Galaxy AI ဖြင့် Browsing assist အင်္ဂါရပ်များကို စနစ်ထည့်သွင်းပြီး အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.11.2024

Browsing assist သည် Samsung Internet အက်ပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အချိန်ကုန်သက်သာပြီး အင်တာနက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန် ဒီဇိုင်းထုတ်ထားသည့် အကျဉ်းချုပ်လုပ်ဆောင်ချက် အင်္ဂါရပ်နှင့် ဘာသာပြန်ခြင်းအင်္ဂါရပ်တို့ပါရှိသည်။ ဝဘ်စာမျက်နှာပေါ်ရှိ ဆောင်းပါးများကို အကျဉ်းချုပ် သို့မဟုတ် ဘာသာပြန်ရန် Galaxy AI ဖြင့် Browsing assist ကို အသုံးပြုပါ။

Galaxy S24 ရှိ Browsing assist

မှတ်ချက်များ-

    ပံ့ပိုးထားသော ဘာသာစကားများ (ဒေသများ)

  • အာရဗီ၊ Bahasa အင်ဒိုနီးရှား၊ တရုတ်အတိုကောက်၊ တရုတ်ရိုးရာ (ဟောင်ကောင်, ထိုင်ဝမ်) ဒတ်ခ်ျ ၊ အင်္ဂလိပ် (သြစတေးလျ၊ အိန္ဒိယ၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်)၊ ပြင်သစ် (ကနေဒါ၊ ပြင်သစ်)၊ ဂျာမန်၊ ဟိန္ဒီ၊ အီတလီ၊ ဂျပန်၊ ကိုးရီးယား၊ ပိုလန်၊ ပေါ်တူဂီ (ဘရာဇီး, ပေါ်တူဂီ), ရိုမေးနီးယား, ရုရှား(ရုရှား)၊ စပိန် (မက္ကဆီကို၊ စပိန်၊ အမေရိကန်)၊ ဆွီဒင်, ထိုင်း၊ တူရကီ, ဗီယက်နမ်။

    * နောင်မွမ်းမံမှုများတွင် နောက်ထပ်ဘာသာစကားများကို ထည့်သွင်းပါမည်။
    (နောက်ဆုံးအပ်ဒိတ်၊ နိုဝင်ဘာ 2024)

  • Browsing assist AI အင်္ဂါရပ်များကို ဝင်ရောက်အသုံးပြုနိုင်ရန် ကွန်ရက်တစ်ခုကို ချိတ်ဆက်ထားပြီး သင့် Samsung အကောင့်သို့ အကောင့်ဝင်ရန် လိုအပ်မည်ဖြစ်သည်။

  • Browsing assist ကိုအသုံးပြုရန် နောက်ဆုံးပေါ် Samsung Internet အက်ပ်ဗားရှင်းကို အပ်ဒိတ်လုပ်ပါ။

Summarize အင်္ဂါရပ်သည် Samsung Internet ရှိ Browsing assist AI အင်္ဂါရပ်ဖြစ်သည်။ ၎င်းသည် ဝဘ်စာမျက်နှာတစ်ခု၏ အကြောင်းအရာများမှ အဓိကအချက်များကိုသာ စုစည်းပေးသည်။

Summarize အင်္ဂါရပ်ကို သတ်မှတ်နည်း

ပေါ့ပ်အပ် ပေါ်လာသည့် tools များစာရင်း ပေါ့ပ်အပ် ပေါ်လာသည့် tools များစာရင်း

အဆင့် ၁။ Samsung Internet အက်ပ် > Tools အိုင်ကွန် (အလျားလိုက် မျဉ်းသုံးကြောင်း) > Settings ကိုဖွင့်ပါ။

Summarize On ခလုတ် Summarize On ခလုတ်

အဆင့် ၂။ Browsing assist > Summarize > On ခလုတ်ကို ရွေးပါ။

Summarize အင်္ဂါရပ်ကို အသုံးပြုနည်း

Samsung News ဆောင်းပါး Samsung News ဆောင်းပါး

အဆင့် ၁။ Samsung Internet အက်ပ်ကိုဖွင့်ပါ > ဝဘ်စာမျက်နှာတစ်ခုသို့ သွားပါ > Browsing assist အိုင်ကွန်ကို ဖွင့်ပါ။

Browsing assist ရွေးစရာများဖြင့် Samsung News ဆောင်းပါး။ Browsing assist ရွေးစရာများဖြင့် Samsung News ဆောင်းပါး။

အဆင့် ၂။ Summarizeကို ရွေးပါ။

Samsung News ဆောင်းပါးကို အချက်များဖြင့် အကျဉ်းချုပ်ထားသည် Samsung News ဆောင်းပါးကို အချက်များဖြင့် အကျဉ်းချုပ်ထားသည်

အဆင့် ၃။ စာသားကို အချက်များဖြင့် အကျဉ်းချုံ့ပါမည်။

*အကျဉ်းချုပ်ထားသည့် ဝဘ်စာမျက်နှာကိုလည်း ဘာသာပြန်ဆိုနိုင်ပါသည်။

မှတ်ချက်- Summarize အင်္ဂါရပ်ကို ဝဘ်ဆိုက်အားလုံးတွင် ပံ့ပိုးမထားပါ။

Browsing assist Translation အင်္ဂါရပ်သည် ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာပလပ်ဖောင်းများ၏ အကြောင်းအရာများကို ဘာသာပြန်ရန် On-device မုဒ်ကို အသုံးပြုသည်။

မှတ်ချက်- ဘာသာပြန်ခြင်းနှင့် On-device မုဒ်ကို လုပ်ဆောင်ရန် ဘာသာစကား packs လိုအပ်ပါသည်။ အချို့ဘာသာစကားများအတွက် မရရှိနိုင်သေးသည်ကို ကျေးဇူးပြု၍ သတိပြုပါ။

ဘာသာပြန်ခြင်းအင်္ဂါရပ်ကို အသုံးပြုနည်း

Samsung News ဆောင်းပါး Samsung News ဆောင်းပါး

အဆင့် ၁။ Samsung Internet အက်ပ် > ဝဘ်ဆိုဒ်တစ်ခုသို့သွားပါ > Browsing assist အိုင်ကွန်ကို ဖွင့်ပါ။

အွန်လိုင်းဆောင်းပါးတစ်ပုဒ်ကို Summarize သို့မဟုတ် Translate လုပ်ရန်အတွက် ရွေးချယ်ရန်ပေါ်လာသော ပေါ့ပ်အပ်ဝင်းဒိုး အွန်လိုင်းဆောင်းပါးတစ်ပုဒ်ကို Summarize သို့မဟုတ် Translate လုပ်ရန်အတွက် ရွေးချယ်ရန်ပေါ်လာသော ပေါ့ပ်အပ်ဝင်းဒိုး

အဆင့် ၂။ Translateကို ရွေးပါ။

ဆောင်းပါးကို ဘာသာပြန်ရန် ဘာသာစကားများစာရင်း။ ဆောင်းပါးကို ဘာသာပြန်ရန် ဘာသာစကားများစာရင်း။

အဆင့် ၃။ နှစ်သက်ရာဘာသာစကား > Translate ကို ရွေးပါ။

မှတ်ချက်- အကျဉ်းချုပ်နှင့် ဘာသာပြန်ရလဒ်များသည် အချိန်တိုင်း ကွဲပြားနိုင်ပါသည်။

Samsung Galaxy စက်များနှင့် မော်ဒယ်များတွင် ပံ့ပိုးထားသော AI အင်္ဂါရပ်များအကြောင်း ပိုမိုဖတ်ရှုရန်

ဤနေရာကိုနှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page