Samsung TV အလိုလျောက် ပိတ်နေ ပွင့်နေခြင်း

နောက်ဆုံးအပ်ဒိတ်လုပ်သည့်နေ့ : 26.11.2019

မိမိ၏ ဆမ်ဆောင်တီဗွီသည် သိသာသောအကြောင်းပြချက်မရှိဘဲ အလိုလျောက် ပိတ်နေ ပွင့်နေခြင်း ဖြစ်ပေါ်နေပါက အချို့သော အချက်များအား စစ်ဆေးကြည့်နိုင်ပါသည်။ မိမိ၏ တီဗွီတွင် စွမ်းအင်ခြွေတာသော လုပ်ဆောင်ချက်ပါရှိပါက စွမ်းအင်သုံးစွဲမှု များစွာမဖြစ်ပေါ်စေရန် တီဗွီ မီနူးရှိ စွမ်းအင်ခြွေတာခြင်းလုပ်ဆောင်ချက်များအား ထိန်းညှိနိုင်သည်။

စွမ်းအင်ခြွေတာခြင်းစနစ်များအား စစ်ဆေးခြင်း

ယခင်ထွက်ရှိပြီးသော ဆမ်ဆောင်းတီဗွီ မော်ဒယ်အဟောင်းများအတွက် လုပ်ဆောင်ရန်မှာ -
Menu > System > ECO solution >
“No Signal Power Off” နှင့် “ Auto Power Off” အနေအထားများအား အားရွေးချယ်ရန် တွေ့မြင်ရပါလိမ့်မည်။

 


ဆမ်ဆောင်းတီဗွီမော်ဒယ် အသစ်များအတွက်မူ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။
Settings > General > ECO Solution >
ထိုမှတဆင့် “Energy Saving Mode” နှင့် “Auto Power Off Mode” တို့အား ထိန်းညှိနိုင်ပါသည်။

မှတ်ချက်။ “Auto Power Off” ရွေးခြယ်မှုအား ပိတ်ထားပါက တီဗွီသည် မည်သည့်လုုပ်ဆောင်ချက်မှ မပြုလုပ်သောအခါတွင်လည်း ဖွင့်လျက်ရှိနေမည်ဖြစ်သည်။ ထို့ပြင် မိမိ တီဗွီ၏ စွမ်းအင်သုံးစွဲမှုသည်လည်း သိသာထင်ရှားစွာ မြင့်တက်လာမည်ဖြစ်သည်။

၂၀၁၈ QLED မော်ဒယ်များ -

၂၀၁၈ QLED တီဗွီများအား SmartThings App ဖြင့် အသုံးပြုပါက မိမိ၏ တီဗွီအား အလိုလျောက်ပိတ်စေနိုင်သော အချက်တစ်ခုရှိပါသည်။  Settings of the SmartThings app တွင် ပါရှိသော “Allow Phone Presence Detection” လုပ်ဆောင်မှုသည် ချိတ်ဆက်ထားသော ဖုန်းသည် တီဗွီနှင့် အနီးအနားတွင် မရှိသော်လည်း တီဗွီပိတ်ခြင်းအား လုပ်ဆောင်နိုင်သည်။ 

နောက်ထပ် လုပ်ဆောင်နိုင်သော အချက်များ -

Auto Power off နှင့် အခြားသော စွမ်းအင်ခြွေတာခြင်းစနစ်များအား မိမိစိတ်ကြိုက်လုပ်ဆောင်ပြီးသော်လည်း တီဗွီပါ၀ါပိတ်ခြင်း အမှတ်မထင်ဖြစ်ပွားပါက အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါ။

1 တီဗွီမီးကြိုးအား ဖြုတ်ခြင်း

တီဗွီမီးကြိုးအား ပလပ်မှ ခေတ္တ ခဏ ဖြုတ်ပြီးထားပါ။ မိနစ်အနည်းငယ်အကြာတွင် မီးကြိုးအား ပြန်လည်တပ်ဆင်ပြီး အသုံးပြုကြည့်ပါ။

2 ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ခြင်းအား လုပ်ဆောင်ခြင်း

မိနစ် ၃ဝကျော်အထိ တီဗွီအား ဖွင့်လျက်ထားနိုင်ပါက ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်ခြင်းအား လုပ်ဆောင်နိုင်သည်။ အဆင့်ဆင်လုပ်ဆောင်မှုအား ဤနေရာတွင် ကြည့်ပါ။  Updating the Firmware of a Samsung TV.  ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်ခြင်းအား လုပ်ဆောင်နေစဉ်အတွင်း ပါ၀ါပြတ်တောက်မှုဖြစ်ပေါ်ပါက တီဗွီအား ထိခိုက်ပျက်စီးစေနိုင်သည်အားသတိပြုစေလိုပါသည်။

3 တီဗွီအား ပြန်လည်၍ ပြောင်းလဲ၍ တပ်ဆင်ခြင်း

အဆင့်ဆင့် လုပ်ဆောင်မှုအား ဤနေရာတွင် ကြည့်ပါ။How to Reset a Samsung TV.

4 ချို့ယွင်းချက်ကိုရှာဖွေနိုင်ရန် နည်းပညာကျွမ်းကျင်ဝန်ထမ်းနှင့် တိုင်ပင်ဆွေးနွေးခြင်း

အကူညီများရယူရန် ဆမ်ဆောင်းမြန်မာ Call Center ၏ Hot Line နံပါတ်ဖြစ်သော +95 1 2399888 အား နံနက် ၇ နာရီမှ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ခေါ်ဆိုမေးမြန်းစုံစမ်းနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

သင်ရှာဖွေနေသည့်အရာအား ရှာမတွေ့ဖြစ်နေပါသလား။ သင့်အားကူညီပေးရန်အဆင်သင့်ဖြစ်နေပါပြီ

အွန်လိုင်း

Live Chat ပြောဆိုခြင်း

နေ့စဉ် (၂၄)နာရီ အချိန်မရွေး ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖုန်းခေါ်ဆိုမည်

Samsung ထုတ်ကုန်များနှင့် ပတ်သက်၍အထွေထွေစုံစမ်းမေးမြန်းရန်

01-2399888

Samsung Myanmar Contact Center အားလတ်တလောတွင် နေ့စဉ် မနက်(၈) နာရီမှ ညနေ(၆) နာရီအထိသာ ဖုန်းခါ်ဆိုနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖုန်းပြောဆိုမှုများအားလုံးကို အသံသွင်းယူထားမည် ဖြစ်ပါသည်။
လူကြီးမင်းတို့၏ အချက်အလက်လုံခြုံမှုနှင့် ပတ်သက်၍ Samsung ၏ ကိုယ်ရေးအချက်အလက်မူဝါဒကို Privacy Policy တွင်ကြည့်ရှုနိုင်ပါသည်။

* ပုံနှိပ်စက် (ပရင်တာ) နှင့်ပတ်သက်ပြီးသိရှိလိုပါက အောက်ဖော်ပြပါဝက်ဘ်ဆိုဒ်အား ကျေးဇူးပြု၍လေ့လာပါ HP website .

မျက်နှာချင်းဆိုင်ပံ့ပိုးမှု

ဆားဗစ်စင်တာလိပ်စာများ

လူကြီးမင်းနှင့် အနီးဆုံးဝန်ဆောင်မှုစင်တာ တည်နေရာအားရှာဖွေနိုင်ပါသည်။

Smart Service

Samsung အရောင်းဆိုင်များတွင်ပင် လိုအပ်သော ဝန်ဆောင်မှုများကို ရရှိနိုင်မည့် ဝန်ဆောင်မှုဖြစ်ပါသည်။

ဆက်သွယ်ရန်