'Continue apps on other devices' အင်္ဂါရပ်ကို အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 06.12.2021

'Continue apps on other devices' အင်္ဂါရပ်ကို ဖွင့်ထားသောအခါတွင် သင့်ဖုန်း၊ သင့်တက်ဘလက် သို့မဟုတ် အခြားစက်ပစ္စည်းပေါ်တွင် သင်လုပ်နေသောအရာကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ သင့် Samsung အကောင့်ဝင်ထားသည့် အခြားစက်ပစ္စည်းတစ်ခုရဲ့ Samsung Notes သို့မဟုတ် Samsung Internet တွင် ထားခဲ့သည့်နေရာမှ ဆက်လက်လုပ်ဆောင်ပါ။ အောက်ပါလမ်းညွှန်ချက်သည် 'Continue apps on other devices' အင်္ဂါရပ်ကို မည်သို့အသုံးပြုရမည်ကို ပြသထားပါသည်။

အောက်ပါအကြံ ပြု ချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။ 

အဆင့် ၂။ Download လုပ်ပြီး Install ကိုနှိပ်ပါ။

အဆင့် ၃။ မျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များကို လိုက်နာပေးပါ။

'Continue apps on other devices' အင်္ဂါရပ်ဆိုတာ ဘာလဲ

continue apps on other devices

'Continue apps on other devices' လုပ်ဆောင်ချက်သည် သင်အက်ပ်ကို အသုံးပြုသည့်အချိန်တွင် စက်နှစ်ခုကြား လွတ်လပ်စွာပြောင်းလဲနိုင်စေမည်ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် သင့်ဖုန်းပေါ်တွင် အင်တာနက်ကို ရှာဖွေနေသော်လည်း တက်ဘလက်၏ ပိုကြီးသော မျက်နှာပြင်ပေါ်တွင် သင်လုပ်ဆောင်နေသည့်အရာကို ဆက်လက်လုပ်ဆောင်လိုပါက၊ သင်သည် ဤအင်္ဂါရပ်ကို အသုံးပြုနိုင်သည်။ သို့မဟုတ် သင်သည် သင့်တက်ဘလက်တွင် ဈေးဝယ်နေပြီး ငွေပေးချေရန်အတွက် သင့်ဖုန်းသို့ ပြောင်းလို့ရစေမည်။ Recent မျက်နှာပြင်တွင် ပေါ်လာသည့် အိုင်ကွန်ကို နှိပ်လိုက်ရုံဖြင့် အခြားသော 'Continue apps on other devices' လုပ်ဆောင်ချက်ကို ဖွင့်နိုင်မည်။

ထိုသို့စွမ်းဆောင်နိုင်စေရန်အတွက်၊ စက်ပစ္စည်းနှစ်ခုလုံးသည် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီကြောင်း ဦးစွာစစ်ဆေးပါ။

  • Galaxy စမတ်ဖုန်းများနှင့် တက်ဘလက်များသည် တူညီသော Samsung အကောင့်နှင့် Bluetooth ဆက်တင်များကို ဖွင့်ထားရပါမည်။ စက်ပစ္စည်းနှစ်ခုလုံး၏ 'Continue apps on other devices' လုပ်ဆောင်ချက်ကို ဖွင့်ထားရပါမည်။
  • ထိုအင်္ဂါရပ်အသုံးပြုနိုင်သော ဖုန်းများသည် ၂မီတာအတွင်းရှိရမည်ဖြစ်သော်လည်း အပြောင်းအလဲရှိနိုင်ပါသည်။
  • ၎င်းသည် One UI 3.1 နှင့်အထက်ရှိသော Galaxy စမတ်ဖုန်းများနှင့် တက်ဘလက်များဖြင့် Samsung Notes အက်ပ်နှင့် Samsung အင်တာနက်အက်ပ်တို့ကို ပံ့ပိုးပေးသည်။ (အချို့သောမော်ဒယ်များသည် ပံ့ပိုးထားခြင်းမရှိသော်လည်း JDM နှင့် Wi-Fi 5GHZ & SAK, and Android GO models မပါဝင်သောဖုန်းများကို ကန့်သတ်ထားခြင်းမရှိပါ။)

'Continue apps on other devices' ကိုဖွင့်ပြီး အသုံးပြုပါ။

'Continue apps on other devices' သင်အသုံးပြုလိုသည့် စက်နှစ်ခုလုံးရှိ အခြားစက်ပစ္စည်းများတွင် အက်ပ်များဆက်သုံးရန် ဝန်ဆောင်မှုကို ဦးစွာဖွင့်ထားသင့်သည်။ အင်္ဂါရပ်ကို ကြိုတင်သတ်မှတ်ရန်နှင့် အခြားစက်ပစ္စည်းများတွင် အက်ပ်ကို ဆက်လက်အသုံးပြုရန် အောက်ပါအဆင့်များကို လိုက်နာပါ။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်ပါ။ ထို့နောက် Advanced features ကိုသွားပါ။

အဆင့် ၂။ Continue apps on other devices အင်္ဂါရပ်ကိုအသုံးပြုနိုင်ရန် စက်ပစ္စည်းနှစ်ခုလုံးတွင် ဖွင့်ထားပေးပါ။

အဆင့် ၃။ Samsung Internet သို့မဟုတ် Samsung Notes ကို စက်ပစ္စည်းတစ်ခုတွင်ဖွင့်ပြီး ဝက်ဘ်စာမျက်နှာတစ်ခု သို့မဟုတ် မှတ်စုတစ်ခုကိုဖွင့်ထားပါ။

အဆင့် ၄။ တခြားသောဖုန်းတွင် Recentsခလုတ်ကိုနှိပ်ပြီး မကြာသေးမီကအသုံးပြုထားသော အက်ပ်များကိုဖွင့်ပါ။

အဆင့် ၅။ မကြာသေးမီကအသုံးထားသောအက်ပ်တွင် icon တစ်ခုဖြင့်ပြထားလိမ့်မည်။ အက်ပ်ကိုဖွင့်ရန် အဲဒါ့ကိုနှိပ်ပေးလိုက်သည်နှင့် လက်ရှိစက်ပစ္စည်းတွင် ဖွင့်ပြီး ဆက်လက်အသုံးပြုနိုင်လိမ့်မည်။

မှတ်ချက်။ ပြထားသောပုံများနှင့်မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ