Galaxy One UI 6 တွင် ရိုးရှင်းသော အက်ပ်အမည်များ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 27.10.2023

Galaxy အသုံးပြုသူများသည် Galaxy One UI 6 (Android ဗားရှင်း ၁၄) ထွက်ရှိမှုနှင့်အတူ သိမ်မွေ့သောပြောင်းလဲမှုအချို့ကို သတိပြုမိပါလိမ့်မည်။ ဥပမာအားဖြင့် Samsung အက်ပ်အိုင်ကွန်ဖြင့် ပြသထားသည့် အမည်များကို ရိုးရှင်းအောင်ပြုလုပ်ထားပြီး သုံးစွဲသူများအတွက် အက်ပ်များကို တစ်ချက်ကြည့်ရုံမျှဖြင့် သတိပြုမိရန် ပိုမိုလွယ်ကူစေပါသည်။

Galaxy One UI 6 ‌၏ ပြောင်လဲမှုများကို Galaxy ဖုန်းပင်မစခရင်တွင် မြင်နိုင်ပါသည်။

ရိုးရှင်းသော အညွှန်းများ

Galaxy One UI 6 (Android ဗားရှင်း ၁၄) အတွက် အက်ပ်အညွှန်းများကို ရိုးရှင်းအောင်ပြုလုပ်ခြင်းတွင် “Samsung'' နှင့် "Galaxy" ဟူသော စကားလုံးများကို ဖယ်ရှားခြင်းဖြင့် Galaxy ပင်မစခရင်များတွင် အက်ပ်အမည်များကို စာကြောင်းတစ်ကြောင်းတည်းဖြင့် ကန့်သတ်ခြင်း ပါဝင်သည်။ ဤပြောင်းလဲမှုသည် ပိုမိုသန့်ရှင်းပြီး စနစ်တကျသည့် အသွင်အပြင်ကို ဖန်တီးပေးပြီး သုံးစွဲသူတို့ ကြိုက်နှစ်သက်သည်များကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်စေပါသည်။

မှတ်ချက်: အက်ပ်၏ အမည်မှန်မှာပြောင်းလဲသွားခြင်းမရှိပါ။ ပင်မစခရင်နှင့် အက်ပ်စခရင်တွင်ပေါ်နေပုံကသာ ပြောင်းလဲသွားပါသည်။

Galaxy ဖုန်းပင်မစခရင်ပေါ်ရှိ Galaxy One UI 5 Galaxy ဖုန်းပင်မစခရင်ပေါ်ရှိ Galaxy One UI 5

Galaxy One UI 5

Galaxy ဖုန်းပင်မစခရင်ပေါ်ရှိ Galaxy One UI 6 ပြောင်းလဲမှုများ Galaxy ဖုန်းပင်မစခရင်ပေါ်ရှိ Galaxy One UI 6 ပြောင်းလဲမှုများ

Galaxy One UI 6

အက်ပ်အမည်အညွှန်းများမှ “Samsung” နှင့် “Galaxy” ကို ဖယ်ရှားထားသည်ကို ပြသသည့်ပုံ။

အသုံးပြုသူများသည် အက်ပ်စာရင်းရှာဖွေမှုတွင် နာမည်အပြည့်အစုံဖြင့် ရှာဖွေနိုင်သည့်အပြင် ဆက်တင်များ > အက်ပ်များတွင်လည်း ရှာဖွေနိုင်သည်။

ဆက်တင်များ > အက်ပ်များတွင် ဖော်ပြထားသော အက်ပ်များ၏ အမည်အပြည့်အစုံစခရင်ကို ရိုက်ထားသည့် ဓာတ်ပုံ။ ဆက်တင်များ > အက်ပ်များတွင် ဖော်ပြထားသော အက်ပ်များ၏ အမည်အပြည့်အစုံစခရင်ကို ရိုက်ထားသည့် ဓာတ်ပုံ။
အက်ပ်စာရင်းရှိ ရှာဖွေဘား။ အက်ပ်စာရင်းရှိ ရှာဖွေဘား။

ပြန်လည်ပြင်ဆင်ထားသော အညွှန်းများဖြင့် Samsung အက်ပ်များ

App Name (Galaxy One UI 5)

App Name (Galaxy One UI 6)

Galaxy Store

Store

Samsung Members

Members

Samsung TV Plus

TV

Samsung Music

Music

Samsung Pay

Pay

Samsung Pass

Pass

Samsung Wallet

Wallet

Galaxy Wearable

Wearable

Samsung Notes

Notes

Samsung Kids

Kids

Samsung Flow

Flow

Samsung News

News

Samsung Global Goals

Global Goals

Samsung Cloud

Cloud

Samsung Health

Health

မှတ်ချက်: ရရှိနိုင်သော အက်ပ်များမှာ နိုင်ငံအလိုက် ကွဲပြားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ