LED ကာဗာတပ်ထားပါက ဖုန်း၏ NFC အလုပ်လုပ်ပါသလား။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

LED ကာဗာ၏ LED မီးဖွင့်ထားချိန်တွင် NFC အလုပ်မလုပ်နိုင်ပါ။ စစ်မှန်သည့် Samsung LED ကာဗာများကို LED view cover (back protection & screen cover အမျိုးအစား , LED လုပ်ဆောင်ချက်သည် စခရင်ကာဗာပေါ်တွင်ရှိ) နှင့် LED back cover(LED လုပ်ဆောင်ချက်သည် နောက်ကာဗာတွင်ရှိသည်) ဟု ကျယ်ပြန့်စွာခွဲခြားထားပြီး NFC အသုံးပြုခြင်းသည် LED view cover အတွက် ယာယီကန့်သတ်ထားနိုင်ပါသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

LED ကာဗာလုပ်ဆောင်ချက်များ

ကာဗာ၏ LED များကိုဖွင့်လိုက်သည့်အခါပေါ်လာသည့် ”Light control အသုံးပြုနေစဉ်အတွင်း NFC အသုံးပြု၍မရနိုင်ပါ” ဆိုသည့် မက်ဆေ့ချ်အရ ၄င်း မက်ဆေ့ချ်သည် သင့်အနေဖြင့် NFC tags ကိုဖတ်မရ၊ရေးမရခြင်း သို့မဟုတ် Light Control အသုံးပြုနေစဉ်အတွင်း NFC ကိရိယာအချင်းချင်း ဒေတာမျှဝေ၍ မရနိုင်ဟု ဆိုလိုပါသည်။
  • Mode lighting: Galaxy ဖုန်းကိုအောက်ဘက်စိုက်ထားပါက အလင်းပြကွက်ကို LED များဖြင့် တင်ဆက်ပေးပါသည်။
  • LED notification icons: သင့်အနေဖြင့် အသိပေးစာများရောက်လာသည့်အခါ အသိပေးစာပုံလေး ပေါ်ပါလိမ့်မည်။
  • Camera timer: နောက်ကင်မရာအတွက် အချိန်ဖွင့်ထားပါက စက္ကန့်ကို ဖုန်းမျက်နှာပြင်ရော ကာဗာပေါ်မှာပါ ပြသပေးမည်ဖြစ်သည်။
  • Emoticons for the rear cameras: သင် ကင်မရာအက်ပ်ကိုဖွင့်လိုက်သည့်အခါျွှင့် နောက်ကင်မရာများကို ဖွင့်ထားသည့်အခါ သင်ရွေးချယ်သည့် LED ပုံကို နောက်ကာဗာတွင် ပြပေးသွားမည်ဖြစ်သည်။

မှတ်ချ+က်- အထောက်အပံ့ပေးထားသော လုပ်ဆောင်ချက်များသည် LED ကာဗာ အစစ်အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။

NFC ဆိုတာဘာလဲ။

NFC ဆိုသည်မှာ “Near Field Communication” ကိုဆိုလိုပြီး နာမည်နှင့်ညီအောင် တွဲစပ်သုံးနိုင်သည့် ကိရိယာများကြားတွင် အကွာအဝေးတိုဆက်ဆံရေးတခုကို ပေးပါတယ်။ NFC နည်းပညာသည် သုံးစွဲသူများကို လုံခြုံသည့်ငွေလွှဲပြောင်းမှုများ ၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု လဲလှယ်ခြင်းများနှင့် လျပ်စစ်ကိရိယာများနှင့် တချက်တည်းချိတ်ဆက်နိုင်ခွင့်ကို ပေးပါသည်။ NFC ကြိမ်နှုန်းများမှာ အကွာအဝေးတိုသော်လည်း(အစမှ စင်တီမီတာအနည်းငယ်အထိ) ဖြစ်ပြီး ကိရိယာများကို နီးနီးကပ်ကပ်ထားရန်လိုအပ်ပါသည်။

NFC ဆိုသည်မှာ အဆက်အသွယ်မဲ့ကဒ်များတွင်ပါပြီး သင့်စမတ်ဖုန်းတွင် NFC နည်းပညာကို အများဆုံးပုံမှန်အသုံးပြုပေးခြင်းသည် Samsung Pay အတွက် လွယ်ကူစွာ ငွေပေးချေနိုင်အောင် လုပ်ပေးနေပါသည်။ NFC ကို ကြိုးမဲ့ကိရိယာများဖြင့် လျှင်မြန်စွာချိတ်ဆက်နိုင်ပြီး ဒေတာများလွှဲပြောင်းနိုင်ပါသည်။

NFC

①    လျှပ်စီး

②    လျှပ်ကူးစီးမှုကြောင့်ဖြစ်လာသည့် သံလိုက်စက်ကွင်း B

NFC ကို လျှင်မြန်စွာ ဘယ်လိုအဖွင့်အပိတ်လုပ်မလဲ။

အဆင့် ၁။ Quick setting ကိုဝင်ရောက်ရန် မျက်နှာပြင်အပေါ်မှ အောက်သို့ ၂ ခါဆွဲချပါ။

အဆင့် ၂။ ရွေးစရာများပိုမိုကြည့်ရှုရန် ဘယ်ဘက်သို့ဆွဲပါ။

အဆင့် ၃။ NFC ကိုနှိပ်၍ အပိတ်အဖွင့်လုပ်ပါ။

မှတ်ချ+က်- ရနိုင်သည့်ဆက်တင်နှင့်ဖန်သားပြင်များသည် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲလ်ဗားရှင်းနှင့် ဖုန်းအလိုက် ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ