သင်၏GalaxyWatchတွင်ဘောင်ကွက် များကို စီမံခန့်ခွဲနည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 06.07.2022

ဘောင်ကွက်များသည်သင်၏Galaxy Watch တွင်သင်ကြိုက်နှစ်သက်သောအက်ပ်များကို လျင်မြန်လွယ်ကူစွာအသုံးပြုနိုင်ရန်အလွန်အသုံးဝင်သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သင့်စိတ်ကြိုက်အက်ပ်များကို ရိုးရှင်းစွာထိရုံမျှဖြင့်ဖွင့်နိုင်ရန် ဖြတ်လမ်းလင့်ခ်များကို ဖန်တီးခြင်းဖြင့် သင့်ဘောင်ကွက်များကို သင်၏ဆန္ဒအတိုင်း သတ်မှတ်နိုင်သည်။သင်၏ Galaxy Watch ကို သင့်ဆန္ဒရှိသည့်အတိုင်း စနစ်ထည့်သွင်းကြောင်း သေချာစေရန် ဤဘောင်ကွက်များကို အချိန်မရွေး ထည့်သွင်းနိုင်ပြီး အချိန်မရွေးဖယ်ရှားနိုင်ပါသည်။ သင်၏ ဘောင်ကွက်များစီမံခန့်ခွဲနည်း အကြောင်းကို လေ့လာပြီး သင့် Galaxy Watch ၏ ပင်မစခရင်မှ သင်နှစ်သက်သော အက်ပ်များအားလုံးကို ခံစားလိုက်ပါ။

Galaxy Watch4 မော်ဒယ်နှစ်ခုကို မျက်နှာချင်းဆိုင်ကြည့်ရှူခြင်း။

သင့်ဘောင်ကွက်များကိုမည်သို့ဝင်ရောက်နိုင် မည်နည်း။

Galaxy Watch4 ၏ ပင်မစခရင် မြင်ကွင်း။

စခရင်၏ညာဘက်ခြမ်းမှဘယ်ဘက်သို့ပွတ်ဆွဲခြင်းဖြင့်သင့်Galaxy Watch ၏ပင်မစခရင်မှ သင်၏ ဘောင်ကွက်များကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သင့် Galaxy Watch တွင်မူရင်းအတိုင်းထည့်သွင်းထားသည့်ဘောင်ကွက်များကို ဤနေရာတွင် သင်တွေ့ ရှိနိုင်သည်။

စခရင်၏ညာဘက်ခြမ်းရှိ ဘယ်ဘက်လက်ဟန် ပွတ်ဆွဲပုံ Galaxy Watch4 ၏ပင်မစခရင်ကို ကြည့်ပါ။ စခရင်၏ညာဘက်ခြမ်းရှိ ဘယ်ဘက်လက်ဟန် ပွတ်ဆွဲပုံ Galaxy Watch4 ၏ပင်မစခရင်ကို ကြည့်ပါ။

အဆင့် ၁. ပင်မစခရင်တွင်စခရင်၏ညာဘက်ခြမ်းမှ ဘယ်ဘက်သို့ ပွတ်ဆွဲ ပါ။

အပေါင်းခလုတ်ကို မီးမောင်းထိုးပြထားသည့် “ဘောင်ကွက်များထည့်ရန်” ရွေးချယ်စရာကို ကြည့်ရှုပါ။ အပေါင်းခလုတ်ကို မီးမောင်းထိုးပြထားသည့် “ဘောင်ကွက်များထည့်ရန်” ရွေးချယ်စရာကို ကြည့်ရှုပါ။

အဆင့်၂. "ဘောင်ကွက်များ ထည့်ခြင်း" ရွှေးချယ်စရာ ကိုတွေ့ပြီးသည်အထိ ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

အလယ်တွင် နှိပ်ထားသော လက်ဟန်ဖြင့် ထည့်ထားသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။ အလယ်တွင် နှိပ်ထားသော လက်ဟန်ဖြင့် ထည့်ထားသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။

အဆင့် ၃. သင်ထည့်လိုသော ဘောင်ကွက်ကို နှိပ်ပါ။

စခရင်၏ညာဘက်ခြမ်းရှိ ဘယ်ဘက်လက်ဟန် ပွတ်ဆွဲပုံ Galaxy Watch4 ၏ပင်မစခရင်ကို ကြည့်ပါ။ စခရင်၏ညာဘက်ခြမ်းရှိ ဘယ်ဘက်လက်ဟန် ပွတ်ဆွဲပုံ Galaxy Watch4 ၏ပင်မစခရင်ကို ကြည့်ပါ။

အဆင့် ၁. ပင်မစခရင်တွင်စခရင်၏ညာဘက်ခြမ်းမှ ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

အလယ်တွင်လက်ဟန်ဖြင့်နှိပ်၍ဖိထားပြီးဘောင်ကွက်ကိုဖယ်ရှားမည့်အနုတ်ခလုတ်ကိုမီးမောင်းထိုးပြထားသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။ အလယ်တွင်လက်ဟန်ဖြင့်နှိပ်၍ဖိထားပြီးဘောင်ကွက်ကိုဖယ်ရှားမည့်အနုတ်ခလုတ်ကိုမီးမောင်းထိုးပြထားသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။

အဆင့် ၂. သင်ဖယ်ရှားလိုသော ဘောင်ကွက်ကို နှိပ်၍ဖိထားပြီး အနုတ်ခလုတ် (-) ကို နှိပ်ပါ။

စခရင်၏ညာဘက်ခြမ်းရှိ ဘယ်ဘက်လက်ဟန် ပွတ်ဆွဲပုံ Galaxy Watch4 ၏ပင်မစခရင်ကို ကြည့်ပါ။ စခရင်၏ညာဘက်ခြမ်းရှိ ဘယ်ဘက်လက်ဟန် ပွတ်ဆွဲပုံ Galaxy Watch4 ၏ပင်မစခရင်ကို ကြည့်ပါ။

အဆင့် ၁. ပင်မစခရင်တွင်စခရင်၏ညာဘက်ခြမ်းမှ ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

အလယ်ရှိ ဘောင်ကွက်ကို နှိပ်၍ ဖိထားပြီး ရွှေ့နေသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။ အလယ်ရှိ ဘောင်ကွက်ကို နှိပ်၍ ဖိထားပြီး ရွှေ့နေသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။

အဆင့် ၂. သင်ရွှေ့လိုသော ဘောင်ကွက်ကို နှိပ်ပြီး ကိုင်ထားပါ။

အလယ်ရှိ ဘောင်ကွက်ကို နှိပ်၍ ဖိထားပြီး ရွှေ့နေသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။ အလယ်ရှိ ဘောင်ကွက်ကို နှိပ်၍ ဖိထားပြီး ရွှေ့နေသည့် ဘောင်ကွက်တစ်ခု၏ နမူနာမြင်ကွင်း။

အဆင့်၃. ဘောင်ကွက်ကို နောက်တစ်ကြိမ် နှိပ်၍ဖိထားပြီး ညာဘက် သို့မဟုတ် ဘယ်ဘက်သို့ ရွှေ့ပါ။

ကျေးဇူးပြု၍သတိပြုပါ|ဘောင်ကွက်များထည့်ခြင်းသို့မဟုတ်ဖယ်ရှားခြင်းနည်းလမ်း သည်Galaxy Watch မော်ဒယ်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ