လုံခြုံရေး

လုံခြုံရေး

Samsung Knox၊
သင့်စက်နှင့် ဝန်ဆောင်မှုကို ကျွန်ုပ်တို့ မည်သို့ အပြည့်အဝ ကာကွယ်ပုံ

Samsung Knox၊
သင့်စက်နှင့် ဝန်ဆောင်မှုကို ကျွန်ုပ်တို့ မည်သို့ အပြည့်အဝ ကာကွယ်ပုံ

Samsung Knox သည် ကျွန်ုပ်တို့၏ ကျယ်ပြန့်သော လုံခြုံရေးဆိုင်ရာ မူးများနှင့် နက်နဲသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် သင့်စက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ကာကွယ်ပေးပါသည်။
သင့်ဒေတာနှင့် ဘဝနေထိုင်မှုပုံစံအား အပြည့်အဝကာကွယ်မှုအတွက် Samsung Knox ကို ယုံကြည်စိတ်ချနိုင်စေရန် ကျွန်ုပ်တို့သည် မဆုတ်မနစ်လုပ်ဆောင်ပါသည်။

Samsung Knox လုံခြုံရေး မူများ

အနှောင့်အယှက်ခံနိုင်ရည်ရှိသော ဟာ့ဒ်ဝဲ Root of Trust (RoT) မှ ကျွန်ုပ်တို့၏ ယုံကြည်မှုကွင်းဆက်ကို တည်ဆောက်ထားပါသည်။

ကျွန်ုပ်တို့ယုံကြည်မှု၏အရင်းမြစ်ကို ချစ်ပ်များထဲတွင် နက်ရှိုင်းစွာထည့်သွင်းထားပြီး အကန့်အသတ်ရှိသော အပလီကေးရှင်းအစုံတွင်သာ ဝင်ရောက်နိုင်သော်လည်း ပြင်ပကမ္ဘာနှင့် မထိတွေ့ပါ။
end-to-end ပုဂ္ဂိုလ်ရေး ဒေတာကို အကာအကွယ်ပေးနေစဉ် ကျွန်ုပ်တို့၏ အဓိကဆော့ဖ်ဝဲလုပ်ဆောင်ချက်များကို အနှောင့်အယှက်မဖြစ်စေကြောင်း သေချာပါသည်။
ကျွန်ုပ်တို့၏ ဟာ့ဒ်ဝဲ-ကျောထောက်နောက်ခံပြုထားသော လုံခြုံရေးအင်္ဂါရပ်များသည် ကျွန်ုပ်တို့၏ဖောက်သည်များအား ဘေးကင်းကြောင်း ခံစားစေပြီး စိတ်အေးလက်အေးဖြစ်စေပါသည်။

မဲလ်ဝဲ တိုက်ခိုက်မှုများကို ကာကွယ်နေစဉ်တွင် အရေးကြီးပြီး လျှို့ဝှက်ထားရမည့် ဒေတာများကို လုပ်ဆောင်ပေးသည့် သီးခြားလုပ်ဆောင်မှုပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ ပေးဆောင်ပါသည်။

ကာကွယ်ထားသော ဗီဒီယိုပြန်လည်ပြသမှု၊ အသုံးပြုသူအထောက် အထားစိစစ်ခြင်းနှင့် ငွေပေးချေမှုအက်ပလီကေးရှင်းများသည် ကျွန်ုပ်တို့၏ဘေးကင်းသောလုပ်ဆောင်မှုပတ်ဝန်းကျင်တွင် လုပ်ဆောင်ပါသည်။ အသုံးပြုသူအထောက် အထားစိစစ်ခြင်းအတွက်၊ ကျွန်ုပ်တို့၏ ဘေးကင်းသော လုပ်ဆောင်ချက်ပတ်ဝန်းကျင်သည် အရေးကြီးသော ဘိုင်အိုမက်ထရစ် အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားသည်။ ငွေပေးချေမှုအက်ပ်များအတွက်၊ ကျွန်ုပ်တို့၏ ဘေးကင်းသော လုပ်ဆောင်ချက်ပတ်ဝန်းကျင်သည် ငွေပေးချေမှုဆိုင်ရာ အလွှဲအပြောင်းမှုများကို လုံခြုံစွာ ကိုင်တွယ်ရန် သေချာစေသည်။

ဘိုင်အိုမက်ထရစ်များ၊ PIN တန်ဖိုးများ သို့မဟုတ် PII ကဲ့သို့သော အလွန်အထိခိုက်မခံသည့်ဒေတာကို ဒေတာပေါက်ကြားမှုအန္တရာယ်များမကျရောက်ရန်အတွက် ခိုင်ခံ့ပြီး သီးခြားခွဲထုတ်ထားသည့် လုံခြုံသောသိုလှောင်မှုတွင် သိမ်းဆည်းထားသည်။

ကျွန်ုပ်တို့၏ အပြည့်အဝ သီးခြားလုံခြုံသော သိုလှောင်မှုသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုလည်း ခံနိုင်ရည်ရှိသည်။

ကျွန်ုပ်တို့သည် ဒေတာကာကွယ်မှုဖြေရှင်းချက်များကို ပေးဆောင်ရန် သက်သေပြထားသော ကုဒ်သင်္ကေတဆိုင်ရာ အယ်လ်ဂိုရီသမ်များနှင့် နည်းပညာကို ထည့်သွင်း အသုံးပြုပါသည်။

Samsung ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် နိုင်ငံတကာအသိအမှတ်ပြု၍ စံပြုထားသော လျှို့ဝှက်သင်္ကေတနည်းပညာများကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် Federal Information Processing Standard (FIPS) ကဲ့သို့သော အသိအမှတ်ပြုလက်မှတ်များမှတစ်ဆင့် အဆိုပါ ဝှက်ကုဒ်ထည့်သွင်းသော နည်းပညာများကို သေချာ အကောင်အထည်ဖော်ပါသည်။ အသုံးပြုသူများ၏ ဒေတာကို ကုဒ်ဝှက်ထားသောပုံစံဖြင့် လုံခြုံစွာသိမ်းဆည်းထားသည်။ ထိုကဲ့သို့သော ဒေတာကာကွယ်ရေး ယန္တရားများကို data-at-rest နှင့် data-in-transit တို့တွင်လည်း အသုံးချပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကိုဝင်ရောက်ကြည့်ရှုရာတွင် သတ်မှတ်ထားသည့် အသုံးပြုသူများသာ အရည်အချင်းပြည့်မီသော ခိုင်မာ အထောက်အထား စိစစ်ခြင်းနည်းပညာများကို အသုံးပြုပါသည်။

ခိုင်မာသော အသုံးပြုသူ အထောက်အထားစိစစ်ခြင်းကို ပေးဆောင်ရန် PIN၊ ပုံစံ၊ စကားဝှက်၊ လက်ဗွေနှင့် မျက်ဝန်းအသိအမှတ်ပြုခြင်းကဲ့သို့သော အသုံးပြုသူ အထောက်အထား စိစစ်ခြင်းနည်းပညာများစွာကို ပေါင်းစပ်အသုံးပြုပါသည်။ ထို့အပြင်၊ အင်တာနက်ဝန်ဆောင်မှုများသို့ ဝင်ရောက်ခွင့်ကို ထိန်းချုပ်ရန်အတွက် Samsung အကောင့် ကို အသုံးပြုနိုင်ပြီး သတ်မှတ်ထားသော အသုံးပြုသူများသာ စက်များ၊ ဝန်ဆောင်မှုများနှင့် ဒေတာများကို ဝင်ရောက်သုံးစွဲခွင့်ပြုရန် ကျွန်ုပ်တို့၏ အထောက်အထားများစွာကို အသုံးချနိုင်ပါသည်။

သင့်စက်နှင့် ဝန်ဆောင်မှုများတွင် ဥပဒေနှင့် မညီစွာ ဝင်ရောက်စွက်ဖက်သည့် လုပ်ဆောင်ချက်များကို သိရှိနိုင်သည့် နည်းပညာများကို ဖြန့်ကျက် အသုံးပြုထားပါသည်။ ကျွန်ုပ်တို့သည် သုံးစွဲသူများအတွက် ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကို တားဆီးရန် ဤလုပ်ဆောင်ချက်များအကြောင်း သုံးစွဲသူများအား အသိပေးပြီး နှိုးဆော်သတိပေးသည့် ယန္တရားများကို ဖန်တီးပါသည်။

ထုတ်ကုန်တစ်ခုစီတိုင်းသည် ဘေးကင်းပြီး အကောင်းပကတိဖြစ်ကြောင်း သေချာစေရန် ကျွန်ုပ်တို့၏ထုတ်ကုန်များတွင် ဖြန့်ကျက်ထားသည့် အနှောက်အယှက်ကြိုးပမ်းမှုများကို ရှာဖွေတွေ့ရှိပြီး ကာကွယ်တားဆီးပါသည်။ လုံခြုံသော boot ကိုအသုံးပြု၍ စတင်သည့်အချိန်၌ ‌အကောင်အထည်ဖော် လုပ်ဆောင်သည့်ဆော့ဖ်ဝဲ၏ မှန်ကန်မှုကို ကျွန်ုပ်တို့စစ်ဆေးပါသည်။ ကျွန်ုပ်တို့၏ ဆော့ဖ်ဝဲအတည်ပြုခြင်းနည်းပညာသည် မစစ်ဆေးရသေးသော ဆော့ဖ်ဝဲလ်အပ်ဒိတ်များကို ထည့်သွင်းခြင်းမှ ကာကွယ်ပေးမည့် ဆော့ဖ်ဝဲအပ်ဒိတ်များကို လွှဲပြောင်းပေးပါသည်။ ကျွန်ုပ်တို့၏ အချိန်နှင့်တစ်ပြေးညီ ကာကွယ်မှုနည်းပညာသည် ဖွင့်၍အသုံးပြုနေသော ဆော့ဖ်ဝဲလ်နှင့် အရေးကြီးသောဒေတာများကို အမြဲတမ်းကာကွယ်ပေးပါသည်။

ကျွန်ုပ်တို့သည် အမြဲတမ်းပြောင်းလဲနေသော မဲလ်ဝဲ နှင့် ဟက်ပြုလုပ်မှု အခင်းအကျင်းမှ တိုက်ခိုက်မှုများကို တိုက်ဖျက်ရန်အတွက် နောက်ဆုံးပေါ် လုံခြုံရေးအပ်ဒိတ်များနှင့် ပက်ချ်များကို အသုံးပြုပါသည်။

Samsung ထုတ်ကုန်များသည် ချန်နယ်အမျိုးမျိုးမှတဆင့် လုံခြုံရေးအပ်ဒိတ်များကို ပေးပါသည်။ ကျွန်ုပ်တို့သည် အားနည်းချက်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် လျင်မြန်စွာ ဖြေရှင်းရန်အတွက် အွန်လိုင်းမှ Over-the-Network အပ်ဒိတ်များအပြင် အချိန်အခါအလိုက်နှင့် အရေးပေါ်လုံခြုံရေးအပ်ဒိတ်များကို ကမ်းလှမ်း ပေးဆောင်ပါသည်။

အယူအဆမှ သက်တမ်းအဆုံးအထိ၊ ကျွန်ုပ်တို့ထုတ်ကုန်များ၏ သက်တမ်းတစ်ခုလုံးနှင့် သုံးစွဲသူအတွေ့အကြုံအား လွှမ်းခြုံထားသည့် တင်းကျပ်သော လုံခြုံရေးဆိုင်ရာဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ကျွန်ုပ်တို့က လိုက်နာပါသည်။

ကျွန်ုပ်တို့၏လုံခြုံရေးမူဝါဒများကို ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာဒေတာနှင့် အခြားလျှို့ဝှက်ဒေတာတို့အား အမျိုးအစားခွဲခြင်း၊ ကိုင်တွယ်ခြင်းနှင့် ကာကွယ်ပုံအားစီမံဆောင်ရွက်ခြင်းတို့အထိ တိုးချဲ့ပါသည်။ ကျွန်ုပ်တို့သည် တိုက်ခိုက်မှုဗက်တာ အမျိုးအစားအားလုံးကို ထည့်သွင်းစဉ်းစားသည့် စေ့စပ်ခိုင်မာသော လုံခြုံရေးဒီဇိုင်းသုံးသပ်ချက်များကို စစ်ဆေးဖြတ်သန်းပါသည်။ ကျွန်ုပ်တို့၏ စက်များနှင့် ဝန်ဆောင်မှုများပေါ်တွင် ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများအတွက် ခြိမ်းခြောက်မှုအခင်းအကျင်းအတိုင်းအတာကို ကျွန်ုပ်တို့ အမြဲစောင့်ကြည့်နေပါသည်။

ပြီးပြည့်စုံသောလုံခြုံရေးကို ကမ်းလှမ်းပံ့ပိုးပါသည်
အသိအမှတ်ပြုလက်မှတ်ရ Knox လုံခြုံရေးပလက်ဖောင်းဖြင့်

Samsung ၏ Knox လုံခြုံရေးပလက်ဖောင်းသည် တစ်ကိုယ်ရေ စက်ပစ္စည်း၊ လုပ်ငန်းဆိုင်ရာဖြေရှင်းနည်းနှင့် ဝန်ဆောင်မှုများတွင် အကာအကွယ်ပေးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။
Knox လုံခြုံရေးပလက်ဖောင်းတွင် အန္တရာယ်ရှိသောဆော့ဖ်ဝဲလ်နှင့် ခြိမ်းခြောက်မှုများမှဒေတာများကို ကာကွယ်ပေးသည့် အလွှာ အထပ်ထပ်ကာရံထားသော ကာကွယ်ရေးနှင့် လုံခြုံရေးယန္တရားများ အများအပြားပါရှိသည်။ Knox လုံခြုံရေးပလက်ဖောင်းကို အစိုးရအေဂျင်စီများ၊ လုံခြုံရေးအသိအမှတ်ပြုလက်မှတ်အဖွဲ့များနှင့် ပြင်ပကုမ္ပဏီလုံခြုံရေး ဝန်ဆောင်မှု ပံ့ပိုးရောင်းချသူများက အတည်ပြုပြီး အသိအမှတ်ပြုလက်မှတ်များ ပေးထားပါသည်။
သုံးစွဲသူက စက်ပစ္စည်းကို ပါဝါဖွင့်လိုက်သည်နှင့် တပြိုင်နက် Knoxလုံခြုံရေးပလက်ဖောင်းသည် စက်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ကာကွယ်ပေးသည်။

ကျွန်ုပ်တို့၏ထုတ်ကုန်များတွင် Knox လုံခြုံရေးနည်းပညာကို နက်ရှိုင်းစွာ ထည့်သွင်းထားသည်။

Samsung Knox သည် သုံးစွဲသူများအနေဖြင့် ကျွန်ုပ်တို့၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဘေးကင်းစွာ အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ပံ့ပိုးပေးပါသည်။
「Knox ဖြင့် လုံခြုံစိတ်ချရသည်」ဘေးကင်းမှုကို အာမခံပါသည်

မိုဘိုင်း

Samsung Galaxy စက်တစ်လုံးတွင် Knox သည် အလွှာတိုင်း၌ လျှို့ဝှက်ပြီး အရေးကြီးသော အချက်အလက်များကို လုံခြုံစွာ ကာကွယ်ပေးပါသည်။
Galaxy စက်ပစ္စည်းကို ပါဝါဖွင့်ထားချိန်မှစ၍ Knoxသည် အချိန်ပြည့် အချိန်နှင့်တစ်ပြေးညီ အကာအကွယ်ပေးပါသည်။

TV

Knox လုံခြုံရေးသည်Samsung၏ Smart TV စက်ပစ္စည်းများမှသည် အွန်လိုင်းပလက်ဖောင်းများနှင့် ဝန်ဆောင်မှုများ သုံးစွဲသူဒေတာနှင့် ဝန်ဆောင်မှုများအား မျက်ခြေမပြတ် လုံခြုံစွာ ကာကွယ်ပေးပါသည်။
ကျွန်ုပ်တို့သည် သုံးစွဲသူများအား လုံခြုံပြီး အကောင်းဆုံးသော TV အတွေ့အကြုံကို ပေးဆောင်ပါသည်။

အိမ်သုံးပစ္စည်း

Knox ၏ ခိုင်မာကျစ်လစ်မှု စစ်မှန်ကြောင်းအထောက်အထားနှင့် သက်သေပြထားသော ကုဒ်ဝှက်နည်းပညာသည် SmartThings ဖြင့် အားဖြည့်ထားသော Samsung စမတ်အိမ်သုံးပစ္စည်းများအား လုံခြုံစွာထိန်းချုပ်ခြင်းနှင့် စောင့်ကြည့်ခြင်းအတွက် ကျောရိုးဖြစ်သည်။

ကျွန်ုပ်တို့သည် အမြင့်ဆုံးသော လုံခြုံရေးနှင့် အာမခံချက်ကို ထိန်းသိမ်းထားပါသည်

Samsung သည် ပြီးပြည့်စုံသော လုံခြုံရေးကို ရှာဖွေရယူရာတွင် ကမ္ဘာတစ်ဝှမ်းရှိ လုံခြုံရေးသုတေသနအသိုင်းအဝိုင်းများနှင့် နီးကပ်စွာလုပ်ဆောင်သည်။
ကျွန်ုပ်တို့သည် အီးမေးလ်နှင့် သတင်းပို့တင်ပြသော ဆိုက်အပါအဝင် ချန်နယ်အမျိုးမျိုးမှ လုံခြုံရေးချွတ်ယွင်းချက်များနှင့် အားနည်းချက်များကို လက်ခံရရှိပါသည်။ ကျွန်ုပ်တို့သည် ခြိမ်းခြောက်မှုများနှင့် အားနည်းချက်များကို လျင်မြန်စွာ ကိုင်တွယ် ဖြေရှင်းပါသည်။
ကျွန်ုပ်တို့က Bug Bounty Program ကိုလည်း လည်ပတ်နေပြီး ၎င်းသည် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ရှာဖွေခြင်းနှင့် သတင်းပို့ခြင်းအတွက် လုံခြုံရေးအသိုင်းအဝိုင်းအား ဆုချီးမြင့်ပေးပါသည်။

လုံခြုံရေး ချို့ယွင်းချက်များနှင့် အားနည်းချက်များကို သတင်းပို့ပါသည်

လုံခြုံရေး ချို့ယွင်းချက်များနှင့် အားနည်းချက်များကို အောက်ပါဆိုက်သို့ သတင်းပို့ အသိပေးပါရန် သုတေသီများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ သတင်းပို့မှုတစ်ခုစီကို လျင်မြန်စွာ ဂရုတစိုက်လုပ်ဆောင်ပါမည်။

လုံခြုံရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ အဆင့်မြင့် တိုးတက်လာခြင်း

ကျွန်ုပ်တို့သည် Samsungထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ဘေးကင်းမှုနှင့် အသုံးပြုနိုင်မှုတို့အတွက် စံနူန်းမြှင့်တင်ပေးသည့် လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေးနည်းပညာများကို အဆက်မပြတ်သုတေသနပြုပြီး တီထွင်ထုတ်လုပ်ပါသည်။