ကြည်လင်ပြတ်သားမှုမြင့်မားသော ဓာတ်ပုံကို သင့် Galaxy S23 Ultra နှင့်ရိုက်ယူသောအခါ ဘာကြောင့်အချိန်ပိုကြာတာလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 15.02.2023

ကြည်လင်ပြတ်သားမှုမြင့်မားသော ရုပ်ပုံများကိုရိုက်ယူသည့်အခါ ရိုက်ချက်များကြား ကြာချိန်သည် ပုံမှန်ကြည်လင်ပြတ်သားမှုရှိသည့် ရုပ်ပုံများနှင့် နှိုင်းယှဉ်ပါက ပိုမိုကြာနိုင်ပါသည်၊ အကြောင်းရင်းမှာ ပစ်ဇယ်အရေအတွက်ပိုများသော ရုပ်ပုံသည် စီမံဆောင်ရွက်ရန် အချိန်ပိုမိုလိုအပ်သောကြောင့်ဖြစ်သည်။ 

အချိုးအစားနှင့် ကြည်လင်ပြတ်သားမှု အိုင်ကွန်များပါသည့် ရုပ်ပုံဖရိမ်ပုံ။

သတိပြုရန်- ကြည်လင်ပြတ်သားမှုမြင့်မားသော ရုပ်ပုံများကို တစ်ပုံပြီးတစ်ပုံ ရိုက်ယူပါက ရုပ်ပုံစီမံဆောင်ရွက်ချိန် တိုးလာနိုင်သည်။

Galaxy S23 Ultra သည် deep learning အခြေပြု ရုပ်ပုံစီမံဆောင်ရွက်ခြင်းနည်းပညာဖြင့် ကြည်လင်ပြတ်သားမှုမြင့်မားသော ရုပ်ပုံများ (ပစ်ဇယ်ပေါင်း သန်း 200 အထိ) ကို ရိုက်ယူနိုင်ပါသည်။

ထို့ကြောင့် ဓာတ်ပုံရိုက်ပြီးနောက် စီမံဆောင်ရွက်နေစဉ်တွင် ချက်ချင်း ထပ်ရိုက်သောအခါ သို့မဟုတ် ပြခန်းထဲသို့ ဝင်ရောက်သောအခါ  “လုပ်ဆောင်နေသည်” ကိုမြင်ရသည်မှာ ပုံမှန်ဖြစ်သည်။

ရုပ်ပုံကြည်လင်ပြတ်သားမှုကိုပြောင်းပါက ရုပ်ပုံစီမံဆောင်ရွက်ရန် လိုအပ်ချိန်ကို ပြောင်းစေပါသည်။

ရုပ်ပုံကြည်လင်ပြတ်သားမှုကို ပြောင်းနည်း

ရိုက်ကူးမှုရွေးချယ်စရာများတွင် 200MP သို့မဟုတ် 50MP ကို ရွေးချယ်ပါက ကြည်လင်ပြတ်သားမှုမြင့်မားသော ဓာတ်ပုံများကို ရိုက်နိုင်ပါသည်။

  • 200MP- ပစ်ဇယ်ပေါင်း သန်း 200။
  • 50MP- ပစ်ဇယ်ပေါင်း သန်း 50။

သတိပြုရန်- 200mp ကြည်လင်ပြတ်သားမှုကို Galaxy S23 Ultra တွင်သာ ရွေးချယ်ရရှိနိုင်ပါသည်။

ပင်မစခရင်ရှိ ကင်မရာအက်ပ်အိုင်ကွန်ပုံ။ ပင်မစခရင်ရှိ ကင်မရာအက်ပ်အိုင်ကွန်ပုံ။

အဆင့် 1။ သင့် Samsung Galaxy ဖုန်းရှိ ကင်မရာအက်ပ် ကို ဖွင့်ပါ။

ကင်မရာအချိုးအစားနှင့် ကြည်လင်ပြတ်သားမှုအိုင်ကွန်ပုံ။ ကင်မရာအချိုးအစားနှင့် ကြည်လင်ပြတ်သားမှုအိုင်ကွန်ပုံ။

အဆင့် 2။ရုပ်ပုံအချိုးအစားနှင့် ကြည်လင်ပြတ်သားမှု အိုင်ကွန်ကို တို့ပါ

ကင်မရာရုပ်ပုံ အချိုးအစား နှင့် ကြည်လင်ပြတ်သားမှု ရွေးချယ်စရာများပုံ။ ကင်မရာရုပ်ပုံ အချိုးအစား နှင့် ကြည်လင်ပြတ်သားမှု ရွေးချယ်စရာများပုံ။

အဆင့် 3။ သင်လိုချင်သော ရုပ်ပုံအရွယ်အစား၏ အချိုးအစားနှင့် ကြည်လင်ပြတ်သားမှုကို ရွေးချယ်ပါ။

ကြည်လင်ပြတ်သားမှုမြင့်မားသော ရုပ်ပုံများစွာကို တစ်ပုံပြီးတစ်ပုံ ရိုက်ယူပါက ရုပ်ပုံစီမံဆောင်ရွက်ချိန်က တိုးလာနိုင်သည်။

  • ရုပ်ပုံ၏စီမံဆောင်ရွက်ချိန်ကို ကင်မရာဖြင့် ကြည့်ရှုနည်း
ကင်မရာအက်ပ်ရှိ လုပ်ဆောင်နေသောအိုင်ကွန်ပုံ။

ဓာတ်ပုံရိုက်ပြီးနောက် ရုပ်ပုံစီမံဆောင်ရွက်ရန် ကြာချိန်ကိုပြသသည့် လုပ်ဆောင်နေသော အိုင်ကွန်ကိုကြည့်ပါ။

 

  • ရုပ်ပုံ၏စီမံဆောင်ရွက်ချိန်ကို ပြခန်းဖြင့် ကြည့်ရှုနည်း
 ပြခန်းအက်ပ်ရှိ လုပ်ဆောင်နေသောအိုင်ကွန်ပုံ။

ဓာတ်ပုံရိုက်ပြီးနောက် ပြခန်း ကိုဖွင့်၍ ရုပ်ပုံစီမံဆောင်ရွက်ရန်နှင့် ပြခန်းတွင်ဖော်ပြရန် ကြာချိန်ကိုပြသသည့် လုပ်ဆောင်နေသော အိုင်ကွန်ကိုကြည့်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ