ရပ်သွားသည့် Galaxy ဖုန်းကို ဘယ်လိုပြန်စမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖန်သားပြင်ရပ်သွား သို့မဟုတ် သင့်ဖုန်းအားအသုံးပြုနေစဉ် တုံ့ပြန်မှုမရှိတော့ပါက ဘေးခလုတ်နှင့် အသံတိုးခလုတ်နှစ်ခုလုံးကိုပြိုင်တူဖိနှိပ်ပြီး အတင်းပြန်စနိုင်ပါသည်။ ဖုန်းကိုပြန်စပြီးသော်လည်း ပြဿနာဖြစ်နေသေးပါက အောက်ပါအဆင့်များအတိုင်းလိုက်လုပ်ကြည့်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သိုလှောင်ခန်းနှင့် မှတ်ဉာဏ်ကိုရှင်းလင်းပါ။

သိုလှောင်ခန်း နှင့် မှတ်ဉာဏ် မလုံလောက်မှုကြောင့် သင့်ဖုန်း မတုံ့ပြန်တော့ခြင်း သို့မဟုတ် ရပ်သွားခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ကြည့်ပါ။

ပထမဦးစွာ ဖုန်း၏ မှတ်ဉာဏ် နှင့် သိုလှောင်ခန် ပမာဏကိုစစ်ဆေးပါ။

   အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှုကိုနှိပ်ပါ။
   
အဆင့် ၂။ သိုလှောင်ခန်း လက်ကျန်ပမာဏကို သိုလှောင်ခန် နှင့် မှတ်ဉာဏ် လက်ကျန်ပမာဏကို မှတ်ဉာဏ် ကိုရွေး၍ ကြည့်ရှုနိုင်ပါသည်။

လက်ကျန် သိုလှောင်ခန်းနှင့် မှတ်ဉာဏ်ကိုစစ်ဆေးပါ။

သင့်ဖုန်းတွင် နေရာမလုံလောက်ပါက ၀ှက်ထားသည်များကို သင့်ဖုန်းအားကောင်းမွန်အောင်ပြုလုပ်ပြီး ရှင်းလင်းနိုင်ပါသည်။ ကောင်းမွန်အောင်လုပ်ဆောင်ခြင်းသည် နောက်ခံတွင်အသုံးပြုနေသည့်အက်ပ်များကိုပိတ်ပြီး ၊ သာမန်မဟုတ်သည့် ဘက်ထရီအသုံးပြုမှုများကိုစီမံခြင်း နှင့် ပျက်စီးနေသည့် အက်ပ်နှင့် မဲလ်ဝဲကို စကန်ဖတ်ခြင်းတို့ လုပ်ပါသည်။ သင့်ဖုန်းအား ကောင်းမွန်အောင်လုပ်ဆောင်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

 ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု  ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှုကိုနှိပ်ပါ။

 ကိရိယာထိန်းသိမ်းစောင့်ရှောက်မှု  ကိရိယာထိန်းသိမ်းစောင့်ရှောက်မှု

အဆင့် ၂။ ယခုကောင်းမွန်အောင်ဆောင်ရွက်ပါ ကိုနှိပ်ပါ။

ကောင်းမွန်အောင်ဆောင်ရွက်ခြင်းအဆုံးသတ်ရန် ပြီးပါပြီ ကိုနှိပ်ပါ။ ကောင်းမွန်အောင်ဆောင်ရွက်ခြင်းအဆုံးသတ်ရန် ပြီးပါပြီ ကိုနှိပ်ပါ။

အဆင့် ၃။ ကောင်းမွန်အောင်ဆောင်ရွက်ပြီးသည်နှင့် အဆုံးသတ်ရန် ပြီးပါပြီ ကိုနှိပ်ပါ။

ပြင်ပအက်ပ်များသည် သင့်ဖုန်းမတုံ့ပြန်နိုင်ခြင်း၏ အကြောင်းရင်းဖြစ်နိုင်ပါသည်။ လုံခြုံရေးအနေအထား တွင် ပြင်ပအက်ပ်အားလုံးကို ပိတ်ထားသောကြောင့် သင့်ဖုန်းရပ်သွားခြင်းမှာ ပြင်ပအက်ပ်များကြောင့်ဟုတ်မဟုတ် စစ်ဆေးနိုင်ပါသည်။ ပထမဦးစွာ သင့်ဖုန်းမတုံ့ပြန်တော့ခြင်းရှိမရှိကြည့်ရန် လုံခြံုရေးအနေအထား ကိုဖွင့်ပါ။ လုံခြံုရေးအနေအထားတွင် သင့်ဖုန်းမရပ်သွားပါက သင်ကြံုနေရသည့်ပြဿနာမှာ ပြင်ပအက်ပ်ကြောင့်ဖြစ်နေသည်ဟု အဓိပ္ပာယ်ရပါသည်။

 အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။  အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။ ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။

အဆင့် ၂ ။ ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၃။ စခရင်ပိတ်သွားပြီးသည့်နောက်တွင် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကို တပြိုင်တည်းဖိ၍နှိပ်ထားပါ။

 အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။  အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။

အဆင့် ၄။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက အသံတိုးခလုတ်ကို ဆက်ဖိထားပြီး ဘေးခလုတ်ကို လွှတ်လိုက်ပါ။

လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။ လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။

အဆင့် ၅။ စခရင်ဘယ်ဘက်အောက်ထောင့်တွင် လုံခြုံရေးအနေအထား ဟုပေါ်လာပါက ခလုတ်ကိုလွှတ်လိုက်ပါ။

သင့်ဖုန်းသည် လတ်တလောကမှ မတုံ့ပြန်ခြင်းမျိုးကြုံရခြင်းဖြစ်ပါက သင်လတ်တလောဒေါင်းလုဒ်ဆွဲထားသည့် အက်ပ်ကိုရှာဖွေ၍ လုံခြံုရေးအနေအထားတွင် ဖယ်ထုတ်ပါ။ အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

အက်ပ်များ အက်ပ်များ

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အက်ပ်များ ကိုရွေးပါ။

 လတ်တလော သို့မဟုတ် မသိသည့်အက်ပ်များကိုရှာပါ။  လတ်တလော သို့မဟုတ် မသိသည့်အက်ပ်များကိုရှာပါ။

အဆင့် ၂။ သင်လတ်တလောဒေါင်းလုဒ်ဆွဲထားသည့် သို့မဟုတ် သင်မမှတ်မိသည့် အက်ပ်ကို ရှာဖွေပါ။

 အက်ပ်အား ဖယ်ရှားပါ။  အက်ပ်အား ဖယ်ရှားပါ။

အဆင့် ၃။ ဖယ်ရှားမည် ကိုရွေးချယ်ပါ။

 ဖယ်ရှားရန် အိုကေ ကိုနှိပ်ပါ။  ဖယ်ရှားရန် အိုကေ ကိုနှိပ်ပါ။

အဆင့် ၄။ အိုကေ ကိုနှိပ်ပါ။

အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်၍ လုံခြုံရေးအနေအထားမှ ပုံမှန်အနေအထားသို့ပြန်ပြောင်းပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ်ကို တပြိုင်တည်းနှိပ်၍ဖိထားပါ။

အဆင့် ၂။ ပြန်စမည် ကိုရွေးပါ။

လုံခြုံရေးအနေအထားမှ သာမန်အနေအထားသို့ပြောင်းခြင်း

သင့်ဖုန်း ရပ်နေသေးခြင်း သို့မဟုတ် ဖုန်းတွင်ပြဿနာဆက်ကြုံနေရသေးပါက ဖုန်းအသစ်ကဲ့သို့ ပြန်လည်ပြုလုပ်ခြင်ကိုလုပ်ဆောင်ကြည့်ပါ။ ဖုန်းအသစ်ကဲ့သို့ပြန်လည်ပြုလုပ်ခြင်သည် သင့်ဖုန်းကိုမူလသတ်မှတ်ချက်များအတိုင်း ပြန်ထားရှိသွားမည်ဖြစ်ပြီး သင့်ဒေတာအားလုံးကို လုံးဝဖျက်သွားမည်ဖြစ်သည်။

အထွေထွေစီမံချက် အထွေထွေစီမံချက်

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အထွေထွေစီမံချက် ကိုသွားပါ။

 ပြန်သတ်မှတ်မည် ကိုရွေးပါ။  ပြန်သတ်မှတ်မည် ကိုရွေးပါ။

အဆင့် ၂။ ပြန်သတ်မှတ်မည် ကိုရွေးပါ

 ဖုန်းအသစ်ကဲ့သို့ပြန်လည်ပြုလုပ်ခြင်း ကိုရွေးပါ။  ဖုန်းအသစ်ကဲ့သို့ပြန်လည်ပြုလုပ်ခြင်း ကိုရွေးပါ။

အဆင့် ၃။ ဖုန်းအသစ်ကဲ့သို့ပြန်လည်ပြုလုပ်ခြင်း ကိုရွေးပါ။

 ဖုန်းအား ပြန်လည်သတ်မှတ်ခြင်း  ဖုန်းအား ပြန်လည်သတ်မှတ်ခြင်း

အဆင့် ၄။ ပြန်လည်သတ်မှတ်ပါ ကိုနှိပ်ပါ။

 အားလုံးဖျက်ပစ်ပါ ဖုန်းအသစ်ကဲ့သို့ပြန်လည်ပြုလုပ်ခြင်း  အားလုံးဖျက်ပစ်ပါ ဖုန်းအသစ်ကဲ့သို့ပြန်လည်ပြုလုပ်ခြင်း

အဆင့် ၅။ အားလုံးဖျက်ပစ်ပါ ကိုရွေးပါ။

 အတည်ပြုရန် စကားဝှက်ရိုက်ထည့်ပါ။  အတည်ပြုရန် စကားဝှက်ရိုက်ထည့်ပါ။

အဆင့် ၆။ စကားဝှက်ရိုက်ထည့်၍ ပေါ်လာသည့်လမ်းညွှန်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

မှတ်ချက်။

  • ဖုန်းအသစ်ကဲ့သို့ ပြန်လည်ပြုလုပ်ခြင်း မလုပ်ဆောင်မီ သင့်ဖုန်းဒေတာများကို အရန်သိမ်းဆည်းထားကြောင်း သေချာအောင်လုပ်ဆောင်ပါ။ ဖုန်းအသစ်ကဲ့သို့ ပြန်လည်ပြုလုပ်ခြင် လုပ်ဆောင်စဉ် ဖျက်လိုက်သည့်ဒေတာများကို ပြန်မရနိုင်ပါ။

မွတ္ခ်က္။

  • အထက်ပါအတိုင်းလုပ်ဆောင်သော်လည်း ပြဿနာကြုံနေရသေးပါက သင့်ဖုန်းတွင် ပြင်ပထိခိုက်မှုရှိနေနိုင်ပါသည်။ သက်ဆိုင်ရာအချက်အလက်များပိုမိုသိရှိရန် ၀န်ဆောင်မှုစင်တာ ကိုကြည့်ရှုပါ။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
  • အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ