SmartThings တွင်ချိတ်ဆက်ထားပြီးဟုပြနေသော ပစ္စည်းကို ဘယ်လိုးထည့်ရမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 14.04.2022

ကျွန်ုပ်သည် ကျွန်ုပ်၏စက်ပစ္စည်းကို SmartThings အက်ပ်တွင် ပထမဆုံးအကြိမ် စာရင်းသွင်းနေသော်လည်း ကျွန်ုပ်၏စက်ပစ္စည်းသည် စာရင်းထည့်သွင်းထားပြီးဖြစ်ကြောင်း ပြသနေသည်။

Registering a device on the SmartThings app.

ကွန်ရက်ချိတ်ဆက်မှု မတည်မငြိမ်ဖြစ်ခြင်းနှင့် စာရင်းထည့်သွင်းရန် ပြန်လည်ကြိုးစားနေခြင်းတို့ကြောင့် ယခင်က စက်ပစ္စည်းစာရင်းထည့်သွင်းခြင်းကို အောင်မြင်စွာ မပြီးမြောက်နိုင်ခဲ့ပါက ယခုလိုကိစ္စမျိုးကြုံတွေ့ရတတ်သည်။ သင့်စက်ပစ္စည်းသည် မည်သည့်အကောင့်အောက်တွင်မဆိုစာရင်းထည့်သွင်းထားခြင်းမရှိသေးပါက စက်ပစ္စည်းစာရင်းသွင်းခြင်းကို အပြီးသတ်ရန် "Register my account" ကိုရွေးချယ်ပါ။

“Register and use under my account” မျက်နှာပြင်တွင် “Register my account” ကိုနှိပ်ပါ။ ချိတ်ဆက်မှုလုပ်ငန်းစဉ်ပြီးမြောက်ရန် သင့်စမတ်ဖုန်းနှင့် သင်ချိတ်ဆက်လိုသောစက်ပစ္စည်းပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။

ကျေးဇူးပြု၍ သတိပြုပါ - အခြားမိသားစုဝင်တစ်ဦးဦးသည် ဤစက်ပစ္စည်းကို SmartThings တွင် စာရင်းသွင်းထားပြီးဖြစ်နိုင်ပါသည်။ အကယ်၍ အခြားမိသားစုဝင်တစ်ဦးမှ စက်ပစ္စည်းကို စာရင်းသွင်းပြီးပါက၊ "Register my account" ကိုရွေးချယ်ကာ အကောင့်အသစ်တစ်ခုအောက်တွင် စက်ပစ္စည်းကို ပြန်လည်စာရင်းထည့်သွင်းခြင်းဖြင့် အသုံးပြုသူတစ်ဦးသည် စက်ပစ္စည်းကို ယခင်အကောင့်မှ စာရင်းသွင်းခြင်းမှ ပယ်ဖျက်မည်ဖြစ်ပါသည်။ အကယ်၍ သင်သည် အလားတူအဆင်မပြေမှုမျိုး ဆက်လက်ကြုံတွေ့နေပါက၊ အောက်ပါတို့ကို စမ်းကြည့်ပါ။

သင့်စမတ်ဖုန်းရှိ Wi-Fi ဆက်တင်များသို့ သွားပါ၊ သင့်စက်၏အမည်ပါရှိသော ကွန်ရက်ကို ဖျက်ကာ ပြန်လည်ချိတ်ဆက်ပါ။

သင်သည် Android OS သုံးနေတယ်ဆိုရင်

1 ၁ သင့်စမတ်ဖုန်းတွင် ဆက်တင်များ > ချိတ်ဆက်မှုများ > Wi-Fi သို့သွားပါ။

- Advanced သို့မဟုတ် More (︙) > Advanced > Manage networks.

2 သင်ဖျက်လိုသော ကွန်ရက်အမည်ကို ရှာပါ။ နှိပ်ပြီး ဖိထားပြီး Forget ကို ရွေးပါ။
Step 1. Screen on your smartphone, go to ¨Settings¨. Step 1. Screen on your smartphone, go to ¨Settings¨.

အဆင့် တစ်။ “Settings” ကိုနှိပ်ပါ။

Step 2. ¨Connections¨ selected in Settings menu. Step 2. ¨Connections¨ selected in Settings menu.

အဆင့် နှစ်။ “Connections” ကိုရွေးပါ။

Step 3. ¨WiFi¨ selected in Connection's menu. Step 3. ¨WiFi¨ selected in Connection's menu.

အဆင့် သုံး။“Wi-Fi” ကိုရွေးပါ။

Step 4. Find the name of the network you wish to delete. Step 4. Find the name of the network you wish to delete.

အဆင့် လေး။ ဖျက်ချင်သော network ကိုရွေးချယ်ပါ။

Step 5. Select ¨Forget¨. Step 5. Select ¨Forget¨.

အဆင့် ငါး။ Forget ကိုနှိပ်ပါ။

သင်သည် iOS သုံးနေတယ်ဆိုရင်

1 သင့်စမတ်ဖုန်းတွင် ဆက်တင်များ > Wi-Fi သို့သွားပါ။
2 သင်ဖျက်လိုသော ကွန်ရက်အမည်ကို ရှာပြီး ရွေးပါ၊ ထို့နောက် “ဤကွန်ရက်ကို ဖျက်ပါ” ကို ရွေးပါ။
3 ပေါ်လာသောဝင်းဒိုးတွင် ကွန်ရက်အမည်ကို အတည်ပြုပြီးနောက် “Erase” ကိုရွေးချယ်ပါ။ မီနူးများနှင့် အင်္ဂါရပ်များ၏ အမည်များကို ဝင်ရောက်ကြည့်ရှုခွင့်သည် စမတ်ဖုန်းထုတ်လုပ်သူများ၊ ဝန်ဆောင်မှုပေးသူများနှင့် OS ဗားရှင်းများတွင် ကွဲပြားနိုင်သည်။ စက်ပစ္စည်းအမည်ကို စက်ပစ္စည်းအမျိုးအစား၊ မော်ဒယ်အမျိုးအစား၊ ထုတ်လုပ်သူအမည် စသည်ဖြင့် ပြသထားသည်။

(ဥပမာ လေသန့်စင်စက်) Samsung။

ကျေးဇူးပြု၍ သတိပြုပါ - သင့်စမတ်ဖုန်း သို့မဟုတ် စက်ပစ္စည်း၏ အသွင်အပြင်သည် ထုတ်လုပ်သူ သို့မဟုတ် မော်ဒယ်အလိုက် ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ