလိုအပ်သည့် အချို့ဝန်ဆောင်မှုများသည် ဝန်ဆောင်မှုပေးသူအပေါ်မူတည်၍ မရရှိနိုင်ပါ။
  • ဖုန်းစခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ