Galaxy S22 AI ကင်မရာကို အသုံးပြုပြီး

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.05.2022

အမှတ်ရစရာ ခိုက်အတန့်များကို ကင်မရာဖြင့် မည်မျှပင် အလျင်အမြန် အမိအရရိုက်ယူဖို့ ကြိုးစားသော်လည်း မြင်ကွင်းတစ်ခုလုံးကို အပြည့်အဝ မရလိုက်ခြင်းမျိုးများ ရှိနိုင်ပါသည်။ Galaxy S20 စီးရီးတွင် စတင်မိတ်ဆက်ပေးခဲ့သော Single Take လုပ်ဆောင်ချက်သည် တချိန်တည်းတွင် ဓာတ်ပုံနှင့် ဗီဒီယို အရေအတွက် အများအပြားကို တစ်ခါတည်း ရိုက်ယူရန် AI နည်းပညာကို အသုံးပြုထားသည်။ ဤလုပ်ဆောင်ချက်မှာ အမှတ်ရဖွယ်အခိုက်အတန့်များကို အမိအရ မှတ်တမ်းတင်ရန် ခလုပ်ကို မြန်မြန် မနှိပ်နိုင်သည့်အခါတွင် ယင်းအမှတ်ရစရာ အခိုက်အတန့်များကို ဖမ်းယူနိုင်ရန်ဖြစ်ပါသည်။

ပိုမိုကောင်းမွန်သော AI လုပ်ဆောင်ချက်ဖြင့် Galaxy S22 ၏ Single Take သည် မည်မျှတိုးတက်ပြောင်းလဲလာသနည်း။ AI နည်းပညာဖြင့် စွမ်းဆောင်ရည်မြှင့်တင်ထားသော Galaxy S22 ၏ Single Take လုပ်ဆောင်ချက် မည်မျှ တိုးတက်ခဲ့ပြီနည်း။

Galaxy S 22 ၏ Single Take ဖြင့် ရိုက်ယူထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို အနီးကပ်ကြည့်ကြည့်ကြပါစို့။
လူများကို ရိုက်ကူးထားသည့် ပုံအမျိုးမျိုး

ပိုမိုထက်မြက်ပြီး စွမ်းအားကောင်းလာသော AI နည်းပညာကို အခြေခံကာ Galaxy S22၏ Single Take သည် မျက်စေ့တစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည့် တန်ဖိုးရှိ အခိုက်အတန့်ကလေးများကို လက်လွတ်မသွားအောင် ကူညီပေးပါသည်။ ဤလုပ်ဆောင်မှုသည် စက္ကန့် ၂၀ ကြာ ဗီဒီယို ရိုက်ကူးပေးပြီး တစ်ချိန်တည်းမှာပင် တစ်စက္ကန့်လျှင် ၁၀ ပုံနှုန်းဖြင့် ဓာတ်ပုံ ရိုက်ထားပေးပါသည်။

ရိုက်ကူးပြီးနောက်တွင် AI သည် အကောင်းဆုံး ဓာတ်ပုံများနှင့် ဗီဒီယိုများကို ထုတ်ပြပေးရန်အတွက် အထူးပြုလုပ်ချက်များကို ပေါင်းထည့်ပေးပါသည်။ ဓာတ်ပုံ ၁၀ ပုံနှင့် ဗီဒီယို လေးခုအထိ အချိန်နှင့် တပြေးညီ ရိုက်ကူး ထုတ်လုပ်ပေးပါသည်။

  • ဓာတ်ပုံများ ရိုက်ရာတွင် ရိုက်ကူးမှု ရလဒ်များကို ခွဲခြိမ်းစိတ်ဖြာပြီး ဓာတ်ပုံ၏ အားသာချက်များ မြှင့်တင်ပေးရန် ပြင်ဆင်မှုများ သို့မဟုတ် အထူးပြုလုပ်ချက်များကို ထည့်သွင်းပေးပါသည်။ ဓာတ်ပုံက လူသို့မဟုတ် အိမ်မွေး တိရိစ္ဆာန်ဖြစ်နေလျှင် ဓာတ်ပုံ၏ အဓိကဇာတ်ကောင်ကို ဖော်ကျူးပေးနိုင်ရန် “Portrait mode” ကို အသုံးပြုပေးပါသည်။ လှုပ်ရှားသက်ဝင်သည့် မြင်ကွင်း သို့မဟုတ် တန်ဖိုးကြီးမြင်ကွင်းကို ရိုက်နေသည်ဆိုလျှင် ဓာတ်ပုံ၏ အထင်ပေါ်ဆုံး အစိတ်အပိုင်းများကို အထူးဖော်ပြရန် “Smart Crop” ကို အသုံးပြုနိုင်သည်။ သို့မဟုတ် အရောင်နှင့် အလင်းအမှောင်ကို ချိန်ညှိပေးရန် အမျိုးမျိုးသော AI filter များကို အသုံးပြုနိုင်ပါသည်။
  • ဗီဒီယိုများ ရိုက်ကူးရာတွင် မြင်ကွင်းထဲရှိ လှုပ်ရှားမှုများနှင့် နောက်ခံအကြောင်းအရာများကို AI က ခွဲခြမ်းစိတ်ဖြာပေးပါသည်။ ပထမဦးစွာ အထူးဖော်ပြလိုသည့် အပိုင်းသို့ အမြန် (၃ဆ) သို့မဟုတ် အနှေးပြကွက် ထည့်ထားသော အနှေးဗီဒီယိုကို ဖန်တီးထားပါသည်။ ထို့နောက် ဗီဒီယိုအပေါ်မူတည်ကာ Boomerang၊ Reverse၊ Highlight ဗီဒီယို စသည့်တို့ကဲ့သော ထူးခြားသည့် ဗီဒီယိုကို ဖန်တီးထားပါသည်။
ကင်မရာတွင် ပါဝင်သော Single Take ရွေးချယ်စရာ။

မတူညီသော မြင်ကွင်းများကို တစ်ခါရိုက်ရုံဖြင့် ဖမ်းမိရန် အရေးကြီးပါသည်။ သို့သော် ထိုကဲ့သို့ ရိုက်ကူးထားသည်များထဲမှ အကောင်းဆုံး အခိုက်အတန့်ကလေးများကို လျင်မြန် စွာရွေးချယ်နိုင်စွမ်းသည်လည်း အရေးကြီးပါသည်။ Single Take လုပ်ဆောင်ချက်သည် ဓာတ်ပုံများကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာရန်နှင့် ရွေးချယ်နိုင်ရန် deep learning နှင့် ကွန်ပျူတာမြင်ကွင်း နည်းပညာများကို အခြေခံထားသည့် အမျိုးမျိုးသော AI အင်ဂျင်များကို အသုံးပြုပါသည်။

 

Single Take လုပ်ဆောင်ချက်က အသုံးပြုနိုင်သည့် အင်ဂျင်အမျိုးအစားများစွာ ရှိပါသည်။ ပထမဦးစွာ အလှအပ ဉာဏ်ရည်တု အင်ဂျင်သည် ကျွမ်းကျင်သူများက ရွေးချယ်ပေးထားသည့် ဓာတ်ပုံပေါင်း ၃၀o,၀၀၀ ကို လေ့လာကာ ပြတ်သားမှု၊ ဓာတ်ပုံ အရည်အသွေးနှင့် မျက်နှာပေးအမူယာကဲ့သို့သော ဓာတ်ပုံ၏ အလှအပများကို အကဲဖြတ်ပါသည်။ ဥပမာအားဖြင့် လူပုံတစ်ပုံ ရိုက်သည့်အခါ AI သည် မျက်စေ့မှိတ်ထားသော သို့မဟုတ် ခေါင်းငုံ့ထားသော ဓာတ်ပုံများအစား ပြုံးရယ်နေသော ဓာတ်ပုံကို ရွေးချယ်ပေးသည်။ အကောင်းဆုံး ဓာတ်ပုံများကို ရွေးချယ်ပြီးသည့်အခါ AI သည် မည်သည့် filters နှင့် အထူးပြုလုပ်ချက်များကို ထည့်သွင်းပေးရမည်ကို ဆုံးဖြတ်နိုင်ရန် deep learning နည်းပညာကိုပင် အသုံးပြုကာ သင်၏ ဓာတ်ပုံများတွင် လူကြိုက်များသော filters များ ထည့်သွင်းပေးပါသည်။

 

ဓာတ်ပုံတစ်ပုံ၏ ပြည့်စုံမှုကို သတ်မှတ်ပေးသည့် အချက်များအနက် တစ်ခုမှာ ဓာတ်ပုံဖွဲ့စည်းမှုဖြစ်ပါသည်။ Angle Evaluation (ရှုထောင့်အကဲဖြတ်မှု) အင်ဂျင်သည် ဓာတ်ပုံပေါင်း သန်း ၁၀၀ ခန့်၏ အချက်အလက်များကို အခြေခံကာ အကောင်းဆုံး ဓာတ်ပုံဖွဲ့စည်းမှုကို လေ့လာလျက် ရိုက်ကူးထားသော ဓာတ်ပုံကို မြင်ကွင်း ဖြတ်ပေးပါသည်။ နောက်ဆုံးအချက်အနေဖြင့် လူပုံများနှင့် အိမ်မွေးတိရစ္ဆာန်ပုံများရိုက်ကူးသည့်အခါ portrait mode ကို အလိုအလျောက် အသုံးပြုပေးပါသည်။ အဆိုပါ portrait mode သည် ဓာတ်ပုံပါ လူ၊ တိရစ္ဆာန်ကို နောက်ခံနှင့် ခွဲခြားရန် AI ကို အသုံးပြုပါသည်။ တချိန်တည်းမှာပင် ဝါးသည့် အထူးပြုလုပ်ချက်ကဲ့သို့သော ဓာတ်ပုံ နောက်ခံနှင့် ပတ်သက်သည့် အထူးပြုလုပ်ချက်များကို ထည့်သွင်းပေးပါသည်။

S22 တွင် တွေ့ရသော အစမ်းကြည့်မြင်ကွင်း.

ဓာတ်ပုံနှင့် filter ရွေးချယ်ခြင်းအပြင် Single Take လုပ်ဆောင်ချက်သည် အမျိုးမျိုးသော AI အင်ဂျင်များကို အသုံးပြုလျက် များပြားသော တည်းဖြတ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လျင်မြန် ထိရောက်စွာ လုပ်ဆောင်ပေးပါသည်။ “Capture Intellignet” (ရိုက်ကူးမှုသိ ဉာဏ်ရည်) သည် အလင်းရောင်ရရှိမှု အနေအထားအပေါ် မူတည်ကာ မြန်နှုန်းမြင့် ရိုက်ကူးမှုများကို အသုံးပြုပြီး အခြေအနေကို လိုက်ကာ အကောင်းဆုံး ရိုက်ကူးမှုများ ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးပါသည်။ ထို့အပြင် ‘person recognition intelligence’ (လူကို သိရှိမှု ဉာဏ်ရည်) လုပ်ဆောင်ချက်သည် လူ၏ မျက်နှာအမူအရာ၊ ခန္ဓာကိုယ်အနေအထားနှင့် ခေါင်းအနေအထားတို့ကို ခွဲခြမ်းစိတ်ဖြာကာ နောက်ခံနှင့် ခွဲခြားလျက် လူကို ထင်းနေအောင် လုပ်ဆောင်ပေးပါသည်။ ဗီဒီယို ရိုက်ကူးရာတွင် ‘Motion Intelligence’ (လှုပ်ရှားမှုသိ ဉာဏ်ရည်) ကိုလည်း အသုံးပြပါသည်။ ယင်းလုပ်ဆောင်မှုသည် ဗီဒီယိုထဲက လှုပ်ရှားမှုများတွင် အကောင်းဆုံးသော အခိုက်အတန့်များကို ရှာဖွေပေးပါသည်။

Single Take ကို အသုံးပြုလျက် ဖန်တီးထားသည့် ဗီဒီယို တည်းဖြတ်မှုအမျိုးမျိုး

Single Take ဖြင့် ရိုက်ကူးသော ဗီဒီယို ရိုက်ကူးမှုသည် scene intelligence (မြင်ကွင်းသိ ဉာဏ်ရည်)၊ capture intelligence (ရိုက်ကူးမှု ဉာဏ်ရည်)၊ motion intelligence (လှုပ်ရှားမှုသိ ဉာဏ်ရည်)၊ person recognition (လူကို သိရှိမှု ဉာဏ်ရည်) နှင့် intelligence select (ရွေးချယ်မှုဉာဏ်ရည်)တို့ကို အသုံးချကာ သင်၏ ဗီဒီယိုများထဲမှ အကောင်းဆုံးသော ဓာတ်ပုံများနှင့် အခိုက်အတန့်များကို စုဆောင်းပေးပါသည်။ ရိုက်ကူးပြီးနောက် ရွေးချယ်ထားသော မြင်ကွင်းထဲတါင် filters များ၊ ဗီဒီယို အကူးအပြောင်းများနှင့် BGM တို့ကို ထည့်သွင်းသည့်အခါ အခြား ပလက်ဖောင်းများတွင် ချက်ချင်း ပြန်လည်မျှဝေနိုင်သော ဗီဒီယိုများကို ဖန်တီးပေးပါသည်။ လှုပ်ရှားမှုအများအပြားပါသော မြင်ကွင်းများကို လှုပ်ရှားမှုသိဉာဏ်ရည်က ခွဲခြမ်းစိတ်ဖြာပေးကာ အနှေးပြကွက် ဗီဒီယို၊ boomerang သို့မဟုတ် ပြန်ရစ်အထူးပြု်လုပ်ချက်များနှင့် အထူးအခိုက်အတန့်ကလေးများကို အထူးပြသပေးပါသည်။

တစ်နေ့ရာတည်းတွင် အကြာကြီးမနေနိုင်သော်လည်း မနက်မှ ညအထိ ပြသော ၂၄ နာရီ အချိန်မြန်ဗီဒီယိုကို ဖန်တီးလိုသောအခါ၊ ဓာတ်ပုံ တစ်ပုံတည်းတွင် ပြသလိုသောအခါတွင် အသုံးဝင်သော လုပ်ဆောင်ချက်များရှိပါသည်။

Network GANသည်တူညီသော မြင်ကွင်း တစ်ခုတည်းတွင်ပင် နေထွက်၊ နေဝင် သို့မဟုတ် ကြားကာလ တစ်ခုခုက အချိန်က အလင်းရောင်ဖြင့် ချိန်ညှိထားသော ဓာတ်ပုံများကို ဖန်တီးပေးပါသည်။ အဆိုပါ ဓာတ်ပုံများကို ဆက်လိုက်ပြီး ဗီဒီယိုအဖြစ် ထုတ်လိုက်ပါက ၁၂ စက္ကန့်ကြာ အချိန်မြန်ဗီဒီယိုကို ရရှိမည်ဖြစ်သည်။

AI သည် ဓာတ်ပုံတစ်ပုံအတွင်းရှိ ကောင်းကင်၊ တိမ်တိုက်၊ ရေ၊ သစ်ပင်နှင့် အဆောက်အအုံများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အနားသတ်များ၊ ပုံသဏ္ဍာများကို ဖော်ကျူးရန် သဘာဝကျကျ ပြန်ပြင်ပေးပါသည်။ သို့မဟုတ် ကောင်းကင်ပြာပြာမှသည် ရင်သပ်ရှုမောဖွယ် ညနေချမ်းအချိန်အထိ တစ်နေ့တာကုန်လုပ်မှုပါဝင်သော ရလဒ်များကို ဖန်တီးလျက် အချိန်ယန္တယား၏ ကုန်လွန်မှုကို ဖော်ပြပေးသော ၂၄နာရီ အချိန်မြန် ဗီဒီယိုကို ဖန်တီးနိုင်ပါသည်။

ရိုက်ကူးမှုအပြင်အဆင်စာရင်းကိုလည်း ပိုမို ထိုးထွင်းသိနိုင်သည့် အနေအထားထိ တိုးမြှင့်ထားပြီး လိုချင်သောအရာကို ပိုမို လွယ်ကူစွာ ရွေးချယ်နိုင်ပါသည်။ သင်မလိုချင်သောအရာများ မဖန်တီးစေရန် အိုင်ကွန်ပုံကို ဖျောက်ထားပေးသည့် မလိုအပ်သောအရာများကို စစ်ပေးသော ရွေးချယ်စရာ တစ်ခုလည်း ရှိပါသည်။

Single Take အပြင်အဆင်စာရင်း မျက်နှာပြင်။

လှုပ်ရှားမှုမရှိဘဲ အလင်းရောင်ရှိသော နေရာတွင် ရိုက်ကူးနေသည်ဆိုလျှင် ဗီဒီယို၊ ဓာတ်ပုံများ ပိုမို ဖန်တီးပါလိမ့်မည်။ အောက်ပါတို့မှာ မတူညီသော ဗီဒီယို၊ ဓာတ်ပုံအမျိုးအစားများ ဖန်တီးရာတွင် အကြုံပြုချက်အချို့ဖြစ်ပါသည်။

 

  • အနှေးပြကွက် ဗီဒီယို - ဤလုပ်ဆောင်ချက်သည် ဗီဒီယိုအတွင်းက အကြီးမားဆုံးသော အပြောင်းအလဲပါသည့် အပိုင်းကို ရွေးချယ်ကာ အနှေးပြကွက်ဗီဒီယိုကို ဖန်တီးပေးပါသည်။ အနှေးပြကွက်ဗီဒီယိုကို မလိုချင်လျှင် ကင်မရာအပြင်အဆင်ကို ချိန်ညှိကာ လှုပ်ရှားနေသော ဗီဒီယိုကို ရိုက်ပါ။

  • 24-Hour Time-Lapse Video- လင်းသောအပြင်မြင်ကွင်းများကို ရိုက်နေသည်ဆိုလျှင် 24-hour Time-lapse ဗီဒိယိုကို အလိုအလျောက်ဖန်တီးပါလိမ့်မည်။ မြင်ကွင်းကို ရိုက်ရန် ကင်မရာကို ဖြည်းဖြည်း လှုပ်ရှားပါ။

  • အထူးပြဗီဒီယို- ကင်မရာကို ဖြည်းညင်းစွာရွေ့လျား သို့မဟုတ် တစ်နေရာတွင် အငြိမ်ထားလျှင် ပိုမိုကောင်းမွန်သော ရလဒ်များ ထုတ်ပေးပါသည်။ မှောင်သည့်နေရာမဟုတ်ဘဲ လင်းသည့်နေရာတွင် ရိုက်လျှင် ဓာတ်ပုံ၊ ဗီဒီယို ဖန်တီးထုတ်လုပ်မှုနှုန်း တိုးမြှင့်ပေးပါသည်။

  • လူပုံဓာတ်ပုံ- Single Take သည် လူရော၊ အိမ်မွေးတိရစ္ဆာန်ကလေးများအတွက်က Portrait Effects များကို ထောက်ပံ့ပေးပါသည်။ အကောင်းဆုံး ရလဒ်များရရှိရန် ၁မီတာမှ ၂ မီတာ အကွာအဝေးကနေ ရိုက်ပါ။
  • Boomerang/နောက်ပြန်ဗီဒီယို- Boomerang သည် ဓာတ်ပုံ၊ဗီဒီယိုအရိုက်ခံသည့်အရာများ (လူ သို့မဟုတ် အိမ်မွေး တိရစ္ဆာန်) နှင့် မြင်ကွင်းများ (ရေတံခွန် သို့မဟုတ် ရေလှိုင်း)က မြင်ကွင်းတွင် လှုပ်ရှားနေလျှင် ကောင်းသည်။ ကျွန်ုပ်တို့၏ နောက်ပြန်ဗီဒီယိုများသည် အထူးသဖြင့် မြင်ကွင်းတွင် လှုပ်ရှားနေသော အိမ်မွေးတိရစ္ဆာန်များ/ကားများရှိနေလျှင် ရယ်စရာကောင်းပါသည်။
အပင်ကလေးများကို Single Take ဖြင့် ဓာတ်ပုံရိုက်ခြင်း

Galaxy S22 စီးရီးသည် အကောင်းဆုံး ဓာတ်ပုံ၊ ဗီဒီယိုများကို အလွယ်တကူ ရိုက်ကူးနိုင်အောင် အသုံးပြုသူများကို ကူညီပေးပါသည်။ နောင်အနာဂတ်တွင် အင်ဂျင်နှင့် ဉာဏ်ရည်လုပ်ဆောင်မှုများသည့် ကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ