စပီကာနှစ်ခုလုံး အသံထွက်အောင်လုပ်နည်းနှင့် အသံတိတ်ပြဿနာများကိုဖြေရှင်းနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 21.12.2022

ကျွန်ုပ်တို့ Samsung သည် မိတ်ဆွေအနေဖြင့် တက်ဘလက်ပေါ်ရှိ အကြောင်းအရာများကို ပိုမိုကြီးမားသော မျက်နှာပြင်တွင် ထပ်မံတိုးချဲ့အသုံးပြု၍ ရနိုင်ခြင်း၏ အသုံးဝင်ပုံကို သိပါသည်။ ထို့ကြောင့် ယင်းလုပ်ဆောင်ချက်ကို အလွယ်တကူအသုံးပြုနည်းအား ပြသမည်ဖြစ်ပါသည်။

လက်တော့နှင့် ချိတ်ဆက်ထားသော တက်ဘလက် မြင်ကွင်း

သင်၏ တက်ဘလက်ကို မတူညီသော ကိရိယာများကို ချိတ်ဆက်ရန် အောက်ပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။

1 တက်ဘလက်တွင် မျက်နှာပြင်၏ ထိပ်ဆုံးမှ အောက်သို့ နှစ်ကြိမ်ပွတ်ဆွဲကာ အလွယ် အပြင်အဆင်များ ပန်နယ်ကို ဖွင့်ပါ။
2 အလွယ်အပြင်အဆင်များ ပန်နယ်တွင် နောက်ထပ်စာရင်းကို ကြည့်ရှုရန် ညာဘက်သို့ ပွတ်ဆွဲပါ။
3 ဒုတိယစာရင်းတွင် “ဒုတိယ မျက်နှာပြင်”ခလုတ်ကို နှိပ်ပါ။
အလွယ် အပြင်အဆင်များ ပန်နယ် ၏ ဒုတိယမြောက်ပန်နယ်တွင် “ဒုတိယ မျက်နှာပြင်”ပြထားသည့် မြင်ကွင်း။
4 “ပုံဆွဲခြင်း/ဂိမ်းဆော့ခြင်း” သို့မဟုတ် “ဗီဒီယို”တို့အနက် လိုချင်သော ချိတ်ဆက်မှုအမျိုးအစားကို ရွေးချယ်ပါ။ ချိတ်ဆက်သည့် အမျိုးအစားကို ရွေးချယ်ပြီးနောက်တွင် ဒုတိယစခရင် စာမျက်နှာမှ ထွက်မသွားပါနှင့်။
5 ကွန်ပျူတာတွင် ဝင်ရောက်ကာ ဝင်ဒိုး ကီးနှင့် K ကီးကို တစ်ပြိုင်တည်း နှိပ်ပါ။ ထို့နောက် ချိတ်ဆက်နိုင်သော ကိရိယာများစာရင်းကိုမှ ရွေးချယ်ပါ။ ဒုတိယစခရင် စာမျက်နှာကိုဖွင့်ထားသ၍ သင်၏ တက်ဘလက်သည် ကွန်ပျူတာတွင် ပေါ်နေပေလိမ့်မည်။
6 ယခုအခါတွင် သင်၏ ကွန်ပျူတာ စခရင်သည် တက်ဘလက် စခရင်တွင် ပေါ်နေလိမ့်မည်။ တူးဘားသည် စခရင်နှစ်ခုလုံး၏ ထိပ်တွင် ပေါ်နေလိမ့်မည်။ ထို့နောက် တူးဘားကို တင်ထားရန် သို့မဟုတ် ဖြုတ်ထားရန် ပင်ခလုတ် ကို နှိပ်ပါ။
အခြားကိရိယာကို ချိတ်ဆက်လိုက်သောအခါ သင်၏ တက်ဘလက်စခရင်။ ဤစခရင်တွင် ပင်ခလုတ်ပါဝင်သည့် တူးဘားပေါ်နေသည်။
7 ပြီးသွားသည့်အခါတွင် “ချိတ်ဆက်မှုဖြုတ်ပါ”ဆိုသည့် ခလုတ်ကို နှိပ်ကာ ချိတ်ဆက်ထားမှုကို ရပ်ပါ။

ကျေးဇူးပြု၍မှတ်သားထားပါ - ဒုတိယမျက်နှာပြင်လုပ်ဆောင်မှုကို One UI 3.1 နှင့်နောက်ဆက်တွဲဗားရှင်းများကိုအသုံးပြုထားသော Galaxy Tab S8 နှင့် S7 စီးရီးများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Windows 10 v2004 သို့မဟုတ် ၎င်းထက်မြင့်သောဗားရှင်းများကိုအသုံးပြုထားသော ဝိုင်ယာကြိုးမဲ့စခရင်ပါရှိသော တကိုယ်ရည်သုံးကွန်ပြူတာ (ပီစီ) များကိုလည်း ရွေးချယ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ