ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်မှ အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ဆောင်မှာလဲ ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.07.2022

ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်များ သည်သင့်စိတ်ကြိုက်အက်ပ်များကို လျင်မြန်လွယ်ကူစွာ ဖွင့်နိုင်စေမည့် မည်သည့် ဂလက်ဆီ စက်များတွင်မဆို သင်တွေ့မြင်နိုင်သော ဖြတ်လမ်း ခလုတ်တစ်ခုဖြစ်သည်။ ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်များ ကို သင်အလိုရှိသလို စနစ် ထည့်သွင်းပြီး စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။အောက်တွင်၊ ဤအသုံးဝင်သော ကိရိယာကို သင်မည်သို့ အကောင်းဆုံး အသုံးချနည်းကို လေ့လာသင်ယူပါ

ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်များ ကို ပြနေသည် မြင်ကွင်း

ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်ကို ဘယ်လိုဖွင့်ရမလဲ ။

ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်များ မှ ထူးခြားချက်ကိုသင့်ဖုန်းဆက်တင်များမှ စတင်အသုံးပြုနိုင်ပါသည်။ " ပြသမြင်ကွင်း" ရွေးချယ်မှုကို နှိပ်ပြီး "ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် များကို "ပြောင်းရန် ခလုတ် "ကို ဖွင့်ပါ။ ယခု ၊ ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် ကို ဖွင့်ရန် သင့်ဖုန်းစခရင်မှ လက်ဟန်ညွှန်ကြားမှုဖြင့် ဘယ်ဘက်သို့ ပွတ်ဆွဲနိုင်ပါသည်။

အက်တစ်လုပ်ပြီးနောက် ဖုန်း ညာဘက်အပေါ်ရှိ ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် ရဲ့လက်ဟန်ညွှန်ကြားမူကို ကြည့်ပါ။

သင့်ရဲ့ဖုန်းဘောင် အစွန်းထောင့်တွင် ပြသထားသော အိုင်ကွန် များနှင့် အက်ပ်များတွင် နောက်အဆင့်များကို လိုက်လုပ်ခြင်းဖြင့် သင်သည် ပြောင်းလဲနိုင်သည် ။

. အဆင့် ၁ ဖုန်းဆက်တင်များသို့ သွားကာ စာရင်းထဲမှ "ပြသ မြင်ကွင်း "ရွေးချယ်မူကိုနှိပ်ပါ။ . အဆင့် ၁ ဖုန်းဆက်တင်များသို့ သွားကာ စာရင်းထဲမှ "ပြသ မြင်ကွင်း "ရွေးချယ်မူကိုနှိပ်ပါ။

အဆင်.၁ ဖုန်းဆက်တင်များသို့ သွားပြီး "ပြသမြင်ကွင်း" ကိုနှိပ်ပါ။

အဆင့် ၂ စခရင်၏ ထိပ်ရှိ "ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်"ရွေး ချယ်မှု ကိုရွေးပါ။ အဆင့် ၂ စခရင်၏ ထိပ်ရှိ "ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန်"ရွေး ချယ်မှု ကိုရွေးပါ။

အဆင့် ၂ "ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန်" ကိုရွေးပါ။

အဆင့် ၃ စာရင်းထဲမှ "ဘောင်" ရွေးချယ်မှုကို နှိပ်ပါ။ အဆင့် ၃ စာရင်းထဲမှ "ဘောင်" ရွေးချယ်မှုကို နှိပ်ပါ။

အဆင့် ၃ "ဘောင်" ရွေးချယ်မှုကို နှိပ်ပါ။

အဆင့် ၄ စခရင်၏ ထိပ်တွင် သင်အသုံးပြုလိုသော တက်ဘ်ဘောင်ကိုရွေးပါ။ အဆင့် ၄ စခရင်၏ ထိပ်တွင် သင်အသုံးပြုလိုသော တက်ဘ်ဘောင်ကိုရွေးပါ။

အဆင့် ၄ သင်အသုံးပြုလိုသော တက်ဘ်ဘောင်ကိုရွေးချယ်ပါ။

ကျေးဇူးပြု၍ သတိပြုရန်၊ "တည်းဖြတ်ရန်"ကို ရွေးချယ်ခြင်းဖြင့် သင်သည်သင့်ရဲ့ဘောင်ကိုလဲ တည်းဖြတ်နိုင်သည်။

 သင်၏ ဖုန်းဘောင်အစွန်းထောင့်ရှိအိုင်ကွန် ကို သင့်ဆန္ဒအတိုင်း စိတ်ကြိုက် လုပ်ဆောင်ခြင်းဖြင့် ပြင်ဆင်နိုင်ပါသည်။ "ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် "ရွေးချယ်မူကို ရွေးချယ်ပြီးနောက် "ကိုင်တွယ် မူ "ကို နှိပ်ပါ၊ ဤစခရင်တွင်၊သင်သည်သင်၏ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန်၏ သွင်ပြင်များစွာကို သင့်စိတ်ကြိုက် ပြင်ဆင်နိုင်သည်။

 

  • အနေအထား၊"ဘယ်" သို့မဟုတ် "ညာ" ကိုရွေးချယ်ခြင်းဖြင့် ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် ရဲ့ လက်ဟန်ညွှန်ကြားမူ၏ အနေအထားကို သင်ရွေးချယ်နိုင်ပါသည်။
  • စတိုင်လ်၊ သင့်ရဲ့ ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် အတွက် လိုချင်သော အရောင်ကိုရွေးပါ။
  • ထင်ရှား မြင်သာမှု၊ ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် ထင်ရှား မြင်သာမှု ဘားကို "အနိမ့်"မှ "မြင့် "သို့ ချိန်ညှိပါ။
  • အရွယ်အစား၊ ဘားကို "အသေး" မှ "အကြီး" သို့ ချိန်ညှိခြင်းဖြင့် သင်၏ ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် အရွယ်အစားကို ရွေးချယ်ပါ။
  • အနံ ၊ ဘားကို "အပါး" မှ "ထူ" သို့ ပြောင်းရွှေ့ခြင်းဖြင့် သင်၏ ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန်  အကျယ်ကို ချိန်ညှိနိုင်သည်။
  • တုန်ခါမူ၊ ဖုန်းလက်ကိုင်ကိုထိသောအခါသင့်ဖုန်းကို တုန်ခါစေလိုပါကအဖွင့်ခလုတ်ကို ဖွင့်ပါ။ 

ဖုန်းဘောင်အစွန်းထောင့်ရှိ အိုင်ကွန် အသစ်များကိုလေ့လာစူးစမ်းလိုပါကပုံသေ ဘောင်များမှလွဲ၍ "ဘောင်"ရွေးချယ်မှုမှလုပ်ဆောင်နိုင်ပါမည် ။ "ဂလက်ဆီစတိုး "ကိုနှိပ်ပါ။ ဤနေရာတွင် သင်သည်သင်၏ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန်ကို အသုံးပြုရန်ဘောင် အသစ်များကို ရှာဖွေနိုင်ပြီး စနစ် ထည့်သွင်းနိုင်ပါသည်။  

ကျေးဇူးပြု၍ သတိပြုရန်၊ ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် တပ်ဆင်မူ အချို့သည် အပိုထပ်ဆောင်းအခကြေးငွေဖြင့် လာပါသည်။

ဖုန်းဘောင်အစွန်းထောင့်ရှိ အိုင်ကွန် ဆက်တင်များမှ "ဖုန်းဘောင် အစွန်းထောင့်ရှိ အိုင်ကွန် များအကြောင်း" ရွေးချယ်မူတွင် ၎င်းတို့၏ နောက်ဆုံး ဗားရှင်းကိုသင်စစ်ဆေးနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ