Secure Folder ဆိုတာဘာလဲ၊ဘယ်လို သုံးလို့ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.08.2022

သင့်ဓာတ်ပုံများ၊ဗီဒီယိုများ၊ ဖိုင်များ၊ အက်ပ်များနှင့် ဒေတာများကို လုံခြုံသောနေရာတွင် သိမ်းထားနိုင်စေရန်သင့်အတွက်မည်မျှအရေးကြီးသည်ကိုကျွန်ုပ်တို့သိပါသည်။ထို့ကြောင့် သင့် Galaxy စက်ကိရိယာ ရှိ အသုံးဝင်ဆုံး ကိရိယာများထဲမှ တစ်ခုသည် Secure Folder ဖြစ်ပြီးသင်အလိုရှိသောအရာအားလုံးကိုသိမ်းဆည်းနိုင်သည့်လုံခြုံသောဖိုင်တွဲဖြစ်သည်။ဤအကြောင်းပိုမိုသိရှိရန်, အောက်တွင်ဖတ်ရှုပါ။

အရှေ့ဘက်ရှိ Secure Folder အိုင်ကွန် ဖြင့် Secure Folder စခရင် ၏ နမူနာမြင်ကွင်း။

သင့်အကြောင်းအရာ၏ ဘေးကင်းမှုသည် မရှိမဖြစ်လိုအပ်သောကြောင့် Secure Folder တွင်လုံခြုံရေးအဆင့်အမြင့်ဆုံးထားရှိသည်။သင်၏အချက်အလက်အားလုံးကိုအန္တရာယ်ရှိသော တိုက်ခိုက်မှုများမှ လုံခြုံမှုရှိစေရန် သေချာစေရန် သင်၏ဖိုင်တွဲများကို Samsung Knox မှ ကာကွယ်ထားသည်။ သင့်ဒေတာများ တတ်နိုင်သမျှ လုံခြုံမှုရှိနေစေရန် သေချာစေရန်၊SecureFolderများကိုလျှို့ဝှက်ကုဒ်သို့မဟုတ်ဇီဝမက်ထရစ်လော့ခ် ဖြင့်လည်း ကာကွယ်နိုင်သည်။

သင့်ကိုယ်ပိုင် Secure Folder ဖန်တီးလိုပါက အောက်ပါအဆင့်များကို လိုက်နာပါ။

“ဇီဝ မက်ထရစ်များနှင့် လုံခြုံရေး” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “ဆက်တင်များ” စခရင်ကို ကြည့်ပါ။ “ဇီဝ မက်ထရစ်များနှင့် လုံခြုံရေး” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “ဆက်တင်များ” စခရင်ကို ကြည့်ပါ။

အဆင့် ၁ . ဆက်တင်များ သို့သွားကာ “ဇီဝ မက်ထရစ် နှင့် လုံခြုံရေး” ကိုနှိပ်ပါ။

“Secure Folder” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “ဇီဝ မက်ထရစ် နှင့် လုံခြုံရေး” စခရင်ကို ကြည့်ပါ။ “Secure Folder” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “ဇီဝ မက်ထရစ် နှင့် လုံခြုံရေး” စခရင်ကို ကြည့်ပါ။

အဆင့် ၂ .“ Secure Folder” ကို နှိပ်ပါ။

"ဆက်လုပ်ရန်" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် "Secure Folder မှကြိုဆိုပါတယ်" စခရင် ၏ မြင်ကွင်း။ "ဆက်လုပ်ရန်" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် "Secure Folder မှကြိုဆိုပါတယ်" စခရင် ၏ မြင်ကွင်း။

အဆင့် ၃ .သင်၏ ဆမ်ဆောင်းလ် အကောင့်သို့ ဝင်ပါ သို့မဟုတ် အကောင့် တစ်ခုဖန်တီးပါ။ စည်းမျဉ်းစည်းကမ်း များကိုဖတ်ပြီး “ဆက်လုပ်ရန်” ကိုနှိပ်ပါ။

“ဆက်လုပ်ရန်” ကို မီးမောင်းထိုးပြထားသည့် “Secure Folder အတွက် ခွင့်ပြုချက်များ” စခရင်ကို ကြည့်ပါ။ “ဆက်လုပ်ရန်” ကို မီးမောင်းထိုးပြထားသည့် “Secure Folder အတွက် ခွင့်ပြုချက်များ” စခရင်ကို ကြည့်ပါ။

အဆင့် ၄ .Secure Folder လိုအပ်သော ခွင့်ပြုချက်အားလုံးကို ဖတ်ပါ။ သဘောတူပါက "ဆက်လုပ်ရန်" ကိုနှိပ်ပါ။

“Pattern” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “Secure Folder လောခ့် အမျိုးအစား ” စခရင် ၏ မြင်ကွင်း။ “Pattern” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “Secure Folder လောခ့် အမျိုးအစား ” စခရင် ၏ မြင်ကွင်း။

အဆင့်၅ .သင်အသုံးပြုလိုသောသော့အမျိုးအစားကိုရွေးချယ်ပြီး ၎င်းကိုနှိပ်ပါ။"Pattern"၊ "PIN" သို့မဟုတ် "Password" တို့ကို သင်ရွေးချယ်နိုင်ပါသည်။“လက်ဗွေရာများ” ရွေးချယ်မှုဖြင့် လည်း စတင်နိုင်ပါသည်။

“ဆက်လုပ်ရန်” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “Secure Folder pattern သတ်မှတ်ပါ” စခရင်၏ မြင်ကွင်း။ “ဆက်လုပ်ရန်” ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် “Secure Folder pattern သတ်မှတ်ပါ” စခရင်၏ မြင်ကွင်း။

အဆင့် ၆ . Pattern ကို သတ်မှတ်ပြီး “ဆက်လုပ်ရန်” ကိုနှိပ်ပါ။ ဒီလုပ်ငန်းစဉ်ကို နှစ်ကြိမ်လုပ်ပါ။

“Secure Folder” အိုင်ကွန်ကို မီးမောင်းထိုးပြထားသည့် အက်ပ်စခရင်၏ မြင်ကွင်း။ “Secure Folder” အိုင်ကွန်ကို မီးမောင်းထိုးပြထားသည့် အက်ပ်စခရင်၏ မြင်ကွင်း။

အဆင့် ၇ . "Secure Folder" သို့ ရှော့ ကပ် တစ်ခုအား သင့်အက်ပ်စခရင်တွင် ပေါင်းထည့်မည်ဖြစ်သည်။

သင်၏ Secure Folder သို့ ဖိုင်များထည့်ရန်၊ ဤအဆင့်များကို လိုက်နာပါ-

1 သင်၏ Secure Folder ကိုဖွင့်ပြီး နောက်ထပ် ရွေးချယ်စရာ အိုင်ကွန် ကို နှိပ်ပါ။
2 “ဖိုင်များထည့်ပါ” ကိုနှိပ်ပါ။
3 သင်၏ Secure Folder တွင် သင်ထည့်လိုသော ဖိုင်အမျိုးအစားကို ရွေးချယ်ပြီး ၎င်းကို နှိပ်ပါ။
4 အရာဝတ္ထု များကို ရွေးချယ်ပြီး “ပြီးပါပြီ” ကိုနှိပ်ပါ။
5 သင့်Secure Folder စခရင် တွင် ပေါ့ပ်အပ်မီနူးတစ်ခုပွင့်လာမည်ဖြစ်ပြီး သင့်အား "ပယ်ဖျက်ရန်၊ကော်ပီ"သို့မဟုတ်"ရွှေ့ရန်"ရွေးချယ်ခွင့်ကိုပေးမည်ဖြစ်သည်။သင် နှစ်သက်သော ရွေးချယ်မှုကိုရွေးချယ်ပြီး ၎င်းကိုနှိပ်ပါ။
6 "ကျွန်ုပ်၏ဖိုင်များ"ကိုနှိပ်ခြင်းဖြင့်သင့်ဖိုင်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သင်၏ Secure Folder သို့ အက်ပ်များထည့်ရန်၊ ဤအဆင့်များကို လိုက်နာပါ-

1 သင်၏ Secure Folder ကိုဖွင့်ပြီး အပေါင်းအိုင်ကွန် ကို နှိပ်ပါ။
2 သင်ထည့်လိုသော အက်ပ်ကို နှိပ်ပြီး “ထည့်ပါ” ကို နှိပ်ပါ။
3 အက်ပ်သည် သင်၏ Secure Folder တွင် ပေါ်လာလိမ့်မည်။

ဟုတ်ပါသည်၊ သင့်အက်ပ်စခရင် သို့မဟုတ် ပင်မစခရင်တွင် မပေါ်စေရန် Secure Folder ကို သင်ဖျောက်ထားနိုင်သည်။ Secure Folder ကို ဖျောက် ထားပြီး သင် ၏ အကြောင်းကြားချက်အကန့် ဘောင် တွင် ထားရှိပါမည်။

သင့်စက်ကိရိယာ တွင်၊ နောက်အဆင့်များကို လိုက်နာပါ-

"ဇီဝမက်ထရစ် နှင့် လုံခြုံရေး" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် စက်ကိရိယာ ဆက်တင် စခရင် ကို ကြည့်ပါ။ "ဇီဝမက်ထရစ် နှင့် လုံခြုံရေး" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် စက်ကိရိယာ ဆက်တင် စခရင် ကို ကြည့်ပါ။

အဆင့် ၁ . စက်ကိရိယာဆက်တင်များသို့သွားပြီး “ဇီဝ မက်ထရစ်နှင့် လုံခြုံရေး” ကိုနှိပ်ပါ။

"Secure Folder" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် "ဇီဝ မက်ထရစ် နှင့် လုံခြုံရေး" စခရင်၏ မြင်ကွင်း။ "Secure Folder" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် "ဇီဝ မက်ထရစ် နှင့် လုံခြုံရေး" စခရင်၏ မြင်ကွင်း။

အဆင့် ၂ .“ Secure Folder” ကိုနှိပ်ပြီး သင်၏သော့ခတ်မှုအမျိုးအစားကို ရိုက်ထည့်ပါ။

"Secure Folder ကို အက်ပ်များ စခရင်သို့ ပေါင်းထည့်ပါ" အဖွင့် ခလုတ်ကို မီးမောင်းထိုးပြထားသည့် "Secure Folder" စခရင်၏ မြင်ကွင်း။ "Secure Folder ကို အက်ပ်များ စခရင်သို့ ပေါင်းထည့်ပါ" အဖွင့် ခလုတ်ကို မီးမောင်းထိုးပြထားသည့် "Secure Folder" စခရင်၏ မြင်ကွင်း။

အဆင့် ၃ . "Apps စခရင် သို့ Secure Folder ကို ပေါင်းထည့်ပါ" ဘေးရှိ အဖွင့်ခလုတ် ကို ပိတ်ပါ။

နောက်အဆင့်များကို လိုက်နာခြင်းဖြင့် သင်၏ Secure Folder ကို အကြောင်းကြားချက် အကန့် ဘောင်မှ ဖျောက်နိုင် ဖော်နိုင်ပါသည်-

စခရင်၏ထိပ်တွင် အောက်သို့ ပွတ်ဆွဲခြင်း လက်ဟန် ဖြင့် Galaxy S22 ၏ ပင်မစခရင်။ စခရင်၏ထိပ်တွင် အောက်သို့ ပွတ်ဆွဲခြင်း လက်ဟန် ဖြင့် Galaxy S22 ၏ ပင်မစခရင်။

အဆင့် ၁ . ပင်မစခရင်တွင် အကြောင်းကြားချက် အကန့် ဘောင်ကိုဖွင့်ရန် အောက်သို့ နှစ်ကြိမ်ပွတ်ဆွဲပါ။

"Secure Folder" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် အသိပေးချက်အကန့် ဘောင်၏ မြင်ကွင်း။ "Secure Folder" ရွေးချယ်မှုကို မီးမောင်းထိုးပြထားသည့် အသိပေးချက်အကန့် ဘောင်၏ မြင်ကွင်း။

အဆင့် ၂ . “ Secure Folder” ကို နှိပ်ပါ။

Secure Folder အိုင်ကွန် ကိုပိတ်ထားသောအခါ၊ သင်၏ Secure Folder ကို ဝှက်ထားပါမည်။အိုင်ကွန်ကိုဖွင့်လိုက် သောအခါ၊ သင်၏ Secure Folder ကို အက်ပ်စခရင်တွင် ပေါ်လာလိမ့်မည်။

သင့် Galaxy စက်ကိရိယာ ရှိ Secure Folder ကို ဖယ်ရှားလိုပါက အောက်ပါအဆင့်များကို လိုက်နာပါ-

သင်၏ Secure Folder ကိုဖွင့်ပါ → နောက်ထပ်ရွေးချယ်စရာအိုင်ကွန် ကို နှိပ်ပါ → ဆက်တင်များ → နောက်ထပ်ဆက်တင်များ → ဖြုတ်လိုက်ပါ → မီဒီယာဖိုင်များကို သင်၏ Secure Folder မှ ရွှေ့လိုပါက ရွေးချယ်ပါ→ ဖြုတ်လိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ