ကျွန်ုပ်ဖုန်းတွင် ရေစက်ပုံပြနေပြီး အားမဝင်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်း၏ USB ပေါက်ထဲတွင် ရေရှိနေခြင်း သို့မဟုတ် သတ်မှတ်ပမာဏထက်ကျော်သည့် အစိုဓာတ်ကိုတွေ့ရှိရပါက အားသွင်းခြင်းကိုအထောက်အပံ့ပေးလိမ့်မည်မဟုတ်ပါ။ ၄င်းသည် ဖုန်းအား ပျက်စီးထိခိုက်ခြင်းနှင့် ပေါက်ကွဲခြင်းတို့မှကာကွယ်ရန် လုံခြုံရေးအရ စံလုပ်ဆောင်ချက်ဖြစ်သည်။ သင့်ဖုန်းတွင် အစိုဓာတ်ရှိနေကြောင်းပြသည့် ရေစက်ပုံပေါ်လာပါက သင့်ဖုန်းကိုပိတ်ပြီး ခြောက်သွားသည်အထိ ထားသင့်ပါသည်။ ပုံမပျောက်သွားဘဲ အားသွင်းခြင်းပြဿနာကြံုနေရသေးပါက USB ၀ှက်ထားသည့်ဖိုင်များအား ဖျက်ပစ်ကြည့်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

ရုတ်တရက် အစိုဓာတ်တွေ့ရှိခြင်းအမှား

ရေစိုခံအဆင့်သတ်မှတ်ချက် IP68 နှင့်အထက်ဖုန်းများ(Galaxy စီးရီးအများစု)ကို ရေကြောင့်ဖုန်းပျက်စီးမှုဖြစ်ခြင်းမှကာကွယ်ရန် အစိုဓာတ်ရှာဖွေမှုဆင်ဆာကို တပ်ဆင်ထားပေးပါသည်။ USB ပေါက်ထဲတွင် စိုထိုင်းဆတွေ့ရှိရပါက အမှားပြစာ ပေါ်လာမည်ဖြစ်ပြီး အားသွင်းမှုရပ်သွားပါလိမ့်မည်။

အစိုဓာတ်တွေ့ရှိခြင်း ရေစက်အမှားပြ

ယခုကဲ့သို့ဖြစ်ပါက သင့်ဖုန်းကို အားသွင်းတုံးမှဖြုတ်၍ အဝတ်ခြောက်ဖြင့်သုတ်ခြင်း သို့မဟုတ် သင့်ဖုန်းအား(၅ မှ ၁၀ ကြိမ်) အထိ ညင်သာစွာ အားသွင်းပေါက်ကိုအောက်သို့ထား၍ ခါပြီး ပိုနေသည့်အစိုဓာတ်များကိုဖယ်ထုတ်ပစ်ပါ။ သင့်ဖုန်းကို လေဝင်လေထွက်ကောင်းသည့်နေရာရှိ အဝတ်တခုပေါ်တွင်တင်ခြင်း သို့မဟုတ် ပန်ကာဖြင့် အခြောက်ခံပေးပါ။

အဝတ် သို့မဟုတ် ပန်ကာဖြင့်အခြောက်ခံခြင်

မှတ်ချက်။

  • အားအလွန်အကျွံသုံးခြင်း သို့မဟုတ် လှုပ်ခါခြင်းဖြင့် သင့်ဖုန်းကိုထိခိုက်စေနိုင်ပါသည်။ သင့်ဖုန်းအားလှုပ်သည့်အခါတွင် ညင်သာစွာလုပ်ဆောင်ပါ။
  • သင့်ဖုန်းသည် ရေဖြင့်မထိထားလျှင်သော်မှ အစိုဓာတ်တွေ့ရှိမှုအမှား ကိုရနိုင်ပါသည်။ စိုထိုင်းဆများသည့်ပတ်ဝန်းကျင်တွင် ထားရှိခြင်းဖြင့်လည်း ရေစက်ပုံပေါ်လာနိုင်ပါသည်။ သင့်ဖုန်းကို အခြောက်ခံရန်ကြိုးစားကြည့်ပါ ပြီးနောက်အားသွင်းပေါက် လုံးဝခြောက်သွားပါက သင့်ဖုန်းအား ပြန်စပါ။ သင့်ဖုန်းအား အားသွင်းပြားအလယ်တွင် ကြားခံအတားအဆီးမရှိဘဲထားရှိကြောင်း စစ်ဆေးပါ။ ကြိုးမဲ့အားသွင်းခြင်းကိုအတားအဆီးဖြစ်စေသည့် အဖြစ်အများဆုံးပြဿနာမှာ အားသွင်းပြားပေါ်တွင် သေချာမတင်ထားသောကြောင့်ဖြစ်သည်။ ဖုန်းနှင့်အားသွင်းပြားကြားရှိ ကြိုးမဲ့ချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ပါ၀ါထောက်ပံ့မှုကို ဖြတ်တောက်ပစ်နိုင်ပါသည်။ Galaxy Fold သို့မဟုတ် Galaxy Z Flip ကဲ့သို့ခေါက်ဖုန်းများကို ခေါက်ပြီးမှ အားသွင်းပြားနှင့် ဖုန်းနောက်ကျောကို ထိထားသင့်ပါသည်။ ကျေးဇူးပြု၍ သင့်ဖုန်းမော်ဒယ်၏ အားသွင်းထိတွေ့မှုနေရာများကိုစစ်ဆေးရန် အသုံးပြုသူလက်စွဲ ကို ကိုးကားပါ။ 

ရေခြောက်သွားသော်လည်း ရေစက်ပုံမပျောက်သွားခြင်း

လုံးဝခြောက်နေပြီး အစိုဓာတ်မရှိတော့သော်လည်း သင့်ဖုန်းမျက်နှာပြင်တွင် ရေစက်ပုံပေါ်နေပါသေးသလား။ သင့်ဖုန်းကိုခြောက်သွေ့အောင်လုပ်ပြီးသည်အထိ ပြဿနာကြုံနေရသေးပါက USB ၀ှက်ထားသည်များကိုရှင်းကြည့်ပါ။ ၄င်းသည် စနစ်အမှားကိုပြေလည်စေနိုင်ပါသည်။

စီရန်ခလုတ် စီရန်ခလုတ်

အဆင့် ၁။ သတ်မှတ်ချက်မျာ မှ အက်ပ်များ ကိုသွားပြီး စီရန်ခလုတ် ကိုနှိပ်ပါ။

စနစ်ပါအက်ပ်များပြသပါကိုဖွင့်ခြင်း စနစ်ပါအက်ပ်များပြသပါကိုဖွင့်ခြင်း

အဆင့် ၂။ ညာဘက်ရှိဖွင့်ပိတ်ခလုတ်သို့သွား၍ စနစ်ပါအက်ပ်များပြသပါ ကိုဖွင့်၍ အိုကေ ကိုနှိပ်ပါ။

သိုလှောင်ခန်းမှ USBSettings သိုလှောင်ခန်းမှ USBSettings

အဆင့် ၃။ USBSettings သို့သွား၍ သိုဝှက်ထားသည့်နေရာ ကိုနှိပ်ပါ။

USBSettings ၀ှက်ထားသည်အားရှင်းပါ USBSettings ၀ှက်ထားသည်အားရှင်းပါ

အဆင့် ၄။ USB ၀ှက်ထားသည့်ဖိုင်များရှင်းရန် စခရင်ညာဘက်အောက်ထောင့်ရှိ ၀ှက်သားသည်အားရှင်းပါ ကိုနှိပ်ပါ။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ