Galaxy S10 တွင် ကင်မရာ အသေးစိတ်ဖော်ပြချက်များ

နောက်ဆုံးအပ်ဒိတ်လုပ်သည့်နေ့ : 07.03.2019

S10e, S10 နှင့် S10+ တို့ရှိ ကင်မရာများကို infinity display တွင် မြှပ်သွင်းထားသည်။ ဤသည်ပင် ပိုကြီးမားသည့် ဖန်သားပြင်ကို ထုတ်ပေးသောကြောင့် သုံးဖက်မြင်ကြည့်နိုင်မှု အတွေ့အကြုံမျိုး ပို၍ ထုတ်ပေးပါတယ်။

ပရော်ဖက်ရှင်နယ် ကင်မရာ-မျိုးစုံ စနစ်

S10 ဖုန်းများတွင် ကင်မရာမျိုးစုံ ပါရှိပြီး နှုန်းလွန်-အဆင့်မြင့် ရုပ်ပုံကြည်လင်ပြတ်သားနည်းတွင် အရောင်များ အရည်အသွေးမြှင့်တင်ရန်နှင့် မှုန်ဝါးနှုန်းကို ပေါင်းစည်းစတေဘယ်လိုက်ဇာ ဆော့ဖ်ဝဲလ်ဖြင့် လျှော့ချရန်အတွက် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားပါတယ်။

 

နှုန်းလွန်မြင်ကွင်းကျယ် မှန်ဘီလူးအသစ်ဖြင့်၊ လူသားမျက်စိမှတဆင့် မြင်နေရသလို ကင်မရာအနေအထားများ ရွေးချယ်နိုင်ပြီး မြင်ကွင်းပိုကျယ်သည့် ရုပ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။

 

S10 နှင့် S10+ မော်ဒယ်များရှိ နောက်ကင်မရာ သုံးလုံးသည် သင့်ကို DSLR ကင်မရာ အသုံးပြုနေရသလို ပရော်ဖက်ရှင်နယ် အရည်အသွေးကောင်း ဓာတ်ပုံများ ရိုက်ကူးရန် ခွင့်ပြုထားပါတယ်။

 

Galaxy S10 တွင် ကင်မရာအင်္ဂါရပ်အသစ်များနှင့် ပတ်သက်၍ ရှာဖွေပါ

သင့်မော်ဒယ်ကို ရွေးချယ်လိုက်ပါ

ကင်မရာများ၏ အရေအတွက်နှင့် တည်နေရာတို့က S10 မော်ဒယ် တစ်ခုစီအတွက် အောက်တွင် ဖော်ပြထားသည့်အတိုင်း အနည်းငယ် ခြားနားကြပါတယ်။

S10eချဲ့ရန်နှိပ်ပါ

ရှေ့ကင်မရာ တစ်လုံး

 

S10e တွင် ရှေ့ကင်မရာ တစ်လုံး ပါရှိပြီး ၁၀MP ပစ်ဇယ်နှစ်ခုတွဲ အော်တိုဖိုးကပ်စ်နှင့် UHD ဆဲလ်ဖီနည်းပညာဖြင့် အထူးစီစဉ်ထားပါတယ်။

Galaxy S10e ရှေ့ကင်မရာ

နောက်ကင်မရာ နှစ်လုံး

 

နောက်ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ နှစ်လုံး ပါရှိပါတယ်-

 

  1. အပါချာနှစ်ခုတွဲနှင့် ပစ်ဇယ်နှစ်ခုတွဲ ပါသော ၁၂MP မြင်ကွင်းကျယ်မှန်ဘီလူး (၇၇⁰)။ ၎င်းတွင် ရုပ်ပုံမှုန်ဝါးခြင်းများ လျှော့ချရန် အပြီးတပ်ဆင်ထားသည့် အလင်းအားကောင်း ရုပ်ပုံတည်ငြိမ်မှု (OIS) ဆော့ဖ်ဝဲလည်း ပါဝင်ပါတယ်။
  2. ၁၆MP နှုန်းလွန်မြင်ကွင်းကွယ်မှန်ဘီလူး (၁၂၃⁰)။

 

Galaxy S10e နောက်ကင်မရာ နှစ်လုံး
S10ချဲ့ရန်နှိပ်ပါ

ရှေ့ကင်မရာ တစ်လုံး

 

S10 တွင် ရှေ့ကင်မရာ တစ်လုံး ပါရှိပြီး ၁၀MP ပစ်ဇယ်နှစ်ခုတွဲ အော်တိုဖိုးကပ်စ်နှင့် UHD ဆဲလ်ဖီနည်းပညာတို့ ပါရှိပါတယ်။

Galaxy S10 ရှေ့ကင်မရာ

နောက်ကင်မရာ သုံးလုံး

 

နောက်ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ သုံးလုံး ပါရှိပါတယ်-

 

  1. 2x ဇူးမ်နှင့် OIS မှုန်ဝါး-ကင်း ဆော့ပ်ဝဲ ပါသော ၁၂MP တယ်လီဖိုတိုမှန်ဘီလူး (၄၅⁰)
  2. အပါချာနှစ်ခုတွဲနှင့် ပစ်ဇယ်နှစ်ခုတွဲ ပါသော ၁၂MP မြင်ကွင်းကျယ်မှန်ဘီလူး (၇၇⁰)။ ၎င်းတွင် ရုပ်ပုံမှုန်ဝါးခြင်းများ လျှော့ချရန် အပြီးတပ်ဆင်ထားသည့် အလင်အားကောင်း ရုပ်ပုံတည်ငြိမ်မှု (OIS) ဆော့ဖ်ဝဲလ်ည်း ပါဝင်ပါတယ်။
  3. ၁၆MP နှုန်းလွန်မြင်ကွင်းကျယ်မှန်ဘီလူး (၁၂၃⁰)။
Galaxy S10 နောက်ကင်မရာ သုံးလုံး
S10+ချဲ့ရန်နှိပ်ပါ

ရှေ့ကင်မရာ နှစ်လုံး

 

ရှေ့ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ နှစ်လုံး ပါရှိပါတယ်-

 

  1. UHD ဆဲလ်ဖီနည်းပညာ ပါရှိသည့် ၁၀MP ပစ်ဇယ်နှစ်ခုတွဲ အော်တိုဖိုးကပ်စ် မှန်ဘီလူး။
  2. ၈MP မှန်ဘီလူး၊ သင့်ဓာတ်ပုံများကို ပိုမိုအတွင်းကျသော အစိတ်အပိုင်းအထိ ထည့်ရိုက်ပေးနိုင်ပါတယ်။
Galaxy S10+ နောက်ကင်မရာ နှစ်လုံး

နောက်ကင်မရာ သုံးလုံး

 

နောက်ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ သုံးလုံး ပါရှိပါတယ်-

 

  1. ၂x ဇူးမ်းနှင့် OIS မှုန်ဝါး-ကင်း ဆော့ပ်ဝဲ ပါသော ၁၂MP တယ်လီဖိုတိုမှန်ဘီလူး (၄၅⁰)
  2. အပါချာနှစ်ခုတွဲနှင့် ပစ်ဇယ်နှစ်ခုတွဲ ပါသော ၁၂MP မြင်ကွင်းကျယ်မှန်ဘီလူး (၇၇⁰)။ ၎င်းတွင် ရုပ်ပုံမှုဝါးခြင်းများ လျှော့ချရန် အပြီးတပ်ဆင်ထားသည့် အလင်းအားကောင်း ရုပ်ပုံတည်ငြိမ်မှု (OIS) ဆော့ဖ်ဝဲလ်ည်း ပါဝင်ပါတယ်။
  3. ၁၆MP နှုန်းလွန်မြင်ကွင်းကျယ်မှန်ဘီလူး (၁၂၃⁰)။
Galaxy S10+ နောက်ကင်မရာ သုံးလုံး

သင်၏အကြံပြုချက်အတွက်ကျေးဇူးတင်ပါသည်

သင်ရှာဖွေနေသည့်အရာအား ရှာမတွေ့ဖြစ်နေပါသလား။ သင့်အားကူညီပေးရန်အဆင်သင့်ဖြစ်နေပါပြီ

အွန်လိုင်း

Live Chat ပြောဆိုခြင်း

မနက် ၈နာရီမှ ည ၁၁နာရီအထိ
(စနေ၊တနင်္ဂနွေနှင့် အစိုးရရုံး ပိတ်ရက်များအပါအ၀င် ပိတ်ရက်မရှိ ဆက်သွယ်ပြောဆိုနိုင်ပါသည်။)

ဖုန်းခေါ်ဆိုမည်

01-2399888

နေ့စဉ် မနက် ၇နာရီ မှ ည ၁၁ နာရီ ထိ
(စနေ၊တနင်္ဂနွေနှင့် အစိုးရရုံး ပိတ်ရက်များအပါအ၀င် ပိတ်ရက်မရှိခေါ်ဆိုနိုင်ပါသည်။)

ဝန်ဆောင်မှု ပိုမိုကောင်းမွန် စေရန်နှင့် ၀န်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့်ဖုန်းပြောဆိုမှုများအားလုံးကို အသံသွင်းယူထားမည် ဖြစ်ပါသည်။
လူကြီးမင်းတို့၏ အချက်အလက်လုံခြုံမှုနှင့် ပတ်သက်၍ Samsung ၏ ကိုယ်ရေးအချက်အလက်မူဝါဒကို Privacy Policy တွင်ကြည့်ရှုနိုင်ပါသည်။

* ပုံနှိပ်စက် (ပရင်တာ) နှင့်ပတ်သက်ပြီးသိရှိလိုပါက အောက်ဖော်ပြပါဝက်ဘ်ဆိုဒ်အား ကျေးဇူးပြု၍လေ့လာပါ HP website .

မျက်နှာချင်းဆိုင်ပံ့ပိုးမှု

ဆားဗစ်စင်တာလိပ်စာများ

လူကြီးမင်းနှင့် အနီးဆုံးဝန်ဆောင်မှုစင်တာ တည်နေရာအားရှာဖွေနိုင်ပါသည်။

Smart Service

Samsung အရောင်းဆိုင်များတွင်ပင် လိုအပ်သော ၀န်ဆောင်မှုများကို ရရှိနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။

ဆက်သွယ်ရန်