Samsung နာရီရဲ့ လုပ်ဆောင်ချက်တွေက ဘာလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.05.2022

Samsung နာရီဆိုသည်မှာ Galaxy ကိရိယာတိုင်းတွင်တွေ့ရနိုင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။  ဤအပလီကေးရှင်းသည် အချိန်၊ ရာသီနှင့် အခြားအသုံးဝင်သော သတင်းအချက်အလက် အသေးစိတ်အချက်အလက်များကို ပြသပေးပါသည်။  

အလယ်တွင် အပလီကေးရှင်း ပုံလေးပါသော Samsung နာရီ၏ ရွေးချယ်စရာအမျိုးမျိုး။

Samsung နာရီ၏ လုပ်ဆောင်ချက်များ

 

  • နှိုးစက်

"နှိုးစက်" လုပ်ဆောင်မှုသည် အမျိုးမျိုးသော အချိန်၊ အပြင်အဆင်နှင့် သီးသန့် လုပ်ဆောင်ချက်များနှင့်အတူ နှိုးစက်အကြိမ်ကြိမ်ချထား၍ ရစေနိုင်ပါသည်။  နေ့စဉ်လုပ်နေကျအရာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့ အကူအညီဖြစ်စေရန် ကြိုတင်သတ်မှတ်ထားသော နှိုးစက်များ၊ နားရန်အချိန်လိုသည့်အခါများအတွက် အသံတိုးအပြင်အဆင်များ၊ နှိုးစက်မြည်သည့်အခါ လှုပ်ခါစေရန် တုန်ခါစေသည့် လုပ်ဆောင်မှုပါဝင်သည်။ ထို့အပြင် နေ့စဉ်ပုံမှန် နှိုးစက်များသော်လည်းကောင်း၊ တစ်ပတ်လျှင် နှိုးစက်ချလိုသည့် ရက်များအတွက် သီးသန့်သော်လည်းကောင်း နှိုးစက်ချနိုင်သည်။ 

"အိပ်ချိန်" mode သည် ဖုန်းကို greyscale သို့ အလိုအလျောက် ပြောင်းပေးပြီး အိပ်နေသည့်အခါတွင် ဖုန်းခေါ်ဆိုမှုများ/အသံများကို အသံပိတ်ပေးသည့် လုပ်ဆောင်မှုဖြစ်ပါသည်။  ညတိုင်းသည် အပြည့်အဝ အနားယူ၍ရသောည ဖြစ်စေရန် သင်၏ ကျန်းမာရေးနှင့် ညီညွတ်သော အိပ်စက်သည့် အလေ့အကျင့်ကို ထိန်းနိုင်ရန် အကူအညီဖြစ်စေသည့် အကြံပြုချက်များလည်း တစ်ပါတည်းပါဝင်ပါသည်။ 

သင်၏ဖုန်းတွင် Bixby ဖွင့်ထားသည်ဆိုလျှင် သီးသန့် အသံများနှင့် theme များ ပါဝင်သော အထူး "Bixby"အပြင်အဆင်ကို အသုံးပြုနိုင်ပါသည်။ နှိုးစက်တိုင်းကို ထူးခြားစေသည့် သီးသန့် အသံများဖန်တီးရန် Samsung နာရီကိုလည်း သင်၏ သီချင်းဖွင့်စက် သို့မဟုတ် Spotify ™ ကဲ့သို့သော အပလီကေးရှင်းများနှင့်လည်း ချိတ်ဆက်ချိန်ညှိထားနိုင်ပါသည်။

 

  • ကမ္ဘာ့နာရီ

သင်ရောက်ရှိနေသည့်နေရာကိုလိုက်၍ Samsung နာရီက အချိန်နှင့် ရာသီဥတုများကို အလိုအလျောက် ပြသပေးပါသည်။ သို့သော် "ကမ္ဘာ့နာရီ" လုပ်ဆောင်ချက်နှင့်ဆိုလျှင်  သင့်အနေဖြင့် ကမ္ဘာပေါ်ရှိ နေရာတစ်ခုကို မြို့တစ်ခုကို ရွေးချယ်ကာ ထိုနေရာ၏ လက်ရှိ အချိန်နှင့် ရာသီဥတုကို ကြည့်ရှုပါသည်။ "အချိန်ဇုန်ပြောင်းစက်"လည်းပါဝင်ပါသည်။ ထိုအပြင်ဆင်က သင်၏ လက်ရှိနေရာနှင့် သင်ရွေးချယ်ထားသော မြို့အကြားက အချိန်ကွာခြားချက်ကို ပြသပေးပါသည်။ ပိုပြီး တုန့်ပြန်မှုရှိသော အတွေ့အကြုံကို ရရှိလိုပါက သင်၏ ''ကမ္ဘာ့နာရီ"အပြင်အဆင်ကို "စာရင်းမြင်ကွင်း"မှ "မြေပုံမြင်ကွင်း" သို့ပြောင်းလိုက်ပြီး သင်၏ ကမ္ဘာ့နာရီအပြင်အဆင်ရှိ မြို့တစ်ခုချင်းစီ၏ တည်နေရာကို မြေပုံဖြင့်ကြည့်ရှုနိုင်ပါသည်။

 

  • စံချိန်တင်နာရီ

"စံချိန်တင်နာရီ"က အချိန်ကို စက္ကန့်ပိုင်းအထိ အတိအကျ တိုင်းတာသတ်မှတ်ပေးနိုင်ပါသည်။ အချိန်ကို တစ်ဆက်တစ်စပ်တည်း မှတ်ပေးနေချိန်တွင် စံချိန်မှတ်ခြင်းရပ်လိုက်သည့် အကြိမ်ရေကို စောင့်ကြည့်၍ရစေနိုင်သည့် "Laps" လုပ်ဆောင်ချက်လည်းပါဝင်ပါသည်။ စံချိန်တင်နာရီက ခေတ္တရပ်နား၊ ပြန်စနိုင်သည့်အပြင် စံချိန်မှတ်ခြင်းရပ်ဆိုင်းမှုများကိုလည်း ကူးယူနိုင်နေကြောင့် စံချိန်ကို စောင့်ကြည့်ရန်လိုအပ်တိုင်း မှတ်တမ်းရှိနေမည်ဖြစ်သည်။

                                            

  • အချိန်မှတ်နာရီ

လုပ်စရာရှိသည်များကို တစ်ပြိုင်းတည်းလုပ်နေချိန်တွင် အချိန်ကိုလည်း မှတ်သားထားရန်လိုအပ်သည့်အခါတွင် "အချိန်မှတ်နာရီ" လုပ်ဆောင်ချက်ကို အသုံးပြုပါ။  နာရီကို အချိန်ပြည့် ကြည့်နေစရာမလိုဘဲ (ဥပမာချက်ပြုတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် လေ့လာခြင်း) အခြား အလုပ်များကို ကြာချင်သလောက်ကြာအောင် အာရုံစိုက်နိုင်စေရန်အတွက် အချိန်မှတ်နာရီသည် နောက်ခံတွင် ဆက်လက် အလုပ်လုပ်နေပါသည်။ 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ