ဖုန်းခေါ်ဆိုနေစဉ် အသံအရည်အသွေးနိမ့်ကျမှုကို ဘယ်လိုအဖြေရှာမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

ဆူညံနေခြင်း သို့မဟုတ် တဖက်ကအသံပြတ်သွားခြင်းခဲ့သို့ ခေါ်ဆိုမှုအသံအရည်အသွေးနိမ့်ကျခြင်းကြုံနေရပါက ၄င်းသည် ဆဲလ်ဧရိယာ သို့မဟုတ် သင့်ဖုန်းသတ်မှတ်ချက်များနှင့်ဆိုင်နိုင်ပါသည်။ ပြဿနာအဖြေရှာရန် အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင်ရောက်နေသည့်နေရာကို သင့်ကွန်ရက်ထောက်ပံ့မှု ရောက်မရောက် စစ်ဆေးပါ။

အချို့ ဧရိယာသို့မဟုတ် နေရာများတွင် အသံအရည်အသွေးနိမ့်ကျမှုကြုံရခြင်းမှာ သင့်ဖုန်းမှ လိုင်းအားနည်းနေခြင်းကြောင့်ဖြစ်နိုင်သည်။ သင့်ကွန်ရက်ထောက်ပံ့သူမှ သင့်ဧရိယာသို့ ကွန်ရက်လွှမ်းခြံုမှုပေးထားခြင်းရှိမရှိ စစ်ဆေးပါ။

ပျက်စီးနေသည့် SIM ကဒ်သည် ခေါ်ဆိုမှုအရည်အသွေးကို သက်ရောက်စေနိုင်ပါသည်။ SIM ကဒ်ပျက်စီးမှုများရှိမရှိနှင့် သေချာထည့်ထားခြင်းရှိမရှိ စစ်ဆေးပါ။

SIM ကဒ်အံခွက်ဘေးရှိ အပေါက်ထဲသို့ ထုတ်သည့်ကိရိယာကိုထည့်ပါ။ SIM ကဒ်အံခွက်ဘေးရှိ အပေါက်ထဲသို့ ထုတ်သည့်ကိရိယာကိုထည့်ပါ။

အဆင့် ၁။ သင့်ဖုန်းအားပိတ်ပြီး SIM ကဒ်အံခွက်ဘေးရှိ အပေါက်သေးထဲ ထုတ်သည့်ကိရိယာကိုထည့်ပါ။ ထုတ်သည့်တုတ်ကို ၀ယ်စဉ်ကတည်းကထည့်သွင်းပေးထားပါသည်။

ကဒ်အံခွက်အားထုတ်ခြင်း ကဒ်အံခွက်အားထုတ်ခြင်း

အဆင့် ၂။ ကဒ်အံခွက်အား ထုတ်ပါ။

 SIM ကဒ်အားစစ်ဆေးပြီး ပြန်ထည့်ပါ။  SIM ကဒ်အားစစ်ဆေးပြီး ပြန်ထည့်ပါ။

အဆင့် ၃။ SIM ကဒ်အား ပျက်စီးမှုရှိမရှိ စစ်ဆေးပြီး ပြန်ထည့်ပါ။

မှတ်ချက်။ 

  • ဖုန်းမော်ဒယ်အလိုက် SIM ကဒ်အံခွက်တည်နေရာများ ကွဲပြားနိုင်ပါသည်။
  • သင့် SIM ကဒ်ကိုစစ်ဆေးရန် သင့်မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူထံ ဆက်သွယ်ပါ။ အကယ်၍ အနီးတွင် ထိုကွန်ရက်ကိုသုံးသည့်အခြားဖုန်းရှိပါက သင့် SIM ကဒ်ကို ၄င်းဖုန်းနှင့်စမ်းသပ်နိုင်ပါသည်။
  • SIM ကဒ်အကောင်းနှင့်လဲပြီးသော်လည်း ပြဿနာဖြစ်နေသေးပါက သင့်ဖုန်းကိုပြန်စကြည့်ပါ။ တစ်ကြိမ်ထက်ပို၍ ပြန်စရနိုင်ပါသည်။

သင့်ဖုန်းအား ပြန်စခြင်းဖြင့် ခေါ်ဆိုမှုပြဿနာကို ရိုးရှင်းစွာ အဖြေရှာနိုင်ပါသည်။

အသံတိုးခလုတ်နှင့် ဘေးခလုတ်အားဖိ၍ ပါ၀ါပိတ်ပါ။ အသံတိုးခလုတ်နှင့် ဘေးခလုတ်အားဖိ၍ ပါ၀ါပိတ်ပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ် ကိုဖိနှိပ်၍ ပါ၀ါပိတ်ပါ ကိုရွေးချယ်ပြီး သင့်ဖုန်းကို ပါ၀ါပိတ်ပါ။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၂။ စခရင်ပိတ်သွားသည်နှင့် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကိုဖိနှိပ်ပါ။

Samsung ပုံပေါ်လာပါက ခလုတ်ကိုလွှတ်ပါ။ Samsung ပုံပေါ်လာပါက ခလုတ်ကိုလွှတ်ပါ။

အဆင့် ၃။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက ခလုတ်များကိုလွှတ်ပါ။

မှတ်ချက်။

  • အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

မှတ်ချက်။ 

  • အဆင့် ၁ ခုပြီးတိုင်း ခေါ်ဆိုမှုအရည်အသွေးကိုစစ်ဆေးပါ။
  • အထက်ပါအတိုင်းလုပ်ဆောင်သော်လည်း ပြဿနာကြုံနေရသေးပါက သင့်ဖုန်းတွင် ပြင်ပထိခိုက်မှုရှိနေနိုင်ပါသည်။ သက်ဆိုင်ရာအချက်အလက်များပိုမိုသိရှိရန် ၀န်ဆောင်မှုစင်တာ ကိုကြည့်ရှုပါ။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page