ဆမ်ဆောင်း တီဗွီအား Firmware အဆင့်မြှင့်တင်ရန် လုပ်ဆောင်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.09.2020

မိမိ၏ တီဗွီအား ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်ခြင်းလုပ်ဆောင်ရန် နည်းလမ်း (၂) မျိုးရှိပါသည်။  မိမိတီဗွီသည် အင်တာနက်နှင့် ချိတ်ဆက်ထားပါက တီဗွီစနစ် (Setting) မှတဆင့် ရရှိနိုင်သော အဆင့်မြှင့်တင်ခြင်းအား ရှာဖွေရယူနိုင်သည်။ ဆမ်ဆောင်း၏ဝက်ဘ်ဆိုက်ရှိ ကုန်ပစ္စည်းအကူအညီနှင့် ပံ့ပိုးရေး အောက်တွင်လည်း ရှာဖွေ၍ ဒေါင်းလုတ်ရယူနိုင်ပြီး USB တွင် သိမ်းဆည်းထားနိုင်သည်။

တီဗွီ စနစ် (Setting) မှတဆင့် အဆင့်မြှင့်တင်ခြင်း

1 တီဗွီအားဖွင့်ပြီးနောက် အင်တာနက်ဖြင့် ချိတ်ဆက်ပါ။ Settings အားဖွင့်ပြီး အောက်ပါအတိုင်း ဆောင်ရွက်ပါ။
  • 2018 Models - Settings > Support > Software Update > Update Now
  • 2017 Models - Settings > Support > Software Update > Update Now
  • 2016 Models - Settings > Support > Software Update > Update now
  • 2015 Models - MENU > Support > Software Update > ENTER
  • 2014 Models - Support > Software Update > Update now
2 တီဗွီသည် နောက်ဆုံးရရှိနိုင်သော Firmware updates အားရှာဖွေပြီး ဒေါင်းလုတ်ရယူပါလိမ့်မည်။

Options များ မှေးမှိန်နေသေးပါက အင်တာနက်ဖြင့်ချိတ်ဆက်မှုမရှိခြင်း (သို့) firmware update မရရှိသေးခြင်းတို့ကြောင့်ဖြစ်သည်။ အွန်လိုင်းမှတဆင့် ရှာဖွေရရှိသော firmware ဖိုင်အား မည်သို့ဒေါင်းလုတ်ရယူ၍ USB ဖြင့် သိမ်းပြီး update လုပ်ရန် အောက်တွင် ဖော်ပြထားပါသည်။

တီဗွီ update အား USB တွင် ဒေါင်းလုတ်ရယူခြင်းနှင့် အဆင့်မြှင့်တင်ခြင်း

မှတ်ချက်။ လမ်းညွှန်စာအုပ်များ (manual) နှင့် ဆော့ဖ်ဝဲလ် ဒေါင်းလုတ် အောက်တွင် တီဗွီမော်ဒယ်အလိုက် ရွေးချယ်ပြီး ဒေါင်းလုတ်ရယူနိုင်သည်။ (မိမိ တီဗွီဝယ်ယူထားသော နိုင်ငံအောက်တွင်သာ ရှာဖွေရန် သတိပြုပါ။) သင်သည် ယခု ဆမ်ဆောင်းမြန်မာ ဝက်ဘ်ဆိုက်တွင်ရောက်ရှိနေသောကြောင့် မြန်မာနိုင်ငံအတွင်း တင်သွင်းရောင်းချသော ပစ္စည်းများအတွက်သာ firmware အဆင့်မြှင့်တင်ခြင်းအား ဒေါင်းလုတ်ရယူနိုင်ပါသည်။ စာမျက်နှာ၏ အောက်ဆုံးတွင် ရှိသော MYANMAR/ BURMESE အား ရွေးခြယ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအား ရွေးချယ်နိုင်ပါသည်။

1 လမ်းညွှန်စာအုပ်များ (manual) နှင့် ဆော့ဖ်ဝဲလ် ဒေါင်းလုတ်များ Link သို့ချိတ်ဆက်နိုင်ရန် Support သို့ဝင်ရောက်ပါ။
Manuals and software downloads
2 တီဗွီအမျိုးအစား နှင့် မော်ဒယ်နံပါတ် အား ရွေးချယ်ပြီး “ရွေးချယ်မည်” အား ဝင်ရောက်ပါ။
Manuals and software downloads > product type > Model number

သင်၏ တီဗွီအား ရှာမတွေ့ပါက ရရှိနိုင်သော နိုင်ငံနှင့် ဒေသတွင်း ဝက်ဘ်ဆိုက်အား ပြန်လည်စစ်ဆေးပေးပါ။

3 Upgrade File(USB type) အား ဒေါင်းလုတ်ရယူပြီး မိမိ၏ ကွန်ပျူတာတွင် သိမ်းပါ။
Select Upgrade File
4 ဒေါင်းလုတ်ရယူထားသော .zip ဖိုင်အား Extract လုပ်ပါ။ ဖိုလ်ဒါ အမည်အား မပြောင်းလဲပါနှင့်။

သင်၏ တီဗွီသည် zip ဖြင့်သိမ်းထားသော ဖိုင် (သို့) အခြား ဖိုလ်ဒါအတွင်းရှိဖိုင်အား ရှာဖွေ၍ firmware အား Install မလုပ်နိုင်ပါ။

5 Extract လုပ်ထားသော ဖိုင်အား USB တွင် သိမ်းပါ။

Firmware file အား USB ၏ အပေါ်ဆုံးတွင်သာ သိမ်းပါ။ (အခြားမည်သည့် ဖိုလ်ဒါတွင်မှ မသိမ်းပါနှင့်။)

6 တီဗွီအားဖွင့်ပြီး တီဗွီအနောက်တွင် USB အား ထည့်သွင်းခြင်း (သို့) One Connect Box မှတဆင့် တီဗွီနှင့် ချိတ်ဆက်ပါ။
7 တီဗွီ Settings အားဖွင့်ပြီး အောက်ပါတို့မှ သင့်လျော်သည့် menu လမ်းကြောင်းအား ရွေးပါ။
8 ကနဦးအနေဖြင့် တီဗွီမှ USB တွင်သိမ်းထားသော firmware updates အား ရှာဖွေနိုင်ပါသည်။ Yes အားရွေးပြီး ဆက်လက်လုပ်ဆောင်ပါ။

တီဗွီမှ USB တွင်သိမ်းထားသော firmware updates အား ရှာမတွေ့ပါက ဖိုင်သည် unzipped လုပ်ထားခြင်း ဟုတ်/ မဟုတ်နှင့် USB ၏ အခြားသော ဖိုလ်ဒါများတွင် သိမ်းထားခြင်း ဟုတ်/ မဟုတ်အား ပြန်လည်စစ်ဆေးပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ