အတိုးမဲ့ ၆ လ အရစ်ကျလည်း ရမယ် Credit Card လဲ ရမည့် CB Credit Card 0% Installment အစီအစဉ်



  • ၁။Installment Plan လျှောက်ထားနိုင်ခွင့်
  •  
  • (က) CB Bank မှ ထုတ်လုပ်ထားသော CB Bank Credit ကတ်ဖြင့် ဝယ်ယူသုံးစွဲမှသာ CB Bank Installment Plan အားလျှောက်ထားနိုင်မည်ဖြစ်ပါသည်။
  •  
  • (မူလကတ် (သို့) ဆင့်ပွားကတ်ပါအသုံးပြုနိုင်ပါသည်။)
  •  
  • (ခ) CB Bank Installment Plan လျှောက်ထားမှု၏ သဘောတူညီခြင်းကို CB Bank မှ Customer များအား ရုံးဖွင့်ရက် (၂)ရက်အတွင်း အကြောင်းကြားပေးမည်ဖြစ်သည်။
  •  
  • (ဂ) CB Bank Installment Plan ၏ စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်၍ ဤစည်းကမ်းသတ်မှတ်ချက်များအား သဘောတူညီမှသာ Installment Plan အား လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
  •  
  • ၂။ ပရိုဂရမ် လုပ်ငန်းစဉ်
  •  
  •  
  • (က) Samsung ဆိုင်ခွဲများတွင် CB Credit ကတ်ဖြင့် Samsung Galaxy S20 | S20+ | S20 Ultra အားဝယ်ယူထားမှုများသာ အတိုးနှုန်း ၀% ဖြင့် Installment Plan အားလျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။ (အခြား Samsung ပစ္စည်းဝယ်ယူထားမှုများ မပါဝင်ပါ။)
  •  
  • (ခ) Installment Plan ဖြင့် ဝယ်ယူခြင်းအား လျှောက်ထားမှုမှာ၊
  •  
  • (၁) Samsung Galaxy S20 | S20+ | S20 Ultra အား CB Credit ကတ်ဖြင့် ဝယ်ယူထားမှုအတွက်သာဖြစ်ပြီး မူလကတ်ဖြင့် ဝယ်ယူထားမှုနှင့် ဆင့်ပွားကတ်ဖြင့် ဝယ်ယူထားမှုများအား စုပေါင်းလျှောက်ထားခြင်းအား ခွင့်ပြုမည် မဟုတ်ပါ။
  •  
  • (၂) လျှောက်ထားမှုအား bank statement မပေးပို့မှီ ၅ ရက်မတိုင်မီတွင် လုပ်ဆောင်ရမည် ဖြစ်ပါသည်။
  •  
  • (ဂ) လျှောက်ထားမှု မပြုလုပ်ခင် သေချာစေရန်
  •  
  • (၁) မိမိ၏ကတ်တွင် ကျန်ရှိသော ငွေပမာဏနှင့် (အသုံးမပြုရသေးသော ငွေပမာဏ အပါအဝင်)
  •  
  • (၂) သုံးစွဲနိုင်မည့် ငွေပမာဏမှာ သတ်မှတ်ထားသော Credit ငွေပမာဏထက် မကျော်လွန်စေရန် ဖြစ်ပါသည်။
  •  
  • (ဃ) Installment Plan ဖြင့် ဝယ်ယူသုံးစွဲမှုအား အတည်ပြုမည် ဖြစ်ပါက၊ သင်၏ ကတ်ထဲမှ စုစုပေါင်းပမာဏအား ခေတ္တခဏမျှ ထိန်ချန်ထားမည်ဖြစ်ပါသည်။
  •  
  • (၁) အတည်ပြုထားသော ဝယ်ယူလိုက်သည့်ပမာဏ
  •  
  • (၂) Installment ကာလတစ်ခုလုံးအတွက် သုံးစွဲလိုက်သော ငွေပမာဏနှင့် အထွေထွေ ထိန်းသိမ်းခဖြစ်သော ငွေ ၁၀,၀၀၀ ကျပ်အား အတိုးနှုန်း ၀% ဖြင့် လစဉ်ခွဲ၍ တွက်ချက်ပြီး Credit ငွေပမာဏကို ငွေပေးဆပ်မှုအား ပြုလုပ်ပြီးချိန်တွင်ပြန်လည် ထည့်သွင်းပေးမည်ဖြစ်ပါသည်။
  •  
  • (င) ငွေပြန်လည်ပေးချေခြင်းအား သင့်၏ အကောင့်ထဲမှ လစဉ်နုတ်ယူသွားမည် ဖြစ်ပြီး လစဉ်စာရင်းရှင်းတမ်းများ ပေးပို့သည့် အခါတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
  •  
  • ဝယ်ယူသုံးစွဲထားမှုအား အညီအမျှ တွက်ချက်နုတ်ယူမည်ဖြစ်ပြီး ပထမဦးဆုံး တစ်လတွင်သာ အထွေထွေဝန်ဆောင်ခအား ပေါင်း၍နုတ်ယူသွားမည်ဖြစ်ပြီး ပထမလ၏ စာရင်းရှင်းတမ်းတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
  •  
  • ၃။ လျှောက်ထားပြီးပါက ပြန်လည်ပယ်ဖျက်ခွင့် ရှိမည်မဟုတ်ဘဲ၊ လျှောက်ထားကာလထက် စောစီးစွာ ငွေပြန်လည်ပေးဆပ်မှုကိုသာ ခွင့်ပြုပေးမည် ဖြစ်ပါသည်။
  •  
  • (က) Installment Plan ဖြင့် ဝယ်ယူသုံးစွဲမှုအား လျှောက်ထားပြီးပါက ပြန်လည်ပယ်ဖျက်ခွင့် ရှိမည်မဟုတ်ဘဲ၊ကျန်ရှိနေသော ပြန်လည်ပေးချေရမည့် ငွေပမာဏ နှင့်အထွေထွေဝန်ဆောင်ခ စုစုပေါင်းအား တစ်ကြိမ်တည်း ပြန်လည်ပေးဆပ်မှုကိုသာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
  •  
  • ပြောင်းလဲတောင်းဆိုမှုအား အလုပ်လုပ်ရက် ၁၄ ရက်ကြိုတင်၍ အသိပေးရမည်ဖြစ်ပါသည်။
  •  
  • (ခ) စောစီးစွာပြန်လည်ပေးဆပ်မှုအား ပေးဆပ်ရန်ကျန်ရှိနေသော ငွေပမာဏကို တစ်ကြိမ်တည်းပြန်လည်ပေးဆပ်မှသာ လက်ခံမည်ဖြစ်ပြီး ခွဲ၍ ပေးဆပ်ခြင်းအား လက်ခံမည်မဟုတ်ပါ။ CB Bank ၏သဘောတူညီမှု မရှိဘဲစောစီးစွာပြန်လည်ပေးဆပ်ခြင်းအား ပြုလုပ်နိုင်ခွင့် ရှိမည်မဟုတ်ဘဲ အထွေထွေဝန်ဆောင်ခ ကိုလည်း ပြန်လည်ပေးအပ်မည်မဟုတ်ပါ။
  •  
  • ၄။ Installment Plan ဖြင့် ဝယ်ယူသုံးစွဲမှုအား လျှောက်ထားရယူမှုကို အတည်ပြုပြီးပါက အထွေထွေဝန်ဆောင်ခအား ကောက်ယူမည်ဖြစ်ပါသည်။
  •  
  • ၄င်းအထွေထွေ ဝန်ဆောင်မှုကို Installment Plan နှင့်ပတ်သက်၍ အခါအားလျော်စွာ CB Bank မှပေးသော ကြော်ငြာစာ (သို့) Marketing Materials မှ သတ်မှတ်ထားသည့်အတိုင်းဖြစ်သည်။
  •  
  • ၅။Installment ကာလအတွင်း သင့်၏ကတ်အား အကြောင်းတစ်စုံတစ်ရာကြောင့် ရပ်ဆိုင်းခြင်း ဖြစ်ပေါ်ပါက ကျန်ရှိနေသော ပေးဆပ်ရမည့် ငွေပမာဏအားသင်မှ ချက်ချင်းပြန်လည် ပေးဆပ်ရမည်ဖြစ်ပါသည်။
  •  
  • ၆။ CB Bank မှဖော်ပြပါ စည်းကမ်းချက်များအား အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်နိုင်ခွင့်ရှိမည် ဖြစ်ပါသည်။ အသိပေးခြင်းများကိုလည်း သင့်လျှော်စွာ ပြုလုပ်သွားမည် ဖြစ်ပါသည်။
  •  
  • ၇။ ဥပဒေ နှင့် တရားစီရင်ပိုင်ခွင့်
  •  
  • (က) ဤစည်းကမ်းသတ်မှတ်ချက်များသည် ပြည်ထောင်စု မြန်မာနိုင်ငံတောင်မှ ချမှတ်ထားသော ဥပဒေဖြစ်ပါသည်။
  •  
  • (ခ) မြန်မာနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ တစ်စုံတစ်ရာသတ်မှတ်ချက်မထားဘဲ တင်ပြရမည်ဖြစ်ပါသည်။
  •  
  • -အင်္ဂလိပ်ဘာသာ နှင့်မြန်မာဘာသာနှစ်ခုကြားရှိ မည်သည့်ကွဲလွဲမှုကိုမဆို အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှမ်းမိုးသည်။
  •  
  • ၇။ ဥပဒေ နှင့် တရားစီရင်ပိုင်ခွင့်
  •  
  • -မြန်မာဘာသာသို့ ပြန်ဆိုထားသော ယခုစည်းကမ်းသတ်မှတ်ချက်များ အကိုးအကားမျှသာဖြစ်ပါသည်။ Installment Plan ဖြင့် ဝယ်ယူသုံးစွဲခြင်းဆိုသည်မှာ CB မှပေးအပ်သော Installment Plan ဖြစ်ပါသည်။
  •  
  • -ကတ်ဆိုသည်မှာ CB Bank မှ ထုတ်လုပ်သော Installment Plan ဖြင့် ဝယ်ယူသုံးစွဲနိုင်သော Credit Card အား ဆိုလိုခြင်းဖြစ်ပါသည်။
  •  
  • -Card Account ဆိုသည်မှာ ကတ်ကိုင်ဆောင်သူ၏ စာရင်းဖြစ်ပြီး သုံးစွဲမှုများအား မှတ်တမ်းအဖြစ်သိမ်းဆည်းထားသည့် အကောင့်ဖြစ်သည်။
  •  
  • -ကတ်ကိုင်ဆောင်သူ၏ ကတ်နှင့်ပတ်သက်သော သဘောတူညီချက်ကို ဆိုလိုခြင်းဖြစ်သည်။
  •  
  • -Installment Period ဆိုသည်မှာ CB Bank မှ ချမှတ်ထားသော application form တွင် ပါဝင်သည့် Installment Plan ဖြင့်ဝယ်ယူပေးချေနိုင်မည့်ကာလအား ဆိုလိုခြင်းဖြစ်ပါသည်။
  •  
  • အသေးစိတ်အချက်အလက် ပိုမိုသိရှိလိုပါက CB Bank ၏ Hot Line 012317770 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
  • CB Credit Card လျှောက်ထားဖို့ စည်းကမ်းချက်များကို အသေးစိတ်ဖတ်ရှုရန် ကို ကလစ်နှိပ်ကာ ကြည့်ရှုနိုင်ပါသည်။