ဖုန်းမျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်ကို အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.07.2022

ဖုန်းမျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်သည် သင်၏စမတ်ဖုန်းကို ထိတွေ့ခြင်းမရှိဘဲ လော့ခ်ပိတ်ထားသော ဖုန်းမျက်နှာပြင်တွင် သတိပေးချက်များကို သင်ကြည့်ရှုနိုင်အောင် ချိတ်ဆက်ပေးထားသော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ နေ့ရက်၊ အချိန်၊ ရာသီဥတု၊ ပြက္ခဒိန် သို့မဟုတ် Bixby Routines အစရှိသည့် သင်မြင်တွေ့လိုသည့် အရာများကိုသာ ပြသရန် သင်၏ လော့ခ်ပိတ်ထားသောဖုန်းမျက်နှာပြင်ကိုလည်း စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။ မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်ကို တတ်နိုင်သမျှ ထိရောက်စွာအသုံးပြုနိုင်အောင်နောက်ထပ်နည်းလမ်းများကို လေ့လာရန် အောက်တွင်ဖတ်ပါ။ 

Galaxy ဖုန်းတွင် “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ််”၏လုပ်ဆောင်ချက်ကို ကြည့်ပါ။

မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်ကို မည်သို့ဖွင့်မည်နည်း။

မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်ကိုဖွင့်ရန် ဤအဆင့်များကို လုပ်ဆောင်ပေးပါ။

ဝိုင်းထားသောနေရာရှိ ဆက်တင်သင်္ကေတကိုသွား၍ Galaxy ဖုန်းမျက်နှာပြင်ကို ကြည့်ပါ။ ဝိုင်းထားသောနေရာရှိ ဆက်တင်သင်္ကေတကိုသွား၍ Galaxy ဖုန်းမျက်နှာပြင်ကို ကြည့်ပါ။

အဆင့် ၁ - သင်၏ ဖုန်းမျက်နှာပြင်မှ ဆက်တင် သို့ သွားပါ။

အရောင်ချယ်ထားသော “လော့ခ်မျက်နှာပြင်” ရှိသည့် ဆက်တင် မျက်နှာပြင်ကို ကြည့်ပါ။ အရောင်ချယ်ထားသော “လော့ခ်မျက်နှာပြင်” ရှိသည့် ဆက်တင် မျက်နှာပြင်ကို ကြည့်ပါ။

အဆင့် ၂”လော့ခ်ပိတ်ထားသောဖုန်းမျက်နှာပြင်” ကို နှိပ်လိုက်ပါ။

လော့ခ်ပိတ်ထားသောဖုန်းမျက်နှာပြင် မီနူးရှိ ဝိုင်းထားသော “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်” အဖွင့်အပိတ်ခလုတ် ကို ကြည့်ပါ။ လော့ခ်ပိတ်ထားသောဖုန်းမျက်နှာပြင် မီနူးရှိ ဝိုင်းထားသော “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်” အဖွင့်အပိတ်ခလုတ် ကို ကြည့်ပါ။

အဆင့် ၃ “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်”ကို ဖွင့်ရန် အဖွင့်အပိတ်ခလုတ် ကို နှိပ်ပါ။

ဝိုင်းထားသော အဖွင့်အပိတ်းခလုတ် ပါသည့် “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်”ကို ကြည့်ပါ။ ဝိုင်းထားသော အဖွင့်အပိတ်းခလုတ် ပါသည့် “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်”ကို ကြည့်ပါ။

အဆင့် ၄ ဆက်တင်ကို စစ်ဆေးရန် “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်”ကို နှိပ်ပါ။

ကျေးဇူးပြုပြီး မှတ်သားထားပါ- 

  • “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်” နှင့် ၎င်း၏အချို့ လုပ်ဆောင်ချက်များကို ဖုန်းအချို့တွင်သာ ရရှိနိုင်ပါသည်။ သင်၏ဖုန်းသည် ပြသထားသည့် နမူနာများနှင့်ကွဲပြားပါက နောက်ဆုံးပေါ် “မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်” လုပ်ဆောင်ချက်များကို အသုံးမပြုနိုင်ပါ။ နောက်ဆုံးပေါ် ဆော့ဖ်ဝဲလ်ဗားရှင်းကို အသုံးပြုခြင်း ဖြစ်ပါစေ။
  • ဘက်ထရီအားကုန်မှုကိုသက်သာစေသည့် စနစ်ကို အသုံးပြုမည်ဆိုပါ မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ် ကို အသုံးမပြုနိုင်ပါ။ ဘက်ထရီအားကုန်မှုကိုသက်သာစေသည့် စနစ်ကို အသုံးပြုမည်ဆိုပါ မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ် ကို အသုံးမပြုနိုင်ပါ။ 

ဆက်တင်ကို မည်သို့ပြောင်းလဲမည်နည်း။

မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ် ဆက်တင်ကို ပြောင်းလဲရန် ဆက်တင်မီနူးမှတစ်ဆင့် မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ် ကို ဖွင့်ပါ။ ထိုနေရာမှနေ၍ သင်နှစ်သက်သည့် မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ် ဆက်တင်ကို ရွေးချယ်ပါ။ 

1.     သင်နှစ်သက်ရာမျက်နှာပြင်ပုံစံကို ရွေးချယ်ပါ။

  • ဖုန်းမျက်နှာပြင်ကိုထိသည့်အချိန်တွင်သာအသုံးပြုရန်။ သင်သည် ဖုန်းမျက်နှာပြင်ကို ထိသည့်အခါ စက္ကန့်အနည်းငယ်ကြာအောင် ဖုန်းမျက်နှာပြင် ပွင့်နေမည်။
  • ဖုန်းမျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားရန်- ဖုန်းမျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားမည်
  • ဖုန်းမျက်နှာပြင်ကိုသတ်မှတ်အချိန်ဇယားအတိုင်းဖွင့်ရန် - ဖုန်းမျက်နှာပြင်ကိုသင်သတ်မှတ်ထားသည့် အချိန်အတိုင်းသာ ဖွင့်ထားမည်။ မျက်နှာပြင်ဖွင့်ထားရန်အတွက် စချိန်နှင့် ဆုံးချိန်များ သတ်မှတ်ရန် “အချိန်ဇယား သတ်မှတ်ခြင်း” ကို နှိပ်ပါ။
  • သတိပေးချက် အသစ်များ ပြသရန် - မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ် က သတိပေးချက်အသစ်များကိုသာ ပြသပါမည်။

2.      “နာရီပုံစံ ကို နှိပ်ပြီး ရရှိနိုင်သည့် ပုံစံများ၊ အရောင်များနှင့် အပြင်အဆင်များမှ သင်ကြိုက်နှစ်သက်သည့် နာရီပုံစံအမျိုးအစားကို ရွေးချယ်ပါ။ ဆန္ဒရှိပါက သင်၏ကိုယ်ပိုင်ဓာတ်ပုံများ သို့မဟုတ် gif များကို တင်နိုင်ပါသည်။ သင်၏ နာရီပုံစံအမျိုးအစားကို စိတ်ကြိုက်လုပ်ဆောင်ပြီးသည့်အခါ သိမ်းဆည်းရန် “လုပ်ဆောင်ပြီး” ကို နှိပ်ပါ။ 

3.     “ဖုန်းအလင်းရောင်ကို အလိုအလျောက်ပြောင်းလဲပေးသည့်စနစ်” ဖွင့်ရန် သို့မဟုတ် ပိတ်ရန် အဖွင့်အပိတ်ခလုတ်ကို နှိပ်ပါ။

4.     “ဖုန်းမျက်နှာပြင်အနေအထား” ကို နှိပ်ပြီးနောက် “ဒေါင်လိုက်” သို့မဟုတ် “အလျားလိုက်” ကို ရွေးပါ။

5.     သင်ပြောင်းလဲထားသည်များကို သိမ်းဆည်းရန် အနောက်ဘက်ပြထားသည့်မြှား ကို နှိပ်ပါ။

မည်သည့် အက်ပလီကေးရှင်းများကို ပြသမည်ဆိုသည်ကို မည်သို့ရွေးချယ်ရမည်နည်း။

မျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ် ပွင့်နေပါက ၎င်းက နာရီနှင့်သတိပေးချက်များကို အမြဲတမ်းပြသပေးမည်ဖြစ်ပါသည်။ သို့သော် အောက်တွင် ဖော်ပြထားသောအဆင့်များကို‌ ပြုလုပ်ခြင်းဖြင့် သီချင်း၊ ပြက္ခဒိန်၊ ရာသီဥတု သို့မဟုတ် Bixby Routines အစရှိသည်တို့ကို ပြသရန် အခြားအက်ပလီကေးရှင်းများကို အမြဲတမ်း ထည့်သွင်းနိုင်ပါသည်။

ဝိုင်းထားသောနေရာရှိ ဆက်တင်သင်္ကေတ သို့သွား၍ Galaxy ဖုန်းမျက်နှာပြင်ကို ကြည့်ပါ။ ဝိုင်းထားသောနေရာရှိ ဆက်တင်သင်္ကေတ သို့သွား၍ Galaxy ဖုန်းမျက်နှာပြင်ကို ကြည့်ပါ။

အဆင့် ၁ - သင်၏ ဖုန်းမျက်နှာပြင်မှ ဆက်တင် သို့ သွားပါ။

ဝိုင်းပြထားသော “လော့ခ်ပိတ်ထားသော ဖုန်းမျက်နှာပြင်” ပါသည့် ဆက်တင် မျက်နှာပြင်ကို ကြည့်ပါ။ ဝိုင်းပြထားသော “လော့ခ်ပိတ်ထားသော ဖုန်းမျက်နှာပြင်” ပါသည့် ဆက်တင် မျက်နှာပြင်ကို ကြည့်ပါ။

အဆင့် ၂ “လော့ခ်ပိတ်ထားသော ဖုန်းမျက်နှာပြင်”ကို နှိပ်ပါ။

ဝိုင်းထားသော “Widgets” ပါသည့် “လော့ခ်ပိတ်ထားသော ဖုန်းမျက်နှာပြင်”“ ကို ကြည့်ပါ။ ဝိုင်းထားသော “Widgets” ပါသည့် “လော့ခ်ပိတ်ထားသော ဖုန်းမျက်နှာပြင်”“ ကို ကြည့်ပါ။

အဆင့် ၃ “Widgets” ကို ရွေးပါ။

ဝိုင်းပြထားသောသီချင်း အဖွင့်အပိတ်ခလုတ် နှင့် “Widgets” တွင် ပါဝင်သည့်အပလီကေးရှင်းများကို ကြည့်ပါ။ ဝိုင်းပြထားသောသီချင်း အဖွင့်အပိတ်ခလုတ် နှင့် “Widgets” တွင် ပါဝင်သည့်အပလီကေးရှင်းများကို ကြည့်ပါ။

အဆင့် ၄ - လော့ခ်မျက်နှာပြင်တွင် သင်ကြည့်လိုသည့် အက်ပလီကေးရှင်းတစ်ခုချင်း၏ ဘေးဘက်ရှိ အဖွင့်အပိတ်ခလုတ်များ ကို နှိပ်ပါ။ “ဖုန်းမျက်နှာပြင်ကိုအမြဲတမ်းဖွင့်ထားသည့်စနစ်” ခလုတ်ကို ဖွင့်ထားပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ