Samsung Galaxy S22 စီးရီးများကို သော့ဖွင့်ရန်အတွက် လက်ဗွေအသိအမှတ်ပြုမှုကို ဘယ်လိုသတ်မှတ်အသုံးပြုမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 04.03.2022

သင့် Samsung Galaxy ဖုန်း၏ လက်ဗွေဆင်ဆာသည် အဆင်ပြေပြီးလုံခြုံသည့် ဖုန်းသော့ဖွင့်ခြင်းနှင့် သင့်အချက်အလက်များကိုပါလုံခြုံအောင်လုပ်ပေးနိုင်သည့် နည်းလမ်းဖြစ်ပါသည်။ အကယ်၍ သင်သည် သင်၏လက်ဗွေရာအာရုံခံကိရိယာကို အသုံးပြုတဲ့အခါ အခက်အခဲရှိပါက စဉ်းစားစရာအနည်းငယ်သာရှိသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင့်ဖုန်းရှိ လက်ဗွေလုံခြုံရေးစနစ်

လက်ဗွေအသိအမှတ်ပြုခြင်းသည် သင့်ဖုန်း၏လုံခြုံရေးကိုမြှင့်တင်ပေးရန်အတွက် သင့်လက်ဗွေ၏ ဝိသေသများကိုအသုံးချပါသည်။ သင့်ဖုန်းအားသော့ဖွင့်ရန်အတွက် လက်ဗွေအသုံးပြုခြင်းသည် PIN သို့မဟုတ် စကားဝှက်အသုံးပြုခြင်းထက် ပိုမိုမြန်ဆန် အဆင်ပြေပါသည်။ လက်ဗွေအသိအမှတ်ပြုမှု အလုပ်လုပ်စေရန် သင့်လက်ဗွေအချက်အလက်များကို သင့်ဖုန်းထဲတွင် စာရင်းသွင်းပြီးသိမ်းဆည်းထားရန်လိုပါသည်။

ဖုန်း လက်ဗွေအသိအမှတ်ပြုခြင်း

မှတ်ချက် - လက်ဗွေလုပ်ဆောင်ချက်ကို ရေအောက်တွင်အသုံးမပြုပါနှင့်။ သင့်ဖုန်းသည် IP68 အသိအမှတ်ပြုအဆင့်ရှိနေသော်လည်း ရေအောက်တွင်မူ လက်ဗွေအသိအမှတ်ပြုမှုကို မလုပ်ဆောင်နိုင်စေရန် ပိတ်ပင်ထားပါသည်။

လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၁ လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၁

အဆင့် ၁။ သတ်မှတ်ချက်များ ကိုဖွင့်၍ ဇီ၀ရုပ်လက္ခဏာများနှင့်လုံခြုံရေး ကိုနှိပ်ပါ။

လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၂ လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၂

အဆင့် ၂။ လက်ဗွေများ ကိုနှိပ်ပါ။

လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၃ လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၃

အဆင့် ၃။ စခရင်တွင်ပေါ်လာသည့်လမ်းညွှန်များကိုဖတ်၍ ဆက်သွားမည် ကိုနှိပ်ပါ။

လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၄ လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၄

အဆင့် ၄။ လုံခြုံရေးစခရင်သော့နည်းလမ်း သတ်မှတ်ပါ။

လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၅ လက်ဗွေအသိအမှတ်ပြုမှုစာရင်းသွင်းခြင်း အဆင့် ၅

အဆင့် ၅။ သင့်လက်ချောင်းကို လက်ဗွေအသိအမှတ်ပြုမှုဆင်ဆာပေါ်တွင် တင်ပါ။

ဖုန်းမှ သင့်လက်အား သိပါက ပြန်မြှောက်၍ လက်ဗွေအသိအမှတ်ပြုဆင်ဆာပေါ်တွင် ထပ်တင်ပါ။ လက်ဗွေအောင်မြင်စွာ စာရင်းသွင်းပြီးသည်အထိ ထပ်ခါထပ်ခါပြုလုပ်ပါ။

ပိုကောင်းသည့် လက်ဗွေအသိအမှတ်ပြုမှုအတွက်
သင့်လက်ဗွေအား ဖုန်းတွင်စကန်သည့်အချိန်တွင် ယခုလုပ်ဆောင်ချက်ကို သက်ရောက်စေနိုင်သည့် အောက်ပါအခြေအနေများကို သတိပြုပါ။

  • အမာရွတ်များ သို့မဟုတ် တွန့်နေခြင်းတို့ဖြစ်နေပါက လက်ဗွေကိုအသိအမှတ်ပြုမပြုခြင်းမျိုး ဖြစ်နိုင်ပါသည်။
  • သေးငယ်သွယ်လျသည့်လက်ချောင်းများကို အသိအမှတ်ပြုမပြုခြင်းမျိုး ဖြစ်နိုင်ပါသည်။
  • အသိအမှတ်ပြုခြင်းလုပ်ဆောင်ချက် တိုးတက်စေရန်အတွက် ဖုန်းအသုံးများသည့်လက်ချောင်းဖြင့် လက်ဗွေစာရင်းသွင်းပါ။
  • သင့်ဖုန်းစခရင်အောက်ခြေတွင် လက်ဗွေအသိအမှတ်ပြုမှုဆင်ဆာ ပါရှိပြီးသားဖြစ်သည်။ လက်ဗွေအသိအမှတ်ပြုမှုဆင်ဆာပေါ်ရှိ နေရာ သို့မဟုတ် စခရင်မှန်ကပ်တို့တွင် အကြွေစေ့ ၊ သော့ ၊ ဘောပင် နှင့် လည်ဆွဲကဲ့သို့အရာ၀ထ္ထုများကြောင့် ခြစ်ရာ သို့မဟုတ် ပျက်စီးရာများရှိမရှိ စစ်ဆေးပါ။
  • စခရင်အလယ်အောက်ရှိ လက်ဗွေအသိအမှတ်ပြုမှုဆင်ဆာနေရာနှင့် သင့်လက်ချောင်းများ သန့်ရှင်းခြောက်သွေ့နေကြောင်းသေချာပါစေ။
  • သင့်လက်ချောင်းကိုကွေးထားခြင်း သို့မဟုတ် လက်ဖျားထိပ်ဖြင့်အသုံးပြုလုပ်ဆောင်ပါက ဖုန်းသည်သင့်လက်ဗွေကိုအသိအမှတ်ပြုမည်မဟုတ်ပါ။ သင့်လက်ချောင်းသည် လက်ဗွေအသိအမှတ်ပြုမှုနေရာမျက်နှာပြင်တွင် ပြန့်ကားသွားစေရန် အပြည့်အ၀ တင်ပြီး ဖိချပေးပါ။

သင့်လက်ဗွေဖြင့် စခရင်သော့ဖွင့်ခြင်း
PIN, pattern သို့မဟုတ် စကားဝှက်တို့အစား သင့်လက်ဗွေကိုသုံး၍ စခရင်သော့ကိုဖွင့်နိုင်ပါသည်။

အဆင့် ၁။ သတ်မှတ်ချက်များ စခရင်မှ ဇီ၀ရုပ်လက္ခဏာများနှင့်လုံခြုံရေး ကိုနှိပ်ပါ။

အဆင့် ၂။ လက်ရှိစခရင်သော့နည်းလမ်းဖြင့် စခရင်သော့ဖွင့်ပေးပါ။

အဆင့် ၃။ လက်ဗွေသော့ဖွင့်ခြင်း ခလုတ်ကိုနှိပ်၍ဖွင့်ပါ။ သော့စခရင်ပေါ်တွင် သင့်လက်ချောင်းကို အသိအမှတ်ပြုမှုဆင်ဆာတွင် တင်၍ လက်ဗွေစကန်ဖတ်ပါ။

လက်ဗွေသော့ဖွင့်ခြင်း ဖွင့်ခြင်း

လက်ဗွေပုံအားမြင်ရအောင်လုပ်ခြင်း
စခရင်ပိတ်ထားသည့်အချိန်တွင် စခရင်ကိုနှိပ်လိုက်ပါက လက်ဗွေအသိအမှတ်ပြုမှုပုံအား ပြထားခြင်း သို့မဟုတ် မပြအောင်သတ်မှတ်ခြင်း။

အဆင့် ၁။ သတ်မှတ်ချက်များ မှ ဇီ၀ရုပ်လက္ခဏာများနှင့်လုံခြုံရေး > လက်ဗွေများ ကိုနှိပ်ပါ။

အဆင့် ၂။ လက်ရှိစခရင်သော့နည်းလမ်းဖြင့် စခရင်သော့ဖွင့်ပေးပါ။

အဆင့် ၃။ စခရင်ပိတ်ထားချိန်တွင် icon ပြထားမည် ကိုနှိပ်၍ ရွေးချယ်ပေးပါ။

Always On Display တွင် ပုံပြထားခြင်း

စာရင်းသွင်းပြီးသည့်လက်ဗွေများအား ဖျက်ပစ်ခြင်း။
စာရင်းသွင်းထားသည့်လက်ဗွေများအား ဖျက်ပစ်နိုင်ပါသည်။

အဆင့် ၁။ သတ်မှတ်ချက်များ မှ ဇီ၀ရုပ်လက္ခဏာများနှင့်လုံခြုံရေး > လက်ဗွေများ ကိုနှိပ်ပါ။

အဆင့် ၂။ လက်ရှိစခရင်သော့နည်းလမ်းဖြင့် စခရင်သော့ဖွင့်ပေးပါ။

အဆင့် ၃။ ဖျက်မည့် လက်ဗွေအားရွေးချယ်၍ ဖယ်ရှားမည် ကိုနှိပ်ပါ။

လက်ဗွေအသိအမှတ်ပြုမှုဖျက်သိမ်းခြင်း

သင်သည် ဖုန်းသော့ဖွင့်ရန် လက်ဗွေသို့မဟုတ် မျက်နှာအသိအမှတ်ပြုမှုများပါဝင်သည့် ဇီ၀ရုပ်လက္ခဏာအသိအမှတ်ပြုမှုကို ရွေးချယ်ထားပါက Android OS မူဝါဒအရ အချို့သောအခြေအနေများတွင် လက်ဗွေနှင့်မျက်နှာအသိအမှတ်ပြုမှုများအစား စခရင်မှ သင့် PIN, pattern နှင့် စကားဝှက်သာတောင်းဆိုနေခြင်းမျိုးပေါ်လာနိုင်ပါသည်။

  • လွန်ခဲ့သည့် ၂၄ နာရီအတွင်း လက်ဗွေသို့မဟုတ် မျက်နှာအသိအမှတ်ပြုမှုတို့ပါဝင်သည့် ဇီ၀ရုပ်လက္ခဏာများကိုအသုံးပြု၍ သော့ဖွင့်ထားခြင်း။
  • သင့်ဖုန်းအား လက်ဗွေ သို့မဟုတ် မျက်နှာအသိအမှတ်ပြုမှုဖြင့် သော့ဖွင့်ထားပြီးသည့်နောက် ထပ်မံ၍ သော့ဖွင့်ခြင်းမရှိသည့်အချိန် ၄ နာရီကျော်လွန်သွားခြင်း။
  • လက်ဗွေအသိအမှတ်ပြုမှုကို စခရင်သော့ပုံစံသတ်မှတ်ထားသော်လည်း PIN, Pattern သို့မဟုတ် စကားဝှက်များဖြင့်သာ သော့ဖွင့်နေသည့်အချိန် ၇၂ နာရီကျော်သွားခြင်း။

၎င်းသည် သင့်ဖုန်းလုံခြုံရေးကိုမြှင့်တင်ရန် တမင်ရည်ရွယ်ထားသည့်တုံ့ပြန်မှုတခုဖြစ်ပါသည်။ ထို့အပြင် သင့်ဖုန်းအား ပြန်စပြီးသည့်အချိန်သို့မဟုတ် သင့်ဖုန်းအားမသုံးသည့်အချိန် ၂၄ နာရီကျော်သွားပါက သင်သည် PIN,Pattern နှင့် စကားဝှက်ကိုသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

စခရင်အဖွင့်အပိတ်လုပ်သည့်အချိန်တွင် သက်ဆိုင်ရာ ထိတွေ့မှုမော်ဂျူးကိုစတင်ပေးသည့် ယာယီဖြစ်ပေါ်လာနိုင်သည့် အသံကိုလျှော့ချရန်အတွက် ၀.၃ စက္ကန့်နှောင့်နှေးထားပါသည်။ ထို့ကြောင့် သင့်လက်ဗွေအား စခရင်ဖွင့်ပိတ်သည့်အချိန်နှင့်တပြိုင်နက် အသိအမှတ်ပြုစေရန် ကြိုးစားပါကလည်း ဖုန်းသည် သင့်လက်ဗွေကို ချက်ချင်းကောင်းမွန်စွာ အသိအမှတ်ပြုနိုင်မည်မဟုတ်ပါ။ နောက်တခေါက်ထပ်ကြိုးစားကြည့်ပါ။ အလုပ်လုပ်နိုင်ပါသည်။

မတော်တဆလက်ဗွေအသိအမှတ်ပြုမိခြင်းမှ ကာကွယ်ရန် လက်ဗွေအမြဲဖွင့်ထားသည့်လုပ်ဆောင်ချက်ကို ပိတ်ထားသင့်ပါသည်။ အဆိုပါလုပ်ဆောင်ချက်ကိုဖွင့်ထားပါက သင်ဖုန်းကိုင်ထားသမျှကာလပတ်လုံး သင့်ဖုန်းမှသင့်လက်ဗွေကိုစကန်ဖတ်ရန် ကြိုးစားနေပါလိမ့်မည်။ ၎င်းသည် မလိုအပ်ဘဲ တုန်ခါခြင်းနှင့် သော့ပွင့်သွားခြင်းမျိုးဖြစ်စေနိုင်ပါသည်။ ယခုလုပ်ဆောင်ချက်အား အသုံးပြုရန်အဆင်မပြေဟု ယူဆပါက လုပ်ဆောင်ချက်ကိုပိတ်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ သတ်မှတ်ချက်များ မှ ဇီ၀ရုပ်က္ခဏာများနှင့်လုံခြုံရေး ကိုရွေးပါ။

အဆင့် ၂။ လက်ဗွေများ ကိုနှိပ်ပါ။

အဆင့် ၃။ Fingerprint always on ဘေးရှိခလုတ်ကို ပိတ်ပါ။

မှတ်ချက် -

  • ဖုန်းစခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။
  • မှန်ကပ် သို့မဟုတ် စခရင်အကပ်ကပ်ပြီးသည့်နောက်တွင် လက်ဗွေပြန်လည် စာရင်းသွင်းရန်လိုအပ်နိုင်ပါသည်။ လက်ဗွေစာရင်းသွင်းခြင်း သို့မဟုတ် စကန်ဖတ်နေခြင်းလုပ်ဆောင်နေစဉ် သင့်လက်ဗွေ၏ အမြင့်ဆုံးအလယ်အကျဆုံးအပိုင်းကိုအသုံးပြုခြင်း သို့မဟုတ် လက်ဗွေ၏အမောက်ဆုံးအပိုင်းဖြင့် သေချာစွာစာရင်းသွင်းပါ။
  • မျဉ်းများ ၊ အပြောက်များ ၊ အခုံးများစသည်တို့ မှန်ကပ်ဖလင် သို့မဟုတ် မှန်ကပ်ဖန်ပြားပေါ်တွင်ရှိနေခြင်း သို့မဟုတ် ကိုက်ညီမှု အသိအမှတ်ပြုမှုမရရှိထားသည့် ပြင်ပထုတ်ကုန်များကိုအသုံးပြုနေခြင်းတို့ဖြစ်ပါက လက်ဗွေအသိအမှတ်ပြုမှုလုပ်ဆောင်ချက် ကောင်းစွာအလုပ်မလုပ်ခြင်းမျိုးဖြစ်နိုင်ပါသည်။ အသုံးမပြုမီ ကိုက်ညီမှု သို့မဟုတ် အသိအမှတ်ပြုမှုကို စစ်ဆေးရန်လိုအပ်ပါသည်။
  • အသိအမှတ်ပြု စခရင်မှန်ကပ်ကို Samsung ၏အွန်လိုင်းနှင့် အော့ဖ်လိုင်းစတိုးများတွင် ရရှိနိုင်ပါသည်။ စခရင်မှန်ကပ် ကပ်နည်း အကြောင်းပိုမိုလေ့လာလိုက်ပါ။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ