ဖုန်းကွဲပြီး ဖန်သားပြင်ပေါ်တွင် အက်ကွဲရာရှိနေခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်း မတော်တဆလွတ်ကျသွားပါသလား။ သင့်ဖုန်း ကွဲခြင်းသို့မဟုတ် ဖန်သားပြင်(သို့)နောက်ကာဗာ(နောက်မှန်)အက်ခြင်း တို့ကဲ့သို့ရုတ်တရက်ပြင်ပသက်ရောက်မှုရှိလာပါက သင့်ဖုန်းကိုပျက်စီးစေနိုင်ပါသည်။ မတူသည့်ပြဿနာမျိုးဖြစ်စေနိုင်သည့် မတူသည့်အမျိုးအစားနှင့်သက်ရောက်မှုများစွာရှိပါသည်။ အနီးဆုံး Samsung ၀န်ဆောင်မှုစင်တာသို့သွား၍ ပျက်စီးမှုကိုဘယ်လိုပြင်ဆင်ရမလဲ လေ့လာလိုက်ပါ။

စစ်ဆေးမှု ၁။ စခရင်ထိခိုက်ရခြင်းအကြောင်းရင်းများ

မှန်အက်နေခြင်း

ဖုန်းပေါ်သို့ တိုက်ရိုက်ဖိအားတခု သက်ရောက်လာသည့်အခါတွင် ဖုန်း၏ဖန်သားပြင်သည် ကွဲခြင်းသို့မဟုတ် အက်ခြင်းတို့ဖြစ်တတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ အချို့အချက်များတွင် သင့်အနေဖြင့် ပျက်စီးမှုကို ကာဗာ သို့မဟုတ် မှန်ကပ်ဖြင့် ထိခိုက်မှုနည်းအောင်လုပ်နိုင်သော်လည်း ထိခိုက်မှုရှိလာပါက တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်ပြင်ဆင်ရန် လိုအပ်နိုင်ပါသည်။

မှန်ကွဲနေသည့် Galaxy ဖုန်း

မှန်ပေါ်တွင် အမည်းစက်ပေါ်နေခြင်း

မှန်မကွဲထားသည့်နေရာတွင် မင်စွန်းရာနှင့်တူသည့်အကွက်များပေါ်လာနိုင်သော်လည်း စခရင်အတွင်းပိုင်း စက်ပစ္စည်းလုပ်ဆောင်ချက်များသည် ကြာရှည်စွာဆက်တိုက်ဖိအားပေးထားမှုကြောင့် ပျက်စီးသွားနိုင်ပါသည်။

မှန်ပေါ်တွင် အမည်းစက်ပေါ်နေသည့် Galaxy ဖုန်း

အရောင်စီးကြောင်းများပေါ်လာခြင်း

ယေဘုယျအားဖြင့် သင့်ဖုန်းကို တိုက်ရိုက်ထိခိုက်မှုကြောင့် အရောင်စီးကြောင်းများပေါ်လာပါသည်။ ၄င်းသည် အရောင်လိုင်းများ သို့မဟုတ် ကောလံများတွင် အမည်းသို့မဟုတ်အခြားအရောင်များပေါ်လာစေနိုင်ပါသည်။

အရောင်စီးကြောင်းများပေါ်နေသည့် Galaxy ဖုန်း

စစ်ဆေးမှု ၂။ စခရင်ပြုပြင်မှုအမျိုးအစားများ

Samsung လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာသည် သင့်ဖုန်းမှန်အား Samsung မှအသိအမှတ်ပြုထားသည့် အစိတ်အပိုင်းအစစ်မှန်များကိုအသုံးပြု၍ ပြင်ဆင်ပေးပါသည်။ ပျက်စီးမှုပမာဏကို ၀န်ဆောင်မှုစင်တာမှ နည်းပညာကျွမ်းကျင်သူမှ စစ်ဆေးပြီးလျှင် သင့်အား ပြင်ဆင်မှုနည်းလမ်းနှင့် ပြင်ဆင်စရိတ်ကိုအသိပေးပါလိမ့်မည်။ စခရင်ပြင်ဆင်ခြင်းအတွက် အမျိုးအစား ၂ ခုရှိပြီး အကုန်လဲပစ်ခြင်းနှင့် တစိတ်တပိုင်းလဲပစ်ခြင်းတို့ုဖြစ်သည်။

စခရင်အလုံးစုံလဲခြင်း

ယခုပြင်ဆင်မှုနည်းလမ်းသည် စခရင်တခုလုံးကို အစားထိုးလိုက်ခြင်းဖြစ်သည်။ ယခုလုပ်ဆောင်ချက်ကို Samsung လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာမှ နည်းပညာကျွမ်းကျင်သူဘက်မှ အလုံးစုံစခရင်လဲရန် လိုအပ်ကြောင်းဆုံးဖြတ်ပြီးမှ လုပ်ဆောင်မည်ဖြစ်သည်။ ပြင်ဆင်စရိတ်စုစုပေါင်းသည် အာမခံကာလ ၊ အာမခံ နှင့် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။ သင့်ဖုန်းမော်ဒယ်စခရင်လဲရန် ခန့်မှန်းကုန်ကျစရိတ်ကို Samsung လျှပ်စစ်ပစ္စည်းဆိုင်ရာ အသုံးပြုသူအထောက်အပံ့ ဆိုဒ်တွင်ကြည့်ရှုနိုင်ပါသည်။

တစိတ်တပိုင်းလဲခြင်း

စခရင် ဆိုသည်မှာ ဖန်သားပြင် ၊ မှန် နှင့် အပေါ်မှန်တို့ပါ၀င်သည့် တခုတည်းသောအစိတ်အပိုင်းဖြစ်သည်။ တစိတ်တပိုင်းပြင်ဆင်ခြင်းသည် စခရင်တခုလုံးကိုအစားထိုးခြင်းမဟုတ်ဘဲ အပေါ်ယံမှန်သားကို ပြန်အသုံးပြုရင်း ဖန်သားပြင် သို့မဟုတ် မှန်ကဲ့သို့ လိုအပ်သည့်အပိုင်းများကိုသာ လဲခြင်းဖြစ်ပါသည်။ ၄င်းသည် အလုံးစုံစခရင်လဲခြင်းနှင့်ယှဉ်ပါက ကုန်ကျစရိတ်သက်သာစေပါသည်။ ယခုပြင်ဆင်မှုအမျိုးအစားသည် အချို့မော်ဒယ်များအတွက်သာရရှိနိုင်ပြီး ဖုန်း၏ထိခိုက်ပျက်စီးမှု အနည်းအများပေါ်မူတည်၍ ရရှိနိုင်လိမ့်မည်မဟုတ်ပါ။

(ရရှိနိုင်သည့်မော်ဒယ်များ – Galaxy Z Fold3, Z Flip3, S21, S21+, S21 Ultra, Z Flip 5G, Z Flip, Z Fold2, Fold, Note20, Note20 Ultra, S20, S20+, S20 Ultra, Note10, Note10+)

မှတ်ချက်။

  • ၀န်ဆောင်မှုစင်တာသို့မသွားရောက်မီ ကျေးဇူးပြု၍ Samsung လျှပ်စစ်ပစ္စည်းဝန်ဆောင်မှု အသုံးပြုသူအထောက်အပံ့စင်တာသို့ဆက်သွယ်၍ သင်လဲမည့်အစားထိုးအပိုင်း ရှိ၊မရှိ ဆက်သွယ်စစ်ဆေးပေးပါ။
  • သင်သည် အာမခံသို့မဟုတ် ကာကွယ်ရေးအစီအစဉ်တွင် စာရင်းသွင်းထားပါက ပြေစာကိုယူ၍ သင့်အာမခံကုမ္ပဏီသို့ သေချာတင်သွင်းပါ။

စစ်ဆေးမှု ၃။ သင့်နောက်မှန်ကာဗာ(နောက်မှန်) ပျက်စီးသွားချိန်

နောက်မှန်ကာဗာဆိုသည်မှာ မှန်ဖြင့်လုပ်ထားသည့်ဖုန်းနောက်ခံကာဗာကို ရည်ညွှန်းပါသည်။ နောက်မှန်ကာဗာသည် ပြင်ပထိခိုက်မှု သို့မဟုတ်ပြုတ်ကျမှုကြောင့် ပျက်စီးပါက Samsung လျှပ်စစ်ပစ္စည်းဆိုင်ရာဝန်ဆောင်မှုစင်တာ တွင် အသစ်လဲနိုင်ပါသည်။ ပြင်ပနောက်မှန်ကာဗာကိုလဲရန်အတွက် ကုန်ကျစရိတ်နှင့်ပြင်ဆင်နည်းလမ်းမှာ မော်ဒယ်နှင့်အတွင်းထဲတွင် ထိခိုက်ပျက်စီးမှုရှိမရှိ စစ်ဆေးရန်လိုအပ်ခြင်းရှိမရှိအပေါ်မူတည်ပါသည်။ အသေးစိတ်စျေးနှုန်းအချက်အလက်အတွက် Samsung လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။

နောက်မှန်ကာဗာပျက်စီးနေသည့် Galaxy ဖုန်း

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ