စခရင်နှင့် ဖုန်း၏ဘောင်ကြားတွင် ကွာဟနေပါသည်။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းအကောင်းဆုံးလုပ်ဆောင်နိုင်ရန်အတွက် စခရင်ဟချက် အနည်းငယ်လိုအပ်ပါသည်။ အဆိုပါ ဟချက်ကြောင့် အသုံးပြုနေစဉ် အနည်းငယ်တုန်ခါမှုမျိုးရှိနိုင်သော်လည်း စွမ်းဆောင်ရည်ပြဿနာကြောင့်မဟုတ်ပါ။ အချိန်နှင့်အသုံးပြုသည့်အလျောက် စခရင်ဟချက် ပိုကျယ်လာမည်ကိုသတိပြုပါ။

စစ်ဆေးမှု ၁။ စခရင်ကွာဟချက်ထဲသို့ ရေဝင်နိုင်ပါသလား။

ယေဘုယျအားဖြင့် စခရင်နှင့် ဖုန်းဘောင်ကြားတွင် အနည်းငယ်ဟထားရန်လိုအပ်ပါသည်။ ထို့ကြောင့် စခရင်ဟချက်သည် ဖုန်းအကောင်းဆုံးလုပ်ဆောင်နိုင်ရန် အပြုသဘောဆောင်လျှက် ထုတ်လုပ်ထားပါသည်။ စခရင်ဟချက်အားလုံးသည် အောက်ပါတင်းကျပ်သည့်ဒေသတွင်းစံနှုန်းများနှင့်အညီဖြစ်ပြီး ဖုန်း၏ စွမ်းဆောင်ရည် သို့မဟုတ် လုပ်ဆောင်ချက်ကို မသက်ရောက်စေနိုင်ပါ။ ထို့အပြင် ရေနှင့်ဖုန်ခံနိုင်သည့် Galaxy ဖုန်းများသည် ဖုန်းအတွင်းမှအစိတ်အပိုင်းများကို ရေသို့မဟုတ် အညစ်အကြေးများနှင့်မထိစေရန် ထုတ်လုပ်ထားပါသည်။

အချုပ်အားဖြင့်ဆိုရသော် သေချာထားရှိထားသည့် စခရင်ဟချက်ထဲသို့ ရေမဝင်ရောက်နိုင်သည့်အပြင် ရေဒဏ်ခံနိုင်စွမ်းကို သက်ရောက်မှုရှိလာမည်မဟုတ်ပါ။ 

Galaxy ဖုန်း စခရင်ဟချက်

စစ်ဆေးမှု ၂။ စခရင်ဟချက် ပိုကျယ်လာတယ်ထင်ရခြင်း

စခရင်ဟချက်ကျယ်လာခြင်းမှာ အစိတ်အပိုင်းများအကြား နေ့စဉ်သာမန်အသုံးပြုနေစဉ်ဖြစ်လာသည့် ပြန့်ကားမှုများကြောင့်ဖြစ်သည့် သာမန်ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပါသည်။ သို့ရာတွင် စခရင်ဟချက်သိသိသာသာ ပိုကျယ်လာပါက ပြန်လည်ပြင်ဆင်ရန်လိုမလို ဆုံးဖြတ်ရန် Samsung လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာ ကိုသွားရောက်ပါ။ 

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page