ကင်မရာအက်ပ်အမှားကို ဘယ်လိုပြဿနာရှာဖွေမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းစခရင်ပေါ်တွင် ကင်မရာမလုပ်ဆောင်နိုင်ပါ အသိပေးစာပေါ်လာခြင်းသို့မဟုတ် ကင်မရာအက်ပ်သုံးနေစဉ် ရပ်သွား/နှေးသွားခြင်းတို့ဖြစ်ပါက ပြဿနာဖြေရှင်းရန် အောက်ပါလမ်းညွှန်ကို ကိုးကားပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

ကင်မရာအက်ပ်ကို ပြန်သတ်မှတ်ခြင်း

 

သင်သည် ကင်မရာအက်ပ်ဖြင့် ပုံ သို့မဟုတ် ဗီဒီယိုများရိုက်ကူးရန်ကြိုးစားသော်လည်း ကင်မရာမလုပ်ဆောင်နိုင်ပါ အသိပေးစာစခရင်ပေါ်တွင်ပေါ်နေခြင်း သို့မဟုတ် သုံးမရခြင်းတို့ဖြစ်ပါက ကင်မရာ အက်ပ်ကို ပြန်သတ်မှတ်ခြင်းဖြင့် ပြဿနာပြေလည်နိုင်ပါသည်။ ကျေးဇူးပြု၍အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

 

ကင်မရာသတ်မှတ်ချက်များဖွင့်ခြင်း ကင်မရာသတ်မှတ်ချက်များဖွင့်ခြင်း

အဆင့် ၁။ ကင်မရာ ဖွင့်၍ သတ်မှတ်ချက်များ ကိုရွေးပါ။

ကင်မရာအက်ပ်အတွက် သတ်မှတ်ချက်များပြန်သတ်မှတ်ခြင်း ကင်မရာအက်ပ်အတွက် သတ်မှတ်ချက်များပြန်သတ်မှတ်ခြင်း

အဆင့် ၂။ သတ်မှတ်ချက်များပြန်လည်သတ်မှတ်ပါ ကိုရွေးပါ

ကင်မရာအက်ပ်သတ်မှတ်ချက်များကို ပြန်သတ်မှတ်ခြင်း ကင်မရာအက်ပ်သတ်မှတ်ချက်များကို ပြန်သတ်မှတ်ခြင်း

အဆင့် ၃။ ကင်မရာ အက်ပ်ကို ပြန်သတ်မှတ်ရန် ပြန်သတ်မှတ်ပါ ကိုနှိပ်ပါ။

ဖုန်းအား ပြန်စခြင်း

 

သင်သည် ကင်မရာ အက်ပ်အား ပြန်သတ်မှတ်ပြီးသော်လည်း နှေးနေသို့မဟုတ် ရပ်နေပါက ပြဿနာပြေလည်ရန် သင့်ဖုန်းကို ပြန်စကြည့်ပါ။

ဖုန်းအား ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။ ဖုန်းအား ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ် ကိုဖိနှိပ်၍ ပါ၀ါပိတ်ပါ ကိုရွေးချယ်ပြီး သင့်ဖုန်းကို ပါ၀ါပိတ်ပါ။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၂။ စခရင်ပိတ်သွားသည်နှင့် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကိုဖိနှိပ်ပါ။

ခလုတ်များကိုလွှတ်ပါ။ ခလုတ်များကိုလွှတ်ပါ။

အဆင့် ၃။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက ခလုတ်များကိုလွှတ်ပါ။

မှတ်ချက်။

  • သင့်ဖုန်းအား အတင်းပိတ်လိုက်သော်လည်း ဒေတာနှင့်ဖိုင်များကို ကာကွယ်ထားပြီးဖြစ်သည်။
  • အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ