အသံကိုကောင်းစွာအသိအမှတ်မပြုတော့သည့်အခါ သင့် Galaxy ဖုန်းရဲ့ မိုက်ကရိုဖုန်းကို ဘယ်လိုပြဿနာရှာဖွေမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

ဖုန်းပြောနေစဉ်အတွင်း မိမိပြောသည့်စကားသည်အရမ်းတိုးနေပါက သို့မဟုတ် Bixby သို့မဟုတ် Google Assistant တို့မှ အသံဖြင့်ခိုင်းစေမှုကို ကောင်းစွာမမှတ်မိတော့သည့်အခါ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်းလိုက်ပါလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

စစ်ဆေးမှု ၁။ သင့်ဖုန်း၏ မိုက်ကရိုဖုန်းကိုသန့်ရှင်းခြင်း

မိုက်ကရိုဖုန်းအပေါက်တွင် ကပ်နိုင်သည့် အကာအကွယ် သို့မဟုတ် ဖုန်းမဝယ်မီက အကာအကွယ်ပြားကပ်ထားခြင်း စသည့် ပြင်ပအရာဝထ္ထုများ ပိတ်နေပါက ဖုန်းသည် သင့်အသံကို ကောင်းစွာ မှတ်မိနိုင်မည်မဟုတ်ပါ။ မိုက်ကရိုဖုန်းသည် ဖုန်းအောက်ခြေတွင်ရှိပါသည်။ မိုက်ကရိုဖုန်းအပေါက်တွင် ပြင်ပအရာများ ပိတ်မိနေခြင်းမရှိစေရန် သေချာစွာလုပ်ဆောင်၍ တွေ့သမျှဖယ်ပြီးသည့်နောက်တွင် ထပ်မံကြိုးစားကြည့်ပါ။

သင့်ဖုန်း၏ မိုက်ကရိုဖုန်းကိုသန့်ရှင်းခြင်း

စစ်ဆေးမှု ၂။ ဖုန်းကို Restart ချပါ။

Restart ချခြင်းသည် ရိုးရှင်းစွာပဲ သင့်ပြဿနာကိုပြေလည်သွားစေနိုင်ပါသည်။ Restart ချပြီးသည့်နောက်တွင် ဖုန်းပြောနေစဉ် မိမိပြောသည့်အသံကို စစ်ဆေးခြင်း သို့မဟုတ်၊ Bixby သို့မဟုတ် Google Assistant ကို အသံဖြင့်ခိုင်းစေကြည့်ပါ။ သင့်ဖုန်းအား Restart ချရန် အောက်ပါအဆင့်များအတိုင်း လိုက်ပါလုပ်ဆောင်ပါ။

အဆင့် ၁။ Quick panel ဖွင့်ရန်အတွက် သင့်ဖုန်းမျက်နှာပြင်အပေါ်ဆုံးမှ အောက်သို့ဆွဲချလိုက်ပါ။

အဆင့် ၂။ Power ပုံကိုနှိပ်၍ Restart ကိုနှိပ်ပါ။

ဖုန်းကို Restart ချပါ။

အဆင့် ၃။ အကယ်၍ ပုံမှန်အတိုင်း restart ကျသွားပါက ပြဿနာဖြစ်နေသေးလားဆိုတာ စစ်ဆေးပါ။

စစ်ဆေးမှု ၃။ သင့်ဖုန်းကို Safe Mode ဖြင့်ဖွင့်ပါ။

Safe mode တွင် မိုက်ကရိုဖုန်းသုံးကြည့်ပါ။ Safe Mode တွင် ပြဿနာရှိပါက သင့်ဖုန်းတွင် ထည့်သွင်းထားမိသည့် ပြင်ပအက်ပ်တခုခုကြောင့် ဖြစ်နိုင်ပါသည်။ ဘယ် အက်ပ်ကြောင့် Wi-Fi ပြဿနာဖြစ်လဲ ရှာဖွေရန်အတွက် နောက်ဆုံးသွင်းထားသည်မှစ၍ အစဉ်လိုက် ဖျက်ပစ်ကြည့်နိုင်ပါသည်။

အဆင့် ၁။ Quick settings ကိုဖွင့်ပါ ဖန်သားပြင်အပေါ်ဘက်ရှိ Power ပုံကိုနှိပ်ပါ။

အဆင့် ၂။ Safe mode ပုံ ပေါ်လာသည်အထိ Power off ကိုဖိနှိပ်ထားပေးပါ။

အဆင့် ၃။ Safe mode ကိုနှိပ်ပါ။ အောင်မြင်စွာ Safe mode ကိုဝင်ပြီးပါက ဖန်သားပြင်အောက်ခြေတွင် Safe mode ဟုပြထားသည်ကို မြင်ရပါလိမ့်မည်။

သင့်ဖုန်းကို Safe Mode ဖြင့်ဖွင့်ပါ။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ