SmartThings အက်ပ်တွင် ကျွန်ုပ်၏ တီဗွီကို မည်သို့ထည့်သွင်းရမည်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.03.2022

သင်၏တီဗွီကို SmartThings အက်ပ်တွင် စာရင်း ထည့်သွင်းထားခြင်းအားဖြင့် တီဗွီကိုတိုက်ရိုက်လည်ပတ်ခြင်း သို့မဟုတ် ရီမုကွန်ထရိုးကိုအသုံးမပြုဘဲ အမျိုးမျိုးသောလုပ်ဆောင်မှုများကို အဆင်ပြေစွာထိန်းချုပ်နိုင်သည်။

Soundbar သို့မဟုတ် Bluetooth နားကြပ်များကဲ့သို့သော အိမ်ရှိအခြားကိရိယာများနှင့် အလွယ်တကူဆက်သွယ်နိုင်ခြင်းဖြင့် ကွက်ကွက်ကွင်းကွင်းအာရုံစူးစိုက်မှုကို ခံစားရန်လည်းအလွန်ကျေနပ်ဖွယ် ကောင်းသည်။ SmartThings အက်ပ်ဖြင့်ပို၍ စမတ်ကျသော Samsung Smart TV ကို ခံစားပါ။ 

အကယ်၍ သင်သည်အိမ်မှထွက်ခွာသောအခါ တီဗွီကိုပိတ်ရန်သတိမေ့ပါက သို့မဟုတ် အခြားအခန်းမှ ဧည့်ခန်းရှိတီဗွီကိုထိန်းချုပ်လိုပါက SmartThings အက်ပ်သည် တစ်နေရာတည်းတွင် အမျိုးမျိုးသော IoT စက်ကိရိယာ များကိုအဆင်ပြေစွာထိန်းချုပ်ရန်အလွန်ကောင်းသောဖြေရှင်းချက်ဖြစ်သည်။ စမတ်ဗွီများကို SmartThings အက်ပ်မှတဆင့် မည်သည့်အချိန်နေရာတွင်မဆို အဆင်ပြေစွာစီမံနိုင်သည်။

samsung smartthings connection

ချိတ်ဆက်ရာတွင် လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း သေချာပါစေ။

သင့်မိုဘိုင်းကိရိယာကို သင့် Soundbar နှင့် မချိတ်ဆက်မီ၊ အောက်ပါလိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းထားကြောင်း သေချာဖို့လိုပါသည်။

သင့်မိုဘိုင်းစက်ပစ္စည်း၏ အလုပ်လုပ်ဆောင်မှုကို စစ်ဆေးပါ။

·        SmartThings အက်ပ်သည် Android 6.0 နှင့်အထက် ဖုန်းများအပြင် iOS 10.0 နှင့် အထက်ရှိသော ဖုန်းများနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

သင့်မိုဘိုင်းကိရိယာကို ကွန်ရက်တစ်ခုတည်းသို့ ချိတ်ဆက်ပါ။

·        ပစ္စည်းတစ်ခုစီသည် တူညီသော Wi-Fi ကွန်ရက်သို့ ချိတ်ဆက်ရပါမည်။

·        သင့်စမတ်ဖုန်းပေါ်တွင်- ဆက်တင်များ > ချိတ်ဆက်မှု > Wi-Fi > ချိတ်ဆက်ရန် ရောက်တာတစ်ခုကို ရွေးချယ်ပါ။

မှတ်ချက်:

2017 နောက်ပိုင်းတွင်တီဗွီတွင် ပါရှိသည့် Bluetoothသည် BLE (Bluetooth နိမ့်စွမ်းအင်) function  ကိုထောက်ပံ့သောကြောင့်သင်ဟာ စက်ကိရိယာတွေကို တူညီသောကွန်ယက်ချိတ်ဆက်ခြင်းမရှိဘဲ ရှာဖွေပြီး set up လုပ်နိုင်တယ်။

SmartThings အက်ပ်ကို ထည့်သွင်းပါ။

  • အက်ပ်စတိုးမှ SmartThings အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ။
  • အက်ပ်ကိုရှာရန်၊ အဓိကစကားလုံး SmartThings ကိုသုံးပါ။

 

သင်၏ Samsung အကောင့်ကို စနစ်ထည့်သွင်းပါ။

  • SmartThings အက်ပ်ကို အသုံးမပြုမီ သင်သည် Samsung အကောင့်သို့ အကောင့်ဝင်ရပါမည်။
  •  စမတ်ဖုန်းနှင့် Samsung Soundbar ကို ချိတ်ဆက်ရန် တူညီသော Samsung အကောင့်သို့ အကောင့်ဝင်ထားရန် လိုအပ်သည်။
  • သင့်တွင် Samsung စမတ်ဖုန်းရှိပါက၊ သင့်စမတ်ဖုန်း၏ ဆက်တင်အက်ပ်တွင် သင့် Samsung အကောင့်ကို သင်ထည့်နိုင်သည်။ ထို့နောက်၊ ၎င်းသည် သင်၏ Samsung အကောင့်သို့ အလိုအလျောက် အကောင့်ဝင်ပေးမည်ဖြစ်သည်။

 

သင့်မိုဘိုင်းစက်ပစ္စည်းပေါ်ရှိ SmartThings အက်ပ်ကို စဖွင့်သောအခါ၊ ၎င်းသည် အနီးနားရှိ Samsung Soundbar ကို အလိုအလျောက်သိရှိနိုင်ပြီး စာရင်းသွင်းထားသောဝင်းဒိုးများကို ပြသမည်ဖြစ်သည်။

smartthings app home smartthings app home

အဆင့် ၁။ Samsung တီဗွီကိုဖွင့်ပြီး SmartThings အက်ပ်ကိုဖွင့်ပါ။

select add now on the pop up screen select add now on the pop up screen

အဆင့် ၂။ စာတန်းတက်လာသောအခါ Add Now ကိုနှိပ်ပါ။

start to add device start to add device

အဆင့် ၃။ Start ကိုနှိပ်ပါ။

enter your location and room enter your location and room

အဆင့် ၄။ Samsung တီဗွီအတွက် Location ထဲမှ Room ကိုရွေးချယ်ပေးပါ။ စာရင်းသွင်းခြင်း လုပ်ငန်းပြီးဆုံးသည်အထိ စောင့်ဆိုင်းပေးပါ။

အကယ်၍ သင့်ဖုန်းတွင်ရှိသော SmartThings အက်ပ်သည် သင်၏ TV ကိုအလိုအလျောက်မရှာဖွေနိုင်ပါက သင်၏ TV ကို အက်ပ်သို့ Samsung Soundbar ကို ကိုယ်တိုင်ထည့်သွင်းလို့ရပါသည်။

tap the plus icon tap the plus icon

အဆင့်၁။ SmartThings အက်ပ်ကိုဖွင့်ပြီ Add ခလုတ် (အပေါင်းပုံစံ) ကိုနှိပ်ပေးပါ။

tap the device tap the device

အဆင့် ၂။ Device ကိုနှိပ်ပါ။

tap by brand tap by brand

အဆင့် ၃။ By brand ကိုနှိပ်ပါ။

select samsung icon select samsung icon

အဆင့် ၄။ Samsung ကိုရွေးချယ်ပါ။

select tv icon select tv icon

အဆင့် ၅။ TV ကိုရွေးချယ်ပါ။

start to add device start to add device

အဆင့် ၆။ Start ကိုရွေးချယ်ပါ။

enter your location and room enter your location and room

အဆင့် ၇။ တီဗွီ အတွက် Location နှင့် Room ရွေးချယ်ပေးပါ။

turn on the tv turn on the tv

အဆင့် ၈။ . Remote control ကို အသုံးပြု၍ သင်၏ တီဗွီ ကိုဖွင့်ပါ။

select ok on your tv select ok on your tv

အဆင့် ၉။ . တီဗွီတွင် OK ကိုရွေးပါ။

enter the password shown on the tv enter the password shown on the tv

အဆင့် ၁၀။ တီဗီဖန်သားပြင်ပေါ်တွင်ပြထားတဲ့ PIN ကိုရိုက်ထည့်ပါ။

tv is registered to samsung account tv is registered to samsung account

အဆင့် ၁၁။ သင်၏ Samsung အကောင့်နှင့် တီဗွီကို စာရင်းထည့်သွင်းသည်အထိစောင့်ပါ။

registration is complete registration is complete

အဆင့် ၁၂။ တီဗွီအမည်ကိုသတ်မှတ်ပြီး Done ကိုနှိပ်ပါ။ စာရင်းထည့်သွင်းခြင်းပြီးစီးပါပြီ။

မှတ်ချက်
  • 2016 ခုနှစ် တီဗွီ များ၌ တီဗီနှင့် SmartThings အက်ပ်ကို Samsung အကောင့်တစ်ခုနှင့်အတူတူ log in ဝင်သောအခါ စက်ပစ္စည်းကိရိယာကိုအလိုအလျောက် စာရင်းထည့်သွင်းသည်။
  • 2017 နောက်ပိုင်းတွင်ထုတ်လုပ်သည့်တီဗွီမှထုတ်လုပ်သောတီဗီများသည် PIN ထည့်သွင်းရန် မျက်နှာပြင်ကိုပြလိမ့်မည်။

သင်၏ တီဗွီတွင် SmartThings အက်ပ် ထောက်ပံ့မှုကို စစ်ဆေးလိုပါက အောက်ပါအဆင့်များကိုလိုက်နာပါ။

 

tap the plus icon on the smartthings home tap the plus icon on the smartthings home

အဆင့် ၁။ သင်၏စမတ်ဖုန်းတွင် SmartThings အက်ပ် ကိုဖွင့်၍ Add (အပေါင်း အိုင်ကွန်) ကိုနှိပ်ပါ။

tap add device tap add device

. အဆင့် ၂။ Device. ကိုနှိပ်ပါ။

select samsung icon select samsung icon

.အဆင့် ၃။ Tap By brand ကိုနှိပ်၍ Samsung ကိုရွေးပါ။

select tv icon select tv icon

အဆင့် ၄။ ထောက်ပံ့ပေးသော ကိရိယာကိုရွေးချယ်ပါ။

မှတ်ချက်

  • သင်၏ Samsung Smart TV နှင့်အခက်အခဲရှိပါက ၎င်းတွင် အတွက်ပြင်ဆင်မှုတစ်ခုပါဝင် နိုင်သည့်အတွက်ဆော့ဖ်ဝဲအပ်ဒိတ်များရှိပါသလားဆိုတာသင်အမြဲစစ်ဆေးသင့်သည်။
  • ပြထားသောပုံများနှင့် မီနူးများသည် စက်ကိရိယာမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်ပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ