ရေထဲဖုန်းကျသွားပါသည်။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

မတော်တဆ ဖုန်းရေထဲလွတ်ကျပြီး ဒေသတွင်းဝန်ဆောင်မှုစင်တာများဆီ ချက်ချင်းမသွားရောက်နိုင်တာမျိုး ဖြစ်ဖူးပါသလား။ ပထမဦးစွာ သင့်ဖုန်းကိုပါ၀ါပိတ်ပစ်ရန် လိုအပ်ပါသည်။ ထိုသို့လုပ်ရခြင်းမှာ သင့်ဖုန်းမှအပူထွက်သည့်အခါ အတွင်းရှိ မိန်းဘုတ်တွင် သံချေး သို့မဟုတ် ပျက်စီးမှုများရှိလာနိုင်သောကြောင့်ဖြစ်သည်။ သင့်ဖုန်းရေထဲကျသွားပါက သင်လုပ်နိုင်မည့်လုံခြုံရေးကန့်သတ်ချက်များကို ပိုမိုသိရှိရန် ဆက်လက်ဖတ်ရှုပါ။

စစ်ဆေးမှု ၁။ ဖုန်းကို ပါ၀ါပိတ်ပါ

ဖုန်းရေမြုပ်ထားပါက သင့်ဖုန်းကိုပိတ်(ပိတ်ထား)ကြောင်းသေချာပါစေ။ ဖုန်းထဲရှိစိုထိုင်းဆသည် မိန်းဘုတ်ကိုအပြင်းအထန်ပျက်စီးစေခြင်း သို့မဟုတ် သံချေးတက်စေခြင်းမျိုး ဖြစ်နိုင်ပါသည်။ ဘက်ထရီဖြုတ်၍ရပါက ကာဗာ ၊ ဘက်ထရီနှင့် USIM အစရှိသည်တို့ကို အမြန်ဖြုတ်ပါ။ သင့်ဖုန်းသည် ဖြုတ်မရသည့်ဘက်ထရီပါသည့် ဖုန်းမော်ဒယ်အသစ်ဖြစ်နေပါက ဖုန်းကိုချက်ချင်း ပိတ်ပါ။

Galaxy ဖုန်းအားပိတ်ပါ။

မှတ်ချက်။

ဖြုတ်မရသည့်ဘက်ထရီပါသည့် Galaxy ဖုန်းများကိုပိတ်ရန် အသံတိုးခလုတ်နှင့် ဘေးခလုတ်ကို ၃ မှ ၄ စက္ကန့်အထိ ပြိုင်တူဖိထားပေးပါ။

စစ်ဆေးမှု ၂။ စိုထိုင်းစအားဖယ်ရှားခြင်း

သင့်ဖုန်းကိုပိတ်ပြီးပါက ဖုန်းကိုအမြန်ခြောက်သွေ့အောင်လုပ်ပါ။ ဘက်ထရီ ၊ USIM ၊ မမ်မိုရီကဒ် အစရှိသည်တို့မှ စိုထိုင်းစများကို ခြောက်သွေ့သည့်တဘက် သို့မဟုုတ် သန့်ရှင်းသည့်အဝတ်ဖြင့် ဖယ်ရှားပေးပါ။ အထူးသဖြင့် ရေဝင်နိုင်သည့် နားကြပ်ပေါက် သို့မဟုတ် အားသွင်းပေါက်ကဲ့သို့ နေရာများကို သေချာအသေးစိတ်အခြောက်ခံပါ။ စိုထိုင်းစအလုံးစုံဖယ်ရှားကြောင်းသေချာစေရန် နားကြပ်တံကိုအသုံးပြုပါ။

Galaxy ဖုန်းကိုအခြောက်ခံပါ။

စစ်ဆေးမှု ၃။ ပြင်ပအရာဝထ္ထုများဖယ်ရှားပါ။

သောက်စရာ ၊ ပင်လယ်ရေ သို့မဟုတ် ကလိုရင်းပါသည့်ရေကူးကန်ရေများ ဖုန်းထဲဝင်သွားပါက အငန်ဓာတ်သို့မဟုတ် မသန့်စင်မှုများကို တတ်နိုင်သမျှအမြန်ဆုံးဖယ်ရှားရန် အလွန်အရေးကြီးပါသည်။ ထိုသို့လုပ်ရခြင်းမှာ ပြင်ပအရာဝထ္ထုများသည် မိန်းဘုတ်သံချေးတက်ခြင်းကို ပိုမိုမြန်ဆန်စေသေောကြောင့်ဖြစ်ပါသည်။ ဖုန်းပိတ်ပြီးသည့်နောက်တွင် ဖယ်ထုတ်၍ရသည့်ပစ္စည်းများအားလုံးဖယ်ပြီး ၁ မိနစ်မှ ၃ မိနစ်ခန့်အထိ ရေသန့်ထဲတွင်စိမ်၍ ပြန်လည်ဆေးချပါ။ ထို့နောက် စစ်ဆေးမှု ၂ အတိုင်းလုပ်ဆောင်၍ ဖုန်းကိုခြောက်သွေ့အောင်လုပ်ပါ။

စစ်ဆေးမှု ၄။ လေဖြင့်အခြောက်ခံခြင်း

အစိုဓာတ်သို့မဟုတ် အညစ်အကြေးများအားဖယ်ပြီးပါက သင့်ဖုန်းကို လေဝင်လေထွက်ကောင်းသည့်နေရာတွင်ထားခြင်း သို့မဟုတ် လေအေး(ပန်ကာမှ)ပေး၍ ခြောက်သွားအောင်လုပ်သင့်ပါသည်။ ရေမြုပ်သွားသည့်ဖုန်းများအတွက် လေဖြင့်အခြောက်ခံခြင်းကို အကြံပြုပါသည်။ ဆံပင်အခြောက်ခံစက် သို့မဟုတ် လေပူတို့ဖြင့် သင့်ဖုန်းကိုအမြန်ခြောက်သွားအောင်ကြိုးစားခြင်းသည် သင့်ဖုန်းကိုပျက်စီးစေနိုင်ကြောင်း ကျေးဇူးပြု၍သိထားပေးပါ။ စိုထိုင်းစများသည် အခြောက်ခံပြီးသည့်နောက်တွင် ကျန်နေခဲ့နိုင်သောကြောင့် ၀န်ဆောင်မှုစင်တာတွင် သွားရောက်စစ်ဆေးမှုမလုပ်ရသေးမချင်း ဖုန်းကိုမဖွင့်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ လေဖြင့်အခြောက်ခံပြီးသည့်နောက်တွင် သင့်ရေစိုထားသည့်ဖုန်းကို Samsung လျှပ်စစ်ပစ္စည်းဆိုင်ရာဝန်ဆောင်မှုစင်တာသို့ တတ်နိုင်သမျှအမြန်ဆုံးယူဆောင်သွားပါ။

ရေစိုထားသည့်ဖုန်းကို လေဖြင့်အခြောက်ခံခြင်း သို့မဟုတ် ပန်ကာဖြင့်အခြောက်ခံခြင်း

စစ်ဆေးမှု ၅။ ရေဒဏ်ခံနိုင်မှုအဆင့်သတ်မှတ်ချက်ကိုကြည့်ပါ။

Galaxy မော်ဒယ်အများစုသည် ဖုန်နှင့်ရေကိုခံနိုင်ပြီး အမြင့်ဆုံးအဆင့်သတ်မှတ်ချက် IP68 အထိ ရရှိထားပါသည်။ အမြင့်ဆုံးအဆင့်သတ်မှတ်ချက်မှာ ၁.၅ မီတာအနက်တွင် ရေဒဏ်ကို မိနစ် ၃၀ အထိ ခံနိုင်သော်လည်း ပိုနက်သည့်နေရာ သို့မဟုတ် ဖိအားများသည့်နေရာတွင် မသုံးသင့်ပါ။ သင့်ဖုန်းသည် အနက် ၁.၅ မီတာတွင် မိနစ် ၃၀ ထက်ပို၍ရှိနေပါက ရေဝင်သွားနိုင်ပါသည်။

မှတ်ချက်။

  • ဖုန်နှင့်ရေဒဏ်ခံနိုင်မှုအထောက်အပံ့များသည် ဖုန်းမော်ဒယ်အလိုက်ကွဲပြားနိုင်သောကြောင့် ဖုန်း၏ အသုံးပြုသူလက်စွဲကို စစ်ဆေးပြီးကြောင်းသေချာပါစေ။
  • IP(အကာအကွယ်ပေးရန်အတည်ပြုကုဒ်) အဆင့်သတ်မှတ်ချက်သည် အရည်နှင့်အခဲများအတွက် အကာအကွယ်ကုဒ်ကိုကိုယ်စားပြုပြီး လျှပ်စစ်ပစ္စည်းများ၏ ပြင်ပသက်ရောက်မှုနှင့် ပြင်ပအရာဝထ္ထုများ၏ စွမ်းဆောင်နိုင်ရည်နှင့်ပတ်သတ်ပြီး နိုင်ငံတကာလျှပ်စစ်ပညာရှင်များကော်မရှင်(IEC) မှ ထုတ်ပြန်ထားသည့် အဆင့်သတ်မှတ်ချက်ဖြစ်သည်။ ပထမဆုံးဂဏန်းသည် ဖုန်ဒဏ်ခံနိုင်မှုအဆင့်(၀ မှ ၆ ) နှင့် ဒုတိယဂဏန်းမှာ ရေဒဏ်ခံနိုင်မှုအဆင့်(၀ မှ ၈ ) ကို ကိုယ်စားပြုပါသည်။ ယေဘုယျအားဖြင့် ရေဒဏ်ခံနိုင်မှုအဆင့် ၄ သို့မဟုတ် အထက်ကို ရေဒဏ်ခံနိုင်သည်ဟု အဆင့်ခွဲခြားသတ်မှတ်ပါသည်။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ