Samsung Galaxy Note9 S Pen ကို အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 24.11.2020
Samsung Galaxy Note9 S Pen

S Pen အသစ်တွင် Bluetooth လုပ်ဆောင်ချက်ပါသည့်အတွက် အဝေးမှ ထိန်းချုပ်နိုင်ပါသည်။ Selfies ရိုက်ခြင်း၊ Presentation တင်ဆက်ခြင်းများအတွက် အထူးသင့်လျော်သည်။ ထို့ပြင် S Pen ကို ဖုန်းအတွင်း ပြန်လည်ထည့်သွင်းရုံဖြင့် အလျင်အမြန် အားသွင်းနိုင်သည်။ S Pen ခလုပ်ကို နှိပ်ပြီး အတွေ့ကြုံအသစ်များကို ခံစားကြည့်လိုက်ပါ။

Take photo using Samsung Galaxy Note9 S Pen Remote Control

အဝေးတစ်နေရာမှာ သင့် device ကို ထားပြီး ဓာတ်ပုံရိုက်ရင်သော်ငြားတောင်မှ သင့်အနေဖြင့် အချိန်မှတ်ထားစရာ မလိုဘဲ S Pen ခလုတ်ကို နှိပ်ခြင်းဖြင့် အလွယ်တကူ ဓာတ်ပုံရိုက်နိုင်ပါသည်။

 

1 ကင်မရာ အတ်ပ်ကို စတင်ပါ။
2 ဓာတ်ပုံရိုက်ဖို့အတွက် S Pen ခလုတ်ကို တစ်ကြိမ်နှိပ်ပါ၊
3 ထို့နောက် အသုံးပြုမည့် ကင်မရာကို ပြောင်းဖို့ နှစ်ချက်နှိပ်ပါ။

Launching Apps using Samsung Galaxy Note9 S Pen Remote Control

S Pen ကို အဝေးထိန်းအတွက် အသုံးပြုသည့်အခါ လုပ်ဆောင်ချက်များကို လိုအပ်သလို သတ်မှတ်လုပ်ဆောင်နိုင်သည်။ ဥပမာ မိမိကြိုက်နှစ်သက်သော
Apps များကို S Pen အား ဖိနှိပ်ရုံဖြင့် အလွယ်တကူရယူနိုင်သည်။ တစ်ချက် (သို့) နှစ်ချက်
ဖိနှိပ်ရုံဖြင့် မည်သည့် လုပ်ဆောင်ချက်များအား ထိန်းချုပ်လိုသည်ကိုလည်း သတ်မှတ်ချက်ထားနိုင်သည်။

 

Gallery App

• Single Press : Next Item

• Double Press : Previous Item

 

Media Player

• Single Press : Play / pause

• Double Press : Next Track or Video

 

Presentation

• Single Press : Next Slide

• Double Press : Previous Slide

Please note: All 3rd party music player apps based on Android OS standard can support the remote control feature

S Pen နှင့် မည်သို့ စတင်ချိတ်ဆက်ရမည်နည်း?
 

1 Setting ကို ဖွင့်ပါ။
Tap Settings
2 Advanced feature ကို ဖွင့်ပါ။
Tap Advanced features
3 S Pen ကို ဖွင့်ပါ။
Tap S Pen
4 S Pen remote ကို ဖွင့်ပါ။ S Pen နှင့် ချိတ်ဆက်ရန် ညာဘက်ဘေးရှိ Slider ကို ထိရွှေ့ပါ။
Tap S Pen Remote

မှတ်ချက်။

Bluetooth Low Energy (BLE) ပါရှိသော Samsung S Pen ဖြင့်သာ ဆက်သွယ်နိုင်သည်။


*ဆက်သွယ်မှု လုပ်ဆောင်နေစဉ် S Pen ကို Device မှ မဖြုတ်ပါနှင့်။ လုပ်ဆောင်နေချက်များအား အနှောင့်အယှက်ဖြစ်စေပါသည်။

S Pen အသစ်ကို ပြန်လည်တပ်ဆင်ခြင်း
  

1 Setting မှတဆင့် Advanced features > S Pen > S Pen Remote ကို ဖွင့်ပါ။
S Pen Remote မျက်နှာပြင်မှ ပို၍ (ညာဘက်အပေါ်ဒေါင့်ရှိ ဒေါင်လိုက် အစက် ၃ စက်) မှ Reset S Pen ကိုဖွင့်ပါ။
Tap Reset S Pen
2 တနည်းအားဖြင့် Notification panel မှ S Pen Remote အိုင်ကွန်ကို ခေတ္တဖိထားပြီးနောက် S Pen Remote setting မျက်နှာပြင်ပေါ်လာသည့်အခါ ပို၍ (ညာဘက်အပေါ်ဒေါင့်ရှိ ဒေါင်လိုက် အစက် ၃ စက်) မှ Reset S Pen ကိုဖွင့်ပါ။
Access S Pen Remote from Notification Panel

S Pen နှင့် ချိတ်ဆက်ထားစဉ်တွင် မျက်နှာပြင်သော့ပိတ်နေပါက S Pen ရှိ ခလုတ်အား နှိပ်ထားခြင်းဖြင့်
မျက်နှာပြင်အား သော့ဖွင့်နိုင်ပါသည်။

1 Settings ကို ဖွင့်ပါ။
Tap Settings
2 Advanced feature ကို ဖွင့်ပါ။
Tap Advanced features
3 S Pen ကို ဖွင့်ပါ။
Tap S Pen
4 Unlock with S Pen remote ကို ဖွင့်ပါ။
Tap Unlock with S Pen remote
5 OK ကို နှိပ်ပါ။
Tap OK
6 မျက်နှာပြင်သော့ဖွင့်ခြင်းနည်းလမ်းအား ကြိုတင်သတ်မှတ်ခြင်းဖြင့် မျက်နှာပြင်အားသော့ဖွင့်နိုင်ခြင်းဖြစ်သည်။ ယခုအခါ S Pen ခလုတ်ကို နှိပ်ခြင်းဖြင့် မျက်နှာပြင်အား သော့ဖွင့်နိုင်ပါပြီ။

မှတ်ချက်။

* S Pen Remote ဖြင့် မျက်နှာပြင်သော့ဖွင့်ခြင်းသည် Setting တွင် ကြိုတင်၍ သတ်မှတ်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။

* ထိုလုပ်ဆောင်ချက်အား အသုံးပြုရန် S Pen သည် မိမိ၏ device နှင့် ချိတ်ဆက်နေရမည်ဖြစ်သည်။

S Pen ကို အသုံးမပြုမီ အားသွင်းထားသင့်ပါသည်။ S Pen အား ၎င်း၏ အပေါက်ထဲသို့ ပြန်ထည့်ထားခြင်းဖြင့် အားအလိုလျောက်သွင်းမည်ဖြစ်သည်။ မိနစ် 30 (သို့) အချက် 200 နှိပ်၍ အသုံးပြုနိုင်ရန် S Pen ကို အားအပြည့်ဖြည့်သွင်းဖို့ 40 စက္ကန့်မျှသာ ကြာမြင့်ပါသည်။

မှတ်ချက်။

* S Pen ကို အားသွင်းနေစဉ် မိမိဖုန်း၏ နောက်ကျောကို သံလိုက်ဖြင့် ထိမိနေခြင်းသည် S Pen အားသွင်းခြင်းအား မလုပ်ဆောင်နိုင်စေပါ။

* S Pen အားကုန်နေစဉ်တွင်ပင် သင့်အနေဖြင့် S Pen ၏ အခြားသော လုပ်ဆောင်ချက်များဖြစ်သော မျက်နှာပြင်အား ထိတွေ့ခြင်း၊ Air comand စသည်တို့အား လုပ်ဆောင်နိုင်သေးမည်ဖြစ်သည်။

Samsung Galaxy Note9 S Pen Charging Status
Live Message

စာရိုက်ထားသည့် မက်ဆေ့ခ်ျတစ်စောင်အစား လှုပ်ရှားနေသော မက်ဆေ့ခ်ျတစ်စောင်ကို လက်ရေးဖြင့်

ရေးနေစဉ်(သို့မဟုတ်)ပုံဆွဲနေစဉ် မှတ်တင်းတင်ထားပြီး ၄င်းကို အထူးဖန်တီးပြုလုပ်ထားသည့် ဖိုင်တစ်ခု အဖြစ်

သိမ်းဆည်းခြင်းဖြင့် တမူထူးခြားသော မက်စေ့ခ်ျတစ်စောင်ကို ဖန်တီး ပေးပို့ပါ။

 

• High-res GIF, standard GIF, MP4 Format 3 ခုဖြင့် ပြုလုပ်နိုင်သည်။

• Gallery မှ တဆင့် live Messages ကို တိုက်ရိုက် မျှဝေနိုင်သည်။

Screen off memo

 Galaxy Note9 ၏ ထူးခြားချက်တစ်ခုမှာ Screen off memo ရေးရာတွင် S Pen ၏ ပြင်ပအရောင်နှင့်တူညီသော
အရောင်ဖြင့် ရေးသားနိုင်ပြီး မီးခိုးရောင်သို့လည်း အောက်ပါအတိုင်း အရောင်ပြောင်းနိုင်သည်။

1 Setting ကိုဖွင့်ပါ။
Tap Settings
2 Advanced feature ကိုဖွင့်ပါ။
Tap Advanced features
3 S Pen ကိုဖွင့်ပါ။
Tap S Pen
4 Screen off memo ကိုဖွင့်ပါ။
Tap Screen off memo
5 Use S Pen signature color အား ဘယ်ဘက်သို့ ပွတ်ရွှေ့ခြင်းဖြင့် ပိတ်ပါ။
Tap Use S Pen signature colour

S Pen ကလောင်သွားကို အစားထိုးရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ ...

1 ကလောင်းသွားကို ဇာဂနာနှင့် ခိုင်မြဲစွာ ကိုင်ပြီး ဖယ်ရှားပါ။
Remove nib from S Pen
2 S Pen ထဲသို့ ကလောင်သွားအသစ်ကို ထည့်သွင်းပါ။
Insert new nib into S Pen

မှတ်ချက်။

• ကလောင်သွားအဟောင်းများကို ပြန်မသုံးပါနှင့်။ ထိုသို့ပြုလုပ်ပါက S Pen ချို့ယွင်းမှုကို ဖြစ်စေနိုင်သည်။

• S Pen ထဲသို့ ကလောင်သွား ထည့်သွင်းနေစဉ်အတွင်း ကလောင်သွားကို လွန်ကဲစွာ မဖိပါနှင့်။

• S Pen ထဲသို့ ကလောင်သွားအစွန်းဝိုင်းကို မထည့်သွင်းပါနှင့်။ ထိုသို့ပြုလုပ်ပါက S Pen(သို့မဟုတ်)သင်၏ device ကို ပျက်စီးမှု ဖြစ်စေနိုင်သည်။

• S Pen ကို အသုံးပြုနေစဉ်အတွင်း လွန်ကဲစွာ ဖိခြင်း(သို့မဟုတ်)ကွေးခြင်း မလုပ်ပါနှင့်။ S Pen ပျက်စီးခြင်း(သို့မဟုတ်)ကလောင်သွား ရွဲ့စောင်းခြင်းတို့ ဖြစ်နိုင်သည်။

• မျက်နှာပြင်ပေါ်သို့ S Pen ဖြင့် ခပ်ကြာကြာ နှိပ်ခြင်း မပြုရ။ Pen ၏ ထိပ်ဖျား ပုံသဏ္ဍာန်ပျက်ယွင်းသွားနိုင်သည်။

• သင်သည် S Pen ကို မျက်နှာပြင်ထောင့်ကျဉ်းသည့်နေရာတွင် အသုံးပြုပါက device မှ S Pen လှုပ်ရှားမှုကို အသိအမှတ်မပြုနိုင်ခြင်း ဖြစ်နိုင်သည်။

• S Pen အပေါက်ထဲသို့ ရေ၀င်လျှင် အပေါက်ထဲမှ ရေများ ထွက်သွားစေရန် device ကို အသုံးမပြုခင် ညင်သာစွာလှုပ်ပါ။
