Samsung ဗီဒီယို တည်းဖြတ်ခြင်း အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.05.2023

Samsung ဗီဒီယို တည်းဖြတ်ခြင်းသည် Galaxy ဖုန်း အသုံးပြုသူများက ၎င်းတို့၏ ဗီဒီယိုများကို ရိုးရှင်းလွယ်ကူစွာ ပြောင်းလဲနိုင်ရန် ပြုလုပ်ပေးပါသည်။

တည်းဖြတ်ခြင်း အိုင်ကွန်များဖြင့် ဗီဒီယိုမှတ်တမ်းတင်နေသော Galaxy ဖုန်း ပုံ။

သတိပြုရန်: Samsung ဗီဒီယို တည်းဖြတ်ခြင်းသည် S20 မော်ဒယ်များနှင့် အထက်တွင်သာ အသုံးပြုနိုင်သည်။

Samsung ဗီဒီယို တည်းဖြတ်ခြင်းဖြင့် ဘာလုပ်နိုင်မလဲ?

သင့် ဗီဒီယိုများကို တည်းဖြတ်ရန် အောက်ပါ အဆင့်များအတိုင်း လိုက်ပါဆောင်ရွက်ပါ။

gallery အိုင်ကွန် ပုံ။ gallery အိုင်ကွန် ပုံ။

အဆင့် ၁။Gallery အက်ပ်ကို ဖွင့်ပါ။

ဗီဒီယိုကို ရွေးချယ်ထားသည့် gallery ပုံ။ ဗီဒီယိုကို ရွေးချယ်ထားသည့် gallery ပုံ။

အဆင့်၂။တည်းဖြတ်ရန်အတွက် ဗီဒီယိုတစ်ခုကိုရွေးရန် နှိပ်ပါ။

တည်းဖြတ်ခြင်း အိုင်ကွန် ပုံ။ တည်းဖြတ်ခြင်း အိုင်ကွန် ပုံ။

အဆင့် ၃။Edit အိုင်ကွန်ကို နှိပ်ပါ။

တည်းဖြတ်ရန် ကိရိယာများ

မလိုချင်သော အပိုင်းများကို ဖယ်ရှားခြင်း သို့မဟုတ် ဗီဒီယိုကို တိုသွားအောင် ပြုလုပ်ခြင်း။

 

Trim အိုင်ကွန် ပုံ။ Trim အိုင်ကွန် ပုံ။

အဆင့် ၁။ Trim အိုင်ကွန်ကို နှိပ်ပါ။

တည်းဖြတ်ခြင်းကို ရွေးချယ်ထားသည်ကို အသားပေး ဖော်ပြထားပုံ။ တည်းဖြတ်ခြင်းကို ရွေးချယ်ထားသည်ကို အသားပေး ဖော်ပြထားပုံ။

အဆင့် ၂။ ‌ဗီဒီယို စတင်ချိန် သို့မဟုတ် ပြီးဆုံးချိန်ကို ရွေးရန်အတွက် စခရင် အောက်ခြေတွင်ရှိသော အဖြူရောင် ‌ရွေ့လျားသည့် ဘားများကို အသုံးပြုပါ။

ဗီဒီယို မြင်ကွင်းအနေအထားကို ပြောင်းလဲသည်။

Transform အိုင်ကွန် ပုံ။ Transform အိုင်ကွန် ပုံ။

Transform အိုင်ကွန်ကို နှိပ်ပြီးနောက် လှည့်ခြင်းအိုင်ကွန်ကို နှိပ်ပါ။

ဗီဒီယိုကို ကြေးမုံပုံရိပ်အဖြစ် ပြောင်းလဲသည်။

Flip အိုင်ကွန် ပုံ။ Flip အိုင်ကွန် ပုံ။

Flip အိုင်ကွန်ကို နှိပ်ပါ။

ပုံစာများ သို့မဟုတ် စာတန်းမျာ၊း သို့မဟုတ် စတေကာများ သို့မဟုတ် ‌ရေးဆွဲခြင်းအတွက် စာသားကို ထည့်သည်။

မွမ်းမံပြင်ဆင်ခြင်းများ အိုင်ကွန် ပုံ။ မွမ်းမံပြင်ဆင်ခြင်းများ အိုင်ကွန် ပုံ။

အဆင့် ၁။ မွမ်းမံပြင်ဆင်ခြင်းများ အိုင်ကွန်ကို နှိပ်ပါ။

ရေးဆွဲခြင်း၊ စတေကာနှင့် စာသား ရွေးချယ်စရာများ ပုံ။ ရေးဆွဲခြင်း၊ စတေကာနှင့် စာသား ရွေးချယ်စရာများ ပုံ။

အဆင့် ၂။ ရေးဆွဲခြင်း၊ စတေကာများသို့မဟုတ် စာသား တစ်ခုခုကိုရွေးရန် နှိပ်ပါ။

ဗီဒီယို၏ ပုံပန်းကို ပြောင်းလဲသည်။

ဖလ်တာ အိုင်ကွန် ပုံ။ ဖလ်တာ အိုင်ကွန် ပုံ။

အဆင့် ၁။ ဖလ်တာ အိုင်ကွန်ကို ‌နှိပ်ပါ။

ဆလိုက် အညွှန်းဖြင့် ဖလ်တာများ ပုံ။ ဆလိုက် အညွှန်းဖြင့် ဖလ်တာများ ပုံ။

အဆင့် ၂။ ဖလ်တာများကို အထက်အောက်ရွှေ့ရန်အတွက် ဆလိုက်ဒါကို အသုံးပြုပါ။

ရွေးထားသည့် ဖလ်တာအတွက် သိမ်းသည့် ခလုတ်ပုံ။ ရွေးထားသည့် ဖလ်တာအတွက် သိမ်းသည့် ခလုတ်ပုံ။

အဆင့် ၃။ဖလ်တာ သိမ်းရန်အတွက် ရွေးချယ်ခြင်းပြီးပါက Save ကို နှိပ်ပါ။

ဗီဒီယို ပြီးမြောက်ရန်အတွက် ကြိုက်နှစ်သက်သည့် ဂီတကို ထည့်ပါ။

Audio အိုင်ကွန် ပုံ။ Audio အိုင်ကွန် ပုံ။

အဆင့် ၁။Audio အိုင်ကွန်ကို နှိပ်ပါ။

နောက်ခံ ဂီတကိုထည့်ပါ ခလုတ် ပုံ နောက်ခံ ဂီတကိုထည့်ပါ ခလုတ် ပုံ

အဆင့်၂။နောက်ခံ ဂီတကို ထည့်ပါကို နှိပ်ပါ။

ရွေးချယ်ထားသည့် ဂီတ ပုံ။ ရွေးချယ်ထားသည့် ဂီတ ပုံ။

အဆင့် ၃။ နောက်ခံ ဂီတရွေးရန် နှိပ်ပါ။

ဗီဒီယိုနှင့် ဂီတ သံအတိုးအကျယ်အဆင့် ပုံ။ ဗီဒီယိုနှင့် ဂီတ သံအတိုးအကျယ်အဆင့် ပုံ။

အဆင့် ၄။ ဗီဒီယိုနှင့် ဂီတသံ အတိုးအကျယ်အဆင့်ကို ထိန်းညှိရန် နှိပ်ပါ။

သတိပြုရန်: ကြီမားသော ဖိုင်လ် အရွယ်အစားများ သို့မဟုတ် အရည်အသွေးမြင့် ဗီဒီယိုများကို သိမ်းရန် မိနစ်အနည်းငယ် ကြာနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ