ကျွန်ုပ်၏GalaxyBudsအားမည်သို့အားသွင်းမည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 29.07.2022

Galaxy Buds ကို အဆင်ပြေစွာ စွယ်စုံသုံးနိုင်ပြီး သင်ရှိနေချိန်မှာ အဆင်သင့်ဖြစ်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ သင်၏ Galaxy Buds ကိုပုံစံကောင်းများအဖြစ် အမြဲရှိနေစေရန်၊ ၎င်းတို့ကိုမှန်ကန်စွာအားသွင်းထားကြောင်းသေချာမူရှိစေရန်အရေးကြီးပါသည်။အောက်တွင်၊ သင့်GalaxyBudsအား မည်သို့အားသွင်းရမည်ကိုလေ့လာပြီး အားသွင်းမှုအခြေအနေကိုစောင့်ကြည့်လေ့လာခြင်းဖြင့် သင့်Budsမှ အကောင်းဆုံးအရာများကို အမြဲတမ်းရယူလိုက်ပါ။  

၎င်းတို့၏ ဘူးထဲတွင် Galaxy Buds မြင်ကွင်း
အားသွင်းပေါက်နှင့် USB ကြိုးပါရှိသော Galaxy Buds ဘူး။

သင်၏ Galaxy Buds တွင် ဘက်ထရီကို အားသွင်းရန် အောက်ပါအဆင့်များကို အသုံးပြုပါ။

1 သင်၏ Galaxy Buds ဘူးသည် အားသွင်းကိရိယာလည်းဖြစ်သောကြောင့် နားကြပ်ကို အားသွင်းဘူးတွင် ဦးစွာထားပါ။ စိုစွတ်နေပါက သို့မဟုတ် ညစ်ပတ်နေပါက အားသွင်းဘူးတွင် နားကြပ်ကို မထည့်ပါနှင့်။
2 အားသွင်းဘူးကိုပိတ်ပြီး USB ကြိုးကို အားသွင်းပေါက်သို့ ချိတ်ဆက်ပါ သို့မဟုတ် အားသွင်းဘူးကို ကြိုးမဲ့အားသွင်းကိရိယာပေါ်တွင် ထားလိုက်ပါ။ နားကြပ်နှင့် ဘူးနှစ်ခုစလုံးကို တစ်ပြိုင်နက် အားသွင်းပါသည်။

ကျေးဇူးပြု၍ သတိပြုပါ- USB ကြိုးကို နံရံပလပ်တွင် ပလပ်ထိုးရန်အတွက်အားသွင်းခေါင်း မပါဝင်ပါ။ သင်၏ Galaxy Buds ဖြင့် ဆမ်ဆောင်းလ် အားသွင်းကိရိယာများကိုသာ အသုံးပြုပါ။  ဆမ်ဆောင်းလ်ဆက်စပ်ပစ္စည်းများသည် သင့်စက်ကိရိယာအတွက် ဘက်ထရီသက်တမ်းကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသည်။ အခြားဆက်စပ်ပစ္စည်းများကို အသုံးပြုခြင်းသည် သင့်အာမခံဖြင့် အကျုံးမဝင်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။

အားသွင်းနေစဉ်တွင် သင့်စက်ကိရိယာနှင့် အားသွင်းကိရိယာ ပူနေမှန်း သတိထားမိနိုင်သည်။ ၎င်းသည် ပုံမှန်လည်ပတ်မှုအနေအထားတွင်ရှိပြီး စက်၏သက်တမ်း သို့မဟုတ် စွမ်းဆောင်ရည်ကို မထိခိုက်စေပါ။ ဒီလိုဖြစ်လာပါက အားသွင်းကြိုးမှ စက်ကိရိယာကို ဖယ်ရှားပြီး အေးသွားအောင် စောင့်ပါ။

ကျေးဇူးပြု၍ သတိပြုပါ- သင့်စက်ကိရိယာကို ဖြုတ်တပ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း သို့မဟုတ် ပြုပြင်ခြင်းမပြုပါနှင့် ။ ခရက်ဒစ်ကတ်များ၊ ဖုန်းကတ်များ၊ ပတ်စ်စာအုပ်များနှင့် လက်မှတ်များ အပါအဝင် သံလိုက်အစင်းကြောင်းကတ်များကဲ့သို့သော အရာများကို စက်၏ဘေးတွင် ထားရှိခြင်းသည် အားသွင်းကိရိယာ သို့မဟုတ် စက်ကိရိယာ၏ သံလိုက်စက်ကွင်းကို ပျက်စီးစေသည်။

နားကြပ်နှင့် အားသွင်းဘူးကို ချိတ်ဆက်သောအခါတွင် ဘက်ထရီအဆင့်ကိုညွှန်ပြရန် LED အညွှန်းများသည် အချို့သောအရောင်များကို လင်းလက်စေမည်ဖြစ်သည်။

နားကြပ်ဘက်ထရီနှင့် အားသွင်းဘူးအညွှန်းများကိုမီးမောင်းထိုးပြထားသည့် Samsung Buds ကာဗာ ၏ နမူနာမြင်ကွင်း။
  • အစိမ်းရောင်- အားအပြည့်သွင်းထားသည်။
  • အနီရောင်- အားသွင်းခြင်း။
  • အနီရောင်မှိတ်တုတ်မှိတ်တုတ်- အားသွင်းမှု အမှားအယွင်း၊ ဘူးနှင့် နားကြပ်ကို ပြန်လည်ချိတ်ဆက်ပါ။ အမှားအယွင်း ထပ်မံဖြစ်ပေါ်ပါက ဝန်ဆောင်ပံ့ပိုးမှုအတွက် ဆမ်ဆောင်းလ်ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ- Galaxy Wearable အက်ပ်တွင် ဘူးနှင့် နားကြပ်များအတွက် ဘက်ထရီအဆင့်ကို သင်စစ်ဆေးနိုင်ပါသည်။

ကြိုးမဲ့ ပါဝါမျှဝေခြင်းသည် ပံ့ပိုးပေးထားသော ဆမ်ဆောင်းလ်စမတ်ဖုန်းများကို အသုံးပြု၍ သင်၏ Galaxy Buds ကို ကြိုးမဲ့အားသွင်းနိုင်စေပါသည်။ ပါဝါမျှဝေနေစဉ်တွင်၊ အချို့သော လုပ်ဆောင်ချက်များကို သင့်စမတ်ဖုန်းတွင် မရနိုင်ပါ။

စမတ်ဖုန်းပေါ်တွင် Galaxy Buds အားသွင်းခြင်း၏နမူနာမြင်ကွင်း။

သင်၏ Galaxy Buds ကို ကြိုးမဲ့ ပါဝါမျှဝေခြင်း ဖြင့် ကြိုးမဲ့အားသွင်းရန် အောက်ပါအဆင့်များကို လိုက်နာပါ- 

1 သင့်ဖုန်းမှ ကြိုးမဲ့ ပါဝါမျှဝေခြင်းလုပ်ဆောင်ချက်ကို စတင်ပါ။
2 ဖုန်းကို မှောက်လျက်ချထားပြီး အားသွင်းရန် ဖုန်းနောက်ဘက်တွင် တွဲဖက်အသုံးပြုနိုင်သော ကိရိယာကို ထားရှိပါ။ အားသွင်းမှု စတင်ချိန်တွင် အကြောင်းကြားချက် အသံ သို့မဟုတ် တုန်ခါမှု ဖြစ်ပေါ်ပါမည်။

သင့်စက်ကိရိယာ၏ဆက်တင်များမှ ကြိုးမဲ့ ပါဝါ  မျှဝေခြင်းမုဒ်ကိုလည်း သင်ဖွင့်နိုင်သည်။ ဒါကိုလုပ်ရန်၊ ဒီအဆင့်တွေကို လိုက်နာပါ-  

1 သင်၏ ဆက်တင်များ ကိုဖွင့်ပါ။
2 အောက်သို့ဆင်းပြီး “ဘက်ထရီနှင့် စက်ကိရိယာ စောင့်ရှောက်မှု” ကိုနှိပ်ပါ။
3 “ဘက်ထရီ” ရွေးစရာကို နှိပ်ပါ။
4 “ကြိုးမဲ့ ပါဝါမျှဝေခြင်း” ရွေးချယ်မှုကို ရွေးချယ်ပါ။
5 လုပ်ဆောင်မူ စတင်ခြင်း ခလုတ်ကို "on" ပါ။

ကျေးဇူးပြု၍ သတိပြုပါ- ကြိုးမဲ့ ပါဝါမျှဝေခြင်း သည် Qi-Certified စက်ကိရိယာအများစုနှင့် အလုပ်လုပ်ပြီး ပါဝါမျှဝေရန် အနည်းဆုံး 30% ဘက်ထရီ လိုအပ်သည် (အနည်းဆုံး 30% သို့မဟုတ် 90%) အကြား ချိန်ညှိနိုင်သည်။ အားသွင်းမှုအမြန်နှုန်းနှင့် ပါဝါထိရောက်မှုတို့သည် စက်ကိရိယာတစ်ခုချင်းစီအလိုက် ကွဲပြားသည်။ကြိုးမဲ့ ပါဝါမျှဝေခြင်းသည် အချို့သောဆက်စပ်ပစ္စည်းများ၊ အဖုံးများ သို့မဟုတ် အခြားထုတ်လုပ်သူ၏စက်ကိရိယာများနှင့် အလုပ်မလုပ်ပါ။ချိတ်ဆက်ရာတွင် အခက်အခဲရှိနေပါက သို့မဟုတ် အားသွင်းမှု နှေးကွေးပါက စက်ကိရိယာတစ်ခုချင်းစီမှ အကာအရံများကို ဖယ်ရှားပါ။

ကြိုးမဲ့ ပါဝါမျှဝေခြင်းကိုအသုံးပြုသည့်အခါ အကောင်းဆုံးရလဒ်များအတွက်-

  • ဤလုပ်ဆောင်ချက်ကို မစတင်မီ ဆက်စပ်ပစ္စည်းများ သို့မဟုတ် အဖုံးများကို ဖယ်ရှားပါ။ကြိုးမဲ့ ပါဝါ မျှဝေခြင်းသည် စက်ကိရိယာပေါ်ရှိ ဆက်စပ်ပစ္စည်း သို့မဟုတ် ကာဗာအမျိုးအစားပေါ်မူတည်၍ ကောင်းစွာအလုပ်မလုပ်ပါ။
  • ကြိုးမဲ့အားသွင်းကွိုင်၏တည်နေရာသည်စက်ကိရိယာအလိုက်ကွဲပြားနိုင်သော
  • ကြောင့် ချိတ်ဆက်မှုပြုလုပ်ရန် သင့်စက်ကိရိယာများ၏နေရာချထားမှုကို   ချိန်ညှိရန် လိုအပ်နိုင်သည်။ အားသွင်းခြင်း စတင်သောအခါ၊ ချိတ်ဆက်မှု အောင်မြင်ကြောင်း ညွှန်ပြရန်အတွက် အကြောင်းကြားချက် သို့မဟုတ် တုန်ခါမှု ဖြစ်ပေါ်ပါမည်။အားသွင်းနေစဉ် အတွင်းစက်ကိရိယာတစ်ခုခုကို အသုံးပြုခြင်းသို့မဟုတ် ရွှေ့ခြင်း မပြုလုပ်ပါနှင့်။
  • သင်၏ကွန်ရက်ပတ်ဝန်းကျင်ပေါ်မူတည်၍ ခေါ်ဆိုမှုလက်ခံခြင်း သို့မဟုတ် ဒေတာဝန်ဆောင်မှုများကို ထိခိုက်နိုင်သည်။
  • အားသွင်းသည့်အမြန်နှုန်း သို့မဟုတ် စွမ်းဆောင်ရည်သည် စက်ကိရိယာအခြေအနေ သို့မဟုတ် ပတ်ဝန်းကျင်အခြေအနေများပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  • ကြိုးမဲ့ ပါဝါမျှဝေခြင်းဖြင့် စက်ကိရိယာများကို အားသွင်းနေစဉ် နားကြပ်များကို အသုံးမပြုပါနှင့်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ