ဆော့ဖ်ဝဲအပ်ဒိတ်ပြဿနာများကို ဘယ်လိုအဖြေရှာမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဆော့ဖ်ဝဲကို နောက်ဆုံးဗားရှင်းသို့တင်၍မရခြင်းသည် သင့်ဖုန်းရှိသိုလှောင်မှုပမာဏ မလုံလောက်သောကြောင့်ဖြစ်နိုင်ပါသည်။ ဒေတာစီမံမှုနှင့်ပတ်သက်၍ ပိုမိုလေ့လာရန်ဆက်လက်ဖတ်ရှုပါ။

မသုံးသည့်အက်ပ်များကိုဖျက်ပါ

မသုံးသည့်အက်ပ်များကိုဖျက်ခြင်းသည် သင့်ဖုန်းတွင် သိုလှောင်မှုပမာဏရှင်းလင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ပုံကိုဖိနှိပ်ထား၍ ဖယ်ရှားမည် ကိုနှိပ်ပါ။ အောက်ပါအဆင့်များအတိုင်းလည်း လိုက်ပါလုပ်ဆောင်နိုင်ပါသည်။

အက်ပ်ကိုရွေးပါ အက်ပ်ကိုရွေးပါ

အဆင့် ၁။ သတ်မှတ်ချက်မျာသို့သွား၍ အက်ပ်များ ကိုရွေးပါ။

စာရင်းထဲမှ ဖျက်ပစ်ရန်အက်ပ်များကိုရွေးပါ။ စာရင်းထဲမှ ဖျက်ပစ်ရန်အက်ပ်များကိုရွေးပါ။

အဆင့်၂။ စာရင်းထဲမှ သင်ဖျက်လိုသည့် အက်ပ်ကိုရွေးချယ်ပါ။

အက်ပ်အား ဖယ်ရှားပါ။ အက်ပ်အား ဖယ်ရှားပါ။

အဆင့် ၃။ ဖယ်ရှားမည် ကိုနှိပ်ပါ။

အက်ပ်ကိုဖျက်ရန် အိုကေ ကိုနှိပ်ပါ။ အက်ပ်ကိုဖျက်ရန် အိုကေ ကိုနှိပ်ပါ။

အဆင့် ၄။ အက်ပ်ကိုဖျက်ရန် အိုကေ ကိုနှိပ်ပါ။

အက်ပ်အတခု၏ ၀ှက်ထားသည့်ဖိုင်များနှင့်ယာယီဖိုင်များကို ရှင်းလင်းနည်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

အက်ပ်ကိုရွေးပါ အက်ပ်ကိုရွေးပါ

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အက်ပ်များ ကိုရွေးပါ။

သင်ဝှက်ဖိုင်ဖျက်လိုသည့် အက်ပ်ကိုရွေးပါ။ သင်ဝှက်ဖိုင်ဖျက်လိုသည့် အက်ပ်ကိုရွေးပါ။

အဆင့် ၂။ သင်ဝှက်ဖိုင်ဖျက်လိုသည့် အက်ပ်ကိုရွေးပါ။

သိုလှောင်ခန်း ကိုရွေးချယ်ပါ။ သိုလှောင်ခန်း ကိုရွေးချယ်ပါ။

အဆင့် ၃။ သိုလှောင်ခန်း ကိုရွေးချယ်ပါ။

၀ှက်ထားသည်အားရှင်းပါ ကိုနှိပ်ပါ။ ၀ှက်ထားသည်အားရှင်းပါ ကိုနှိပ်ပါ။

အဆင့် ၄ ၀ှက်ထားသည်အားရှင်းပါ ကိုနှိပ်ပါ။

သင့်ဖုန်းကို ကောင်းမွန်အောင်လုပ်ခြင်းဖြင့် ၀ှက်ဖိုင်အားလုံးကို ရှင်းလင်းနိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ ဘက်ထရီနှင့်ကိရိယာထိန်းသိမ်းစောင့်ရှောက်မှုကိုနှိပ်ပါ။

ယခုကောင်းမွန်အောင်ဆောင်ရွက်ပါ ကိုနှိပ်ပါ။ ယခုကောင်းမွန်အောင်ဆောင်ရွက်ပါ ကိုနှိပ်ပါ။

အဆင့် ၂။ ယခုကောင်းမွန်အောင်ဆောင်ရွက်ပါ ကိုနှိပ်ပါ။

ကောင်းမွန်အောင်ဆောင်ရွက်ခြင်းအဆုံးသတ်ရန် ပြီးပါပြီ ကိုနှိပ်ပါ။ ကောင်းမွန်အောင်ဆောင်ရွက်ခြင်းအဆုံးသတ်ရန် ပြီးပါပြီ ကိုနှိပ်ပါ။

အဆင့် ၃။ ကောင်းမွန်အောင်ဆောင်ရွက်ပြီးသည်နှင့် အဆုံးသတ်ရန် ပြီးပါပြီ ကိုနှိပ်ပါ။

မှတ်ချက်။ 

  • ဒေတာရှင်းပါ ကိုမနှိပ်မိစေရန် ဂရုပြုပါ။ ၄င်းသည် အက်ပ်နှင့်သက်ဆိုင်သည့် ဒေတာအားလုံးကိုဖျက်ပါလိမ့်မည်။

သင့်ဒေတာများကို cloud သို့တင်ခြင်းဖြင့် ဖုန်းတွင်းရှိ သင့်ဖိုင်များကို သိုလှောင်မှုပမာဏမလောက်မှာ စိတ်မပူရဘဲ ဖိုင်များကိုစီမံနိုင်ပါသည်။ သိုလှောင်မှုပမာဏမလုံလောက်မှုကြောင့် ဆော့ဖ်ဝဲအပ်ဒိတ်မလုပ်နိုင်ပါက Samsung Cloud ကို အသုံးပြုကြည့်ပါ။ ထိုနည်းဖြင့် ဒေတာများကိုဆက်ပြီး အရံသိမ်းဆည်းထားနိုင်ပါသည်။

Samsung account ကို ရွေးပါ။ Samsung account ကို ရွေးပါ။

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ Samsung Account ကိုရွေးပါ။

Samsung Cloud ့ိုရွေးပါ။ Samsung Cloud ့ိုရွေးပါ။

အဆင့် ၂။ Samsung Cloud ကိုရွေးပါ။

Samsung Cloud ဒေတာအရန်သိမ်းဆည်းခြင်း Samsung Cloud ဒေတာအရန်သိမ်းဆည်းခြင်း

အဆင့် ၃။ ဒေတာအရန်သိမ်းမည် ကိုရွေးပါ။

Samsung Cloud သို့တင်မည့် ဒေတာအမျိုးအစားကိုရွေးပါ။ Samsung Cloud သို့တင်မည့် ဒေတာအမျိုးအစားကိုရွေးပါ။

အဆင့် ၄။ Cloud သို့တင်မည့် ဒေတာအမျိုးအစားကိုရွေးပါ။

ယခုအရန်သိမ်းဆည်းပါ ကိုရွေးပါ။ ယခုအရန်သိမ်းဆည်းပါ ကိုရွေးပါ။

အဆင့် ၅။ ယခုအရန်သိမ်းဆည်းပါ ကိုရွေးပါ။

မှတ်ချက်။

  • Samsung Cloud သို့ဝင်ရန် Samsung account သို့ဝင်ရောက်ရန်လိုအပ်ပါသည်။
  • သင်သည် အခြားကွန်ရက်သုံးစဉ်အော်တိုအရန်သိမ်းပါ ကို အဆင့် ၄ တွင် ဖွင့်ထားပါက သင့်ဖုန်းသည် သင်ရွေးချယ်ထားသည့် ဒေတာများကို အင်တာနက်နှင့်ချိတ်ဆက်မိပါက အလိုအလျောက် အရန်သိမ်းသွားမည်ဖြစ်သည်။

သင့်ဖုန်းတွင် သိုလှောင်မှုပမာဏလုံလောက်သော်လည်း ဆော့ဖ်ဝဲအပ်ဒိတ်လုပ်မရပါက လုံခြုံရေးအနေအထား တွင် အပ်ဒိတ်လုပ်ကြည့်နိုင်ပါသည်။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။ ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။

အဆင့် ၂ ။ ပါ၀ါပိတ်ပါ ကိုနှိပ်ပါ။

စခရင်ပိတ်သွားပြီးသည့်နောက်တွင် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကို တပြိုင်တည်းဖိ၍နှိပ်ထားပါ။ စခရင်ပိတ်သွားပြီးသည့်နောက်တွင် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကို တပြိုင်တည်းဖိ၍နှိပ်ထားပါ။

အဆင့် ၃။ စခရင်ပိတ်သွားပြီးသည့်နောက်တွင် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကို တပြိုင်တည်းဖိ၍နှိပ်ထားပါ။

အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။ အသံတိုးခလုတ်ဖိထားချိန်တွင် ဘေးခလုတ်ကိုလွှတ်ပါ။

အဆင့် ၄။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက အသံတိုးခလုတ်ကို ဆက်ဖိထားပြီး ဘေးခလုတ်ကို လွှတ်လိုက်ပါ။

လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။ လုံခြုံရေးအနေအထားတွင် အပ်ဒိတ်လုပ်ကြည့်ပါ။

အဆင့် ၅။ စခရင်ဘယ်ဘက်အောက်ထောင့်တွင် လုံခြုံရေးအနေအထား ဟုပေါ်လာပါက ခလုတ်ကိုလွှတ်လိုက်ပါ။ လုံခြံုရေးအနေအထား တွင် အပ်ဒိတ်လုပ်ကြည့်ပါ။

အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်၍ လုံခြုံရေးအနေအထားမှ ပုံမှန်အနေအထားသို့ပြန်ပြောင်းပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့်၂။ ပြန်စမည် ကိုရွေးပါ။ 

လုံခြုံရေးအနေအထားမှ သာမန်အနေအထားသို့ပြောင်းခြင်း

မှတ်ချက်။

  • အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ