Galaxy SuperSteady Mode (အလွန်တည်ငြိမ်သော စနစ်) ဖြင့် ဗီဒီယိုကို မည်ကဲ့သို့ ရိုက်ကူးနိုင်မည်နည်

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 20.04.2023

SuperSteady (အလွန်တည်ငြိမ်ခြင်း) သည် လှုပ်ရှားမှု ကင်မရာ လုပ်ဆောင်ချက်ဖြစ်ပြီး လျင်မြန်စွာ လှုပ်ရှားနေသည့် အချိန်တွင် သင့်ကို တည်ငြိမ်သည့် ဗီဒီယိုများ ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးများတွင် Galaxy SuperSteady (အလွန်တည်ငြိမ်ခြင်း) လုပ်ဆောင်ချက်သည် သင်က ဂျင်ဘယ်လ် (gimbal) သို့မဟုတ် တည်ငြိမ်စေသည့် ကိရိယာကို အသုံးပြုထားသကဲ့သို့ တည်ငြိမ်သည့် ရိုက်ကူးမှုကို ရရှိစေပါသည်။.

ကင်မရာ၏ မှန်ဘီလူးနှင့် SuperSteady (အလွန်တည်ငြိမ်ခြင်း) အိုင်ကွန်ပုံ.

Galaxy SuperSteady Mode (အလွန်တည်ငြိမ်သော စနစ်) ကို မည်ကဲ့သို့ ဖွင့်ရမည်နည်း

ကင်မရာ အက်ပ် အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ ကင်မရာ အက်ပ် အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ

အဆင့် ၁။ ကင်မရာ အက်ပ်ကို ဖွင့်ပါ။.

ဗီဒီယို စနစ် (Video mode) အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ။ ဗီဒီယို စနစ် (Video mode) အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ။

အဆင့် ၂။"ဗီဒီယို" ကို နှိပ် ပါ။

 SuperSteady (အလွန်တည်ငြိမ်ခြင်း) အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ။  SuperSteady (အလွန်တည်ငြိမ်ခြင်း) အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ။

အဆင့် ၂။ SuperSteady (အလွန်တည်ငြိမ်ခြင်း) အိုင်ကွန်ကို နှိပ်ပါ။ 

မှတ်သားရန်- 

  • SuperSteady (အလွန်တည်ငြိမ်ခြင်း) စနစ်သည် ကင်မရာ၏ ရှပ်တာ အမြန်နှုန်းကို လျော့ကျစေပြီး ထိုအရာသည် ဗီဒီယို၏ အရည်အသွေးကို ထိခိုက်စေပြီး အလင်းအားနည်းချိန်တွင် ပုံရိပ်လျှပ်လှိုင်းကို ဖြစ်ပေါ်စေပါသည်။ အလင်းအားကောင်းသည့် ပတ်ဝန်းကျင် အခြေအနေမျိုးတွင် SuperSteady (အလွန်တည်ငြိမ်ခြင်း) စနစ်ကို အသုံးပြုရန် အမြဲ ကြိုးစားပါ။.
  • မှန်မဟုတ်သည့် အလင်းရောင်ရသည့် အခြေအနေများ (မီးချောင်းအလင်းကဲ့သို့) တွင် SuperSteady (အလွန်တည်ငြိမ်ခြင်း) စနစ်သည် ကင်မရာ ရှပ်တာအမြန်နှုန်းကို မြင့်တက်စေပြီး ရိုက်သည့် ကြိမ်နှုန်းကြောင့် စခရင်ပေါ်တွင် အမဲရောင် စင်းကြားများ ဖြစ်ပေါ်စေနိုင်ပါသည်။.
  • Super Steady Action Cam (အလွန်တည်ငြိမ်သော လှုပ်ရှားမှု ကင်မရာ) သည် QHD/FHD resolution (QHD/FHD ပုံရိပ်ပြတ်သားမှု) ဖြင့် ရိုက်ကူးနိုင်ပြီး HDR10+ ဗီဒီယို စနစ်နှင့် တပြိုင်တည်း အသုံးမပြုနိုင်ပါ။.
  • SuperSteady (အလွန်တည်ငြိမ်ခြင်း) စနစ်ကို ဖွင့်ထားပါက ဆုံချက်နှင့် ကင်မရာ၏ ကြားအကွာအဝေးကို အနည်းဆုံး တစ်မီတာထား၍ ရိုက်ကူးရန် အကြံပြုပါသည်။ အနီးကပ် အကွာအဝေး သို့မဟုတ် 0.6x စနစ်ဖြင့် ရိုက်ကူးခြင်းသည် စခရင်ကို ဝါးစေပါသည်။.

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ