Galaxy Watch Series အတွက် D-Buckle Sport လက်ပတ်ကို အသုံးပြုရန် အကြံပြုချက်များနှင့် နည်းလမ်းများ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.08.2023

အဆင်ပြေသော သံလိုက်လက်ပတ်ခေါင်းကြောင့် သင့်လက်ကောက်ဝတ်တွင် ကြိုးကို အလွယ်တကူတပ်ပြီး လိုအပ်သည့်အခါ ချွတ်နိုင်သည်။ ထို့အပြင်၊ D-Buckle Sport လက်ပတ်ကို သက်တောင့်သက်သာရှိစေရန် ချောမွေ့သော၊ ပြောင်းလွယ်ပြင်လွယ်ရှိသော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။

Samsung Galaxy Watch D-Buckle Sport လက်ပတ်ကို ပတ်နေသည့် လူတစ်ယောက်။

မှတ်စုများ-

  • စတိုင်ကျသော D-Buckle လက်ပတ်သည် သင်၏ Galaxy Watch5 Pro နှင့်အတူ ပါဝင်ပါသည်။
  • D-Buckle လက်ပတ်ကို Galaxy Watch6 မော်ဒယ်အတွက် သီးခြားရောင်းချသည်။
  • D-Buckle လက်ပတ်ဒီဇိုင်းနှင့် အရွယ်အစားသည် မော်ဒယ်အလိုက် ကွဲပြားနိုင်သည်။

D-Buckle Sport လက်ပတ်ကို ချိန်ညှိပါ

အရမ်းကြပ်မနေဘဲ သက်တောင့်သက်သာရှိစေဖို့ လက်ပတ်အရှည်ကို ချိန်ညှိပါ။

အဆင့် ၁. သံလိုက် လက်ပတ်ခေါင်းကို ဖွင့်ပါ။

Galaxy Watch ပေါ်ရှိ သံလိုက်ကြိုးကို ဖွင့်နေပုံ။

မှတ်ချက်- ကြိုးဖြုတ်သည့်အခါ အင်အားအလွန်အကျွံမသုံးပါနှင့်။ ကြိုးက တွန့်လိမ်သွားပြီး လက်ပတ်၏ အံဝင်မှုကို ထိခိုက်နိုင်တာကြောင့် ကြိုးကိုကိုင်တွယ်တဲ့အခါ သတိထားပါ။

အဆင့် ၂. ချိတ်ကိုဖွင့်ပါ၊ အရှည်ကိုချိန်ညှိရန် လက်ပတ်ကို လက်ပတ်ခေါင်းထဲသို့ ထည့်ပြီးနောက် ချိတ်ကိုပိတ်ပါ။

လက်ပတ်အရှည်ကို ချိန်ညှိနည်း အဆင့်ဆင့် လမ်းညွှန်ချက်များ။

မှတ်ချက်- လက်ပတ်၏အဆုံးကို ကိုင်ထားပါက လက်ပတ်ကွင်းထဲသို့ထည့်ရန် ပိုမိုလွယ်ကူစေသည်။

အဆင့် ၃. လက်ပတ်ကို ပတ်ထားချိန်မှာ ချိတ်ကိုဖွင့်ရန်အတွက် လက်ပတ်ကိုအောက်သို့ ငြင်သာစွာ ဆွဲချပါ။

ချိတ်ဖွင့်ထားသည့်ပုံ။

D-Buckle Sport လက်ပတ်ကို အသုံးပြုရန် အကြုံပြုချက်များ

  • D-Buckle Sport လက်ပတ်၏ သံလိုက်ပစ္စည်းသည် သတ္တုပစ္စည်းများကို ဆွဲငင်နိုင်သည်။
Galaxy Watch D-Buckle Sport လက်ပတ်သည် သတ္တုပစ္စည်းများကို ဆွဲငင်သည်။
  • သင့် Galaxy Watch အား ပေးထားသည့် အားသွင်းကိရိယာဖြင့် အားသွင်းရန်၊ အားသွင်းနေစဉ် အားသွင်းကြိုးကို အနှောင့်အယှက်မဖြစ်စေရန်အတွက် သင့် Galaxy Watch ကို ဘေးစောင်းထားပါ။
ပေးထားသည့် အားသွင်းကိရိယာဖြင့် Galaxy Watch အား အားသွင်းနေပါသည်။
  • သင်၏ Galaxy Watch အား ကြိုးမဲ့အားသွင်းကိရိယာ သို့မဟုတ် ကြိုးမဲ့အားသွင်းခြင်းအား အသုံးပြု၍ အားသွင်းရန် D-Buckle Sport လက်ပတ်ကို ဦးစွာဖယ်ရှားပါ။ ထို့နောက် နာရီ၏နောက်ဘက်တစ်ခုလုံးအား အားသွင်းမျက်နှာပြင်နှင့် တိုက်ရိုက်ထိတွေ့ထားကြောင်း သေချာပါစေ။
Samsung ကြိုးမဲ့အားသွင်းကိရိယာတွင် လက်ပတ်ကြိုးမပါဘဲ အားသွင်းသည့် Galaxy Watch။
  • နာရီ၏နောက်ဘက်တစ်ခုလုံးအား အားသွင်းမျက်နှာပြင်နှင့် တိုက်ရိုက်ထိတွေ့မှုမရှိပါက နာရီသည် အားသွင်းမည်မဟုတ်ပါ။
Galaxy Watch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။ Galaxy Watch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။
Galaxy Watch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။ Galaxy Watch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ