Find My Mobile ကို အသုံးပြုနည်း

နောက်ဆုံးအပ်ဒိတ်လုပ်သည့်နေ့ : 19.10.2018
Find My Mobile

သင့်ဖုန်းပျောက်သွားပါသလား?

 

စိတ်မညစ်ပါနဲ့။ Find My Mobile နဲ့သင့်ဖုန်းတည်နေရာကို ရှာဖွေနိုင်ပြီး သင့် ဒေတာအချက်အလက်တွေကိုလည်း ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့ စကားဝှက် (သို့) PIN ကိုမေ့နေရင်တောင်မှ သင့်ဖုန်းကို သော့ပြန်ဖွင့်နိုင်မှာပါ။

 

Samsung Account ကို ဖန်တီးရန်နှင့် Sign in ၀င်ရောက်ရန် Click Here ကို နှိပ်ပါ။

Find My Mobile ကို မိမိဖုန်းတွင် phone အသုံးပြုရန် Click Here ကို နှိပ်ပါ။

မှတ်ချက်။ ဤ ၀န်ဆောင်မှုကို အသုံးပြုရန် မိမိ၏ device တွင် Samsung Account ကို sign in ၀င်ရောက်ထားရပါမည်။

 

ရှာဖွေလိုသော (သို့) Unlock ပြုလုပ်လိုသော Device သည် wifi (သို့) mobile internet နှင့် ချိတ်ဆက်ထားမှသာ အဝေးထိန်းချုပ်ခြင်းအား လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Find My Mobile သို့ Sign in ၀င်ရောက်ရန်

1 Web browser ကို ဖွင့်ပြီး http://findmymobile.samsung.com သို့ ၀င်ရောက်ပါ။
2 အသုံးပြုခြင်းစတင်ရန် Sign In ကို ရွေးပါ။
Find My Mobile
3 မိမိ အချက်အလက်များကို ဖြည့်ပါ။ ပြီးနောက် reCAPTCHA box ကို အမှန်ခြစ်ပြီး Sign In ကို ရွေးပါ။
အကယ်၍ မိမိ ၀င်ရောက်ခဲ့ပြီးသော email နှင့် password ကို မမှတ်မိပါက Click Here ကို နှိပ်ပြီး မိမိ ID ကို ရှာခြင်း (သို့) password အသစ်ထည့်သွင်းခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
Sign In To Find My Mobile
4 Browser တွင် Sign In ပြုလုပ်ပြီးပါက မြေပုံပေါ်လာပါမည်။ Mobile ဖုန်းမျက်နှာပြင်တွင် မြားကို အောက်ပါအတိုင်း လုပ်ဆောင်ရုံဖြင့် မြေပုံ မြင်ကွင်း နှင့် ထိန်းချုပ်ရန် မြင်ကွင်းတို့ကို ပြန်ပြောင်းကြည့်နိုင်သည်။
Map and Control View

Find My Mobile သည် မိမိ Device အားရှာဖွေရာတွင် Server ၏ လုပ်ဆောင်မှုနှင့် Signal Strength အပေါ်မူတည်၍ အချိန်ကြာမြင့်မှု အနည်းငယ်ရှိနိုင်သည်။
မိမိ Device ကို ၅ မိနစ်အတွင်း ရှာဖွေမတွေ့ပါက စာမျက်နှာကို ပြန်လည် ခေါ်ယူခြင်း (သို့) အကောင့်မှ Log out ပြုလုပ်ပြီး ပြန်လည်ဝင်ရောက်ခြင်းတို့ကို လုပ်ဆောင်ပါ။

5 အကယ်၍ သင်၏ Samsung Account တွင် Device တစ်ခုထက်ပို၍ သိမ်းဆည်းထားပါက စာမျက်နှာ၏ ဘယ်ဘက်အပေါ်ထောင့်ရှိ Menu ခလုတ်အားနှိပ်ပြီး device ကို ပြောင်းလဲခြင်း၊ ကြည့်ရှုခြင်း တို့ လုပ်ဆောင်နိုင်သည်။
Multiple Device Menu

Remote Control လုပ်ဆောင်ချက်များ -

Find My Mobile Options

မိမိဖုန်းကို ခေါ်ဆိုခြင်းခြဲ့ရနျနှိပျပါ

Ring လုပ်ဆောင်မှုအား ရွေးခြယ်ခြင်းဖြင့် မိမိ Device ကို အသံ Volume အမြင့်ဆုံး ဖြင့် ၁ မိနစ်စာ ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သည်။

(မိမိ Device သည် Vibrate (သို့) အသံ ပိတ်ထားသည့် အခြေအနေတွင်ပင်)

 

 

Ring ကို နှိပ်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်။

Ring My Device
မိမိ Device ကို သော့ခတ်ခြင်းခြဲ့ရနျနှိပျပါ

Lock (သော့ခတ်ခြင်း) လုပ်ဆောင်ချက်သည် မိမိ device ကို အခြားသူများက ၀င်ရောက်မှုမပြုနိုင်အောင် PIN အပိုတစ်ခု ထည့်သွင်းခြင်းအား ခွင့်ပြုပေးသည်။

၎င်းသည် device ကို ပိတ်ခြင်းမပြုလုပ်နိုင်အောင်ဆောင်ရွက်ပေးပြီး မိမိအား အရေးပေါ်ဆက်သွယ်နိုင်သော ဖုန်းနံပါတ်တစ်ခုကိုလည်း ချန်ထားခဲ့နိုင်သည်။

Samsung Pay ကိုအသုံးပြုသူဖြစ်ပါက အလွဲသုံးစားမှုများ မဖြစ်စေရန် သိမ်းထားသော ကဒ်များကို ဆိုင်းငံ့လိုက်မည်ဖြစ်သည်။

Lock My Device

အရေးပေါ်ဆက်သွယ်ရန် ပြည်တွင်း (သို့) ပြည်ပ ဖုန်းနံပါတ်တစ်ခုကို ထည့်သွင်းရန်နှင့် မျက်နှာပြင်ပေါ်တွင် ပေါ်စေလိုသော စာသားများကိုထည့်သွင်းရန် နံပါတ် 4 လုံးမှ 8 လုံး ထိ PIN အသစ်ကို ထည့်သွင်း၍ လုပ်ဆောင်နိုင်ပြီး ထိုလုပ်ဆောင်ချက်သက်ရောက်စေရန် Lock ကို ရွေးပါ။

 

 

Device သည် lock ကျနေမည်ဖြစ်ပြီး သင်ထည့်သွင်းခဲ့သော PIN အသစ်ဖြင့်သာ Unlock ပြုလုပ်နိုင်မည်ဖြစ်သည်။

Locked Device
ဒေတာများအားလုံးကို ဖျက်ခြင်းခြဲ့ရနျနှိပျပါ

မိမိအနေဖြင့် device အတွင်းရှိ ဒေတာများအားလုံးကို ပြန်လည်မရယူနိုင်တော့ဟု ယူဆပါကသော်လည်းကောင်း (သို့) SD ကဒ်အတွင်းရှိ အချက်အလက်များ အခြားသူမှ ရယူနိုင်ခြင်းမပြုရန် “Erase” လုပ်ဆောင်ချက်ဖြင့် ဒေတာများအားလုံးဖျက်ဆီးခြင်းကို အဝေးမှ လုပ်ဆောင်နိုင်သည်။

ဤလုပ်ဆောင်ချက်သည် Samsung Cloud (သို့) Google Account ဖြင့် သိမ်းဆည်းထားပြီးသော ဒေတာများမှအပ အခြားဒေတာများကို ပြန်လည်ခေါ်ယူခြင်း / ရယူခြင်း မပြု လုပ်နိုင်ပါ။ ဤလုပ်ဆောင်ချက်ကို လုပ်ဆောင်ခြင်းဖြင့် device အတွင်းရှိ Google Account သည် lock ကျသွားမည်ဖြစ်သည်။

Erase All Data
မိမိ ဒေတာများကို Backup ရယူခြင်းခြဲ့ရနျနှိပျပါ

Backup လုပ်ဆောင်ချက်သည် Android OS 7.0 (Nougat) နှင့် အထက်ရရှိသော device များတွင်သာ အသုံးပြု၍ ရနိုင်သည်။
၎င်းသည် ပုံမှန်အချိန်တွင် Wifi နှင့် ချိတ်ဆက်မိမှသာ လုပ်ဆောင်မှုပြီးသော အချက်အလက်များကို backup ပြုလုပ်ရန် တွန်းအားပေးသော်လည်း contact နှင့် message များအားလုံးကို server သို့သိမ်းဆည်းရန် ခွင့်ပြုပေးပြီး အခြား Samsung device တစ်ခုဖြင့် ဤအချက်အလက်များကို ပြန်လည်ရယူနိုင်သည်။

Back Up My Device
ခေါ်ဆိုမှုများနှင့် မက်ဆေ့ခ်ျများကို ပြန်လည်ပိုင်ဆိုင်ခြင်းခြဲ့ရနျနှိပျပါ

ဤလုပ်ဆောင်ချက်သည် နောက်ဆုံးခေါ်ဆိုမှုပြုလုပ်ထားသော ဖုန်းနံပါတ် ၅၀ ခုကို အချိန်၊ နေ့စွဲ၊ ဖုန်းခေါ်ဆိုမှု ကြာမြင့်ချိန်နှင့် contact အမည် (မိမိသိမ်းဆည်းထားသည့်) တို့ကို စာရင်းဖြင့် ဖော်ပြမည်ဖြစ်သည်။ မက်ဆေ့ခ်ျ content များကိုတော့ ပြန်လည်ပိုင်ဆိုင်ရန်ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဘဲ မက်ဆေ့ခ်ျရရှိသော အချိန်နှင့် နေ့စွဲသာ ရရှိနိုင်ပါမည်။

Retrieve Calls And Messages
Unlock ပြုလုပ်ခြင်းခြဲ့ရနျနှိပျပါ

မိမိ PIN, Pattern (သို့) Password တို့ မေ့နေ၍ device ကို ဖွင့်မရချိန်တွင် Unlock လုပ်ဆောင်ချက်အားအသုံးပြုပြီး Screen Lock type အားလုံး (မည်သည့် Biometric info မဆို)ကို ဖယ်ရှားနိုင်သည်။ ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် မိမိ၏ Samsung Account password ကို တစ်ကြိမ်ထပ်မံ ရိုက်ထည့်ရန်လိုအပ်ပါသည်။

Unlock My Device
ဘက်ထရီ သက်တမ်းတိုးခြင်းခြဲ့ရနျနှိပျပါ

မိမိအနေဖြင့် device ဘက်ထရီမကုန်မီ device အား ရှာဖွေ၍မတွေ့ဖြစ်မည်ကို စိုးရိမ်ပါက Ultra (သို့) Maximum power saving mode ကို အဝေးမှ activate ပြုလုပ်ပြီး တတ်နိုင်သမျှ device ပွင့်နေစေရန် ပြုလုပ်နိုင်သည်။ ဤလုပ်ဆောင်ချက်ကို အသုံးပြုပြီးနောက် Back လုပ်ဆောင်ချက်ကို အသုံးမပြုနိုင်ပါ။

Extend Battery Life
Guardian ထည့်သွင်းခြင်းခြဲ့ရနျနှိပျပါ

မိမိ မိတ်ဆွေသူငယ်ချင်း (သို့) မိသားစုဝင် တစ်ယောက်ကို Samsung account ဖြင့် Guardian ထည့်သွင်းနိုင်သည်။
ထိုသူတို့ Find My Mobile ကို Login ၀င်ရောက်သောအခါ မိမိ device ကို တည်နေရာပြခြင်း၊ ဘက်ထရီသက်တမ်းတိုးခြင်း နှင့် မိမိဖုန်းကို ခေါ်ဆိုခြင်း စသည့် လုပ်ဆောင်ချက်များကို မိမိ၏ Samsung Account password ကို မျှဝေခြင်းမပြုဘဲ မိမိကိုယ်စား ပြုလုပ်နိုင်မည်ဖြစ်သည်။


Guardian ၏ ကာလသက်တမ်းကို သတ်မှတ်နိုင်ပြီး အချိန်မရွေး Guardian ကို ဖယ်ရှားနိုင်သည်။

Set Guardians


သင်ရှာဖွေနေသည့်အရာအား ရှာမတွေ့ဖြစ်နေပါသလား။ သင့်အားကူညီပေးရန်အဆင်သင့်ဖြစ်နေပါပြီ

အွန်လိုင်း

Live Chat ပြောဆိုခြင်း

နေ့စဉ် (၂၄)နာရီ အချိန်မရွေး ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖုန်းခေါ်ဆိုမည်

01-2399888

နေ့စဉ် (၂၄) နာရီအချိန်မရွေး ပိတ်ရက်မရှိ ခေါ်ဆိုနိုင်ပါသည်။

ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖုန်းပြောဆိုမှုများအားလုံးကို အသံသွင်းယူထားမည် ဖြစ်ပါသည်။
လူကြီးမင်းတို့၏ အချက်အလက်လုံခြုံမှုနှင့် ပတ်သက်၍ Samsung ၏ ကိုယ်ရေးအချက်အလက်မူဝါဒကို Privacy Policy တွင်ကြည့်ရှုနိုင်ပါသည်။

* ပုံနှိပ်စက် (ပရင်တာ) နှင့်ပတ်သက်ပြီးသိရှိလိုပါက အောက်ဖော်ပြပါဝက်ဘ်ဆိုဒ်အား ကျေးဇူးပြု၍လေ့လာပါ HP website .

မျက်နှာချင်းဆိုင်ပံ့ပိုးမှု

ဆားဗစ်စင်တာလိပ်စာများ

လူကြီးမင်းနှင့် အနီးဆုံးဝန်ဆောင်မှုစင်တာ တည်နေရာအားရှာဖွေနိုင်ပါသည်။

Smart Service

Samsung အရောင်းဆိုင်များတွင်ပင် လိုအပ်သော ၀န်ဆောင်မှုများကို ရရှိနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။

ဆက်သွယ်ရန်