အာရုံခံဆင်ဆာ ကောင်းစွာအလုပ်မလုပ်ခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 14.01.2022

သင့်ဖုန်းကိုနားနှင့်ကပ်၍ဖုန်းပြောနေစဉ်တွင် အာရုံခံဆင်ဆာ၏သဘာဝတုံ့ပြန်မှုအရ စခရင်သည် အလိုအလျောက်ပိတ်သွားမည်ဖြစ်သည်။ အာရုံခံဆင်ဆာကို တခုခုပိတ်နေပါက စခရင်အလိုအလျောက်ဖွင့်မရ(ပိတ်သွားခြင်း)ဖြစ်ပြီး ဖယ်လိုက်သည့်အခါ ပြန်ပွင့်လာပါလိမ့်မည်။ ထိုလုပ်ဆောင်ချက်သည် ဖုန်းပြောနေစဉ်အတွင်းမရည်ရွယ်သည့်သက်ရောက်မှုများကိုကာကွယ်ပေးခြင်းနှင့် ဘက်ထရီပါ၀ါကို ချွေတာပေးပါသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

လုပ်ဆောင်ချက်နှင့် အာရုံခံဆင်ဆာ၏တည်နေရာ

အာရုံခံဆင်ဆာတွင် အလင်းထုတ်ခြင်းနှင့်အလင်းရယူခြင်းကိရိယာတို့ဖြင့် ပေါင်းစပ်ထားပါသည်။ အလင်းထုတ်လွှင့်မှုကိရိယာမှအလင်းသည် ရုပ်ပစ္စည်းများမှအလင်းပြန်နှုန်းကိုဆန်းစစ်ပြီး ၄င်းနှင့်ဖုန်းကြားအကွာအဝေးကို တွက်ချက်ပေးပါသည်။

မော်ဒယ်တိုင်းမတူညီကြသော်လည်း ယေဘုယအားဖြင့် အာရုံခံဆင်ဆာသည် ဖန်သားပြင်အရှေ့ခြမ်း အပေါ်ဘက်တွင်ရှိပါသည်။ Galaxy S21 စီးရီးတွင် ထောင့်စွန်းများကိုသေးအောင်လုပ်ထားသည့် Infinity Display ပါရှိသောကြောင့် အာရုံခံဆင်ဆာသည်ဖန်သားပြင်အပေါ်ဘက် အတွင်းထဲတွင်ရှိပါသည်။

မှတ်ချက် - ဖန်သားပြင်နောက် အတွင်းဘက်တွင်အာရုံခံဆင်ဆာရှိနေသည့်မော်ဒယ်များတွင် အာရုံံခံဆင်ဆာပွင့်ပြီး စခရင်အပေါ်ဘက်တွင် မှိန်ဖျော့ဖျော့မှိတ်တုတ်မီးလေး လင်းနေပါလိမ့်မည်။ ကျေးဇူးပြု၍ ထိုဖြစ်ရပ်မှာ ဖန်သားပြင်သို့မဟုတ်စွမ်းဆောင်ရည် ပြဿနာကြောင့်မဟုတ်ကြေင်း သတိပြုပါ။

အာရုံခံဆင်ဆာ

အာရုံခံဆင်ဆာအလုပ်မလုပ်သည့်အခါ

Galaxy S5 စီးရီးနောက်ပိုင်းထွက်သည့်မော်ဒယ်များတွင် အာရုံခံဆင်ဆာကို ဖွင့်/ပိတ် လုပ်၍မရပါ။ အာရုံခံဆင်ဆာကောင်းစွာအလုပ်မလုပ်ပါက အောက်ပါအတိုင်းစစ်ဆေးကြည့်ပါ။

စစ်ဆေးမှု ၁။ ဘယ်လိုသတ်မှတ်မလဲ [စခရင်ဖွင့်ရန် နှစ်ချက်နှိပ်ခြင်း]

ဖုန်းပြောပြီးသည့်အခါတွင် စခရင်ပြန်ပွင့်မလာပါက စခရင်ဖွင့်ရန် နှစ်ချက်နှိပ်ခြင်း လုပ်ဆောင်ချက်ကိုပိတ်ပါ။

advance features ဆက်တင်များ advance features ဆက်တင်များ

အဆင့် ၁။ Settings ကိုဖွင့်၍Advanced features ကိုဝင်ပါ။

motions and gestures  ဆက်တင်များ motions and gestures  ဆက်တင်များ

အဆင့် ၂။ Motions and gestures ကိုရွေးချယ်ပါ။

စခရင်ဖွင့်ရန်နှစ်ချက်နှိပ်ခြင်း ခလုတ် စခရင်ဖွင့်ရန်နှစ်ချက်နှိပ်ခြင်း ခလုတ်

အဆင့် ၃။ စခရင်ဖွင့်ရန် နှစ်ချက်နှိပ်ခြင်း ခလုတ်ကိုပိတ်ပါ။

စစ်ဆေးမှု ၂။ နူးညံ့သည့်အဝတ်ဖြင့် ဆင်ဆာကိုသန့်ရှင်းပေးခြင်း

အာရုံခံဆင်ဆာသည် ဖုန်းအပေါ်ဘက်တွင်ရှိသော်လည်း နေရာအတိအကျမှာ မော်ဒယ်အလိုက်ကွဲပြားပါလိမ့်မည်။ ဖုန်း၏အရှေ့ခြမ်းကို သန့်ရှင်းနူးညံ့သည့်အဝတ်ဖြင့် သန့်ရှင်းပေးပါ။

မှတ်ချက် -

  • ဆံပင်သို့မဟုတ် မှန်ကပ်များကဲ့သို့အသုံးအဆောင်များရှိ အငြိမ်လျှပ်စစ်ကြောင့် အာရုံခံဆင်ဆာကောင်းစွာအလုပ်မလုပ်ခြင်းဖြစ်နိုင်ပါသည်။
  • နားကြပ်သို့မဟုတ် Bluetooth နားကြပ်များဖြင့်စကားပြောနေစဉ်တွင် အာရုံခံဆင်ဆာသည် ပိတ်သွားပါလိမ့်မည်။ စခရင်ပိတ်ခြင်း (ဖန်သားပြင်ပိတ်ခြင်း) လုပ်ဆောင်ချက်အလုပ်လုပ်တော့မည်မဟုတ်သဖြင့် ဖုန်းပြောနေစဉ် ဖုန်းသုံးနိုင်မည်ဖြစ်ပါသည်။ နားကြပ်သို့မဟုတ် Bluetooth နားကြပ်များဖြင့်ပြောဆိုနေခြင်းမဟုတ်မှသာ အာရုံခံဆင်ဆာအလုပ်လုပ်မည်ဖြစ်သည်။

စစ်ဆေးမှု ၃။ Samsung Members အက်ပ်မှတဆင့် အာရုံခံဆင်ဆာအားပြဿနာရှာဖွေခြင်း

Samsung Members မှ အကူအညီရယူခြင်း Samsung Members မှ အကူအညီရယူခြင်း

အဆင့် ၁။ Samsung Members အက်ပ်ကိုဖွင့်ပြီးစခရင်အောက်ခြေရှိ အကူအညီရယူရန် ကိုနှိပ်ပါ။

ပြဿနာရှာဖွေခြင်း ပြဿနာရှာဖွေခြင်း

အဆင့် ၂။ Diagnostics အောက်ရှိ View tests ကိုနှိပ်ပါ

အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်း အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်း

အဆင့် ၃။ ပြဿနာရှာဖွေမှုအလိုအလျောက်စတင်ရန် Proximity recognition ကိုရွေးချယ်ပါ။

အာရုံခံဆင်ဆာအသိအမှတ်ပြုမှုတွင် လက်ထားရှိခြင်း အာရုံခံဆင်ဆာအသိအမှတ်ပြုမှုတွင် လက်ထားရှိခြင်း

အဆင့် ၄။ စခရင်တွင်ပေါ်လာသည့်လမ်းညွှန်များအတိုင်းလုပ်ဆောင်၍ သင့်လက်ကိုအနီးမှာထားပါ သို့သော် စခရင်အပေါ်ပိုင်းကိုမထိပါနှင့်။

အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်းရလဒ် အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်းရလဒ်

အဆင့် ၅။ ပြဿနာရှာဖွေခြင်းပြီးမြောက်သွားသည့်နောက်တွင် သင့်စခရင်ပေါ်တွင် သင့်ဖုန်းအားစစ်ဆေးမှုရလဒ်ကို ချက်ခြင်းကြည့်ရှုနိုင်ပါသည်။

စစ်ဆေးမှု ၄။ အသုံးအဆောင်ပစ္စည်းများကိုဖြုတ်ပါ

ပြင်ပ စခရင်အကာများ ၊ ကာဗာများ ၊ စတစ်ကာ သို့မဟုတ် စခရင်မှန်ကပ်များသည် ဆင်ဆာကို ပိတ်နိုင်သည့်အတွက် ဖယ်ထုတ်သင့်ပါသည်။ Samsung မှ ခွင့်ပြုထားသည့် အသုံးအဆောင်များကိုသာသုံးရန် အကြံပြုပါသည်။

စစ်ဆေးမှု ၅။ ဖုန်းအား restart ချခြင်း

သင်ဖုန်းချလိုက်သည်နှင့် Quick settings ဖွင့်ရန် လက်နှစ်ချောင်းဖြင့် အပေါ်မှအောက်သို့ဆွဲချပြီး ဖုန်းကို restart ချပါ။ Power ပုံကိုနှိပ်ပါ။ Restart ကိုနှိပ်၍ Restart ကိုထပ်နှိပ်ပါ။

မှတ်ချက် - ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ