ကြိုးဖြင့်အားသွင်းခြင်းပြဿနာများ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

ကြိုးဖြင့်အားသွင်းခြင်းပြဿနာများကြုံနေရပါသလား။ သင့်ဖုန်းသည် ကြိုးမဲ့အားသွင်းခြင်းကို အထောက်အပံ့ပေးပြီး ပြဿနာများကြံုနေရသေးပါက အောက်ပါပြဿနာအဖြေရှာနည်းလမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။ သင့်ပြဿနာနောက်ကွယ်တွင် အားသွင်းပြားနှင့်သင့်ဖုန်းချိတ်ဆက်မှု မတည်ငြိမ်ခြင်း ၊ ဖုန်းကာဗာကြောင့် ချိတ်ဆက်မှုအဆင်မပြေဖြစ်နေခြင်း သို့မဟုတ် သင့်ဖုန်းနှင့်မကိုက်ညီသည့် အားသွင်းတုံးကိုအသုံးပြုနေခြင်းစသည့် အကြောင်းရင်းများစွာရှိနိုင်ပါသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

စစ်ဆေးမှု ၁။ သင့်ဖုန်းအား အားသွင်းပြားပေါ်တွင်သေချာစွာထားရှိပါရဲ့လား။

သင့်ဖုန်းအား အားသွင်းပြားအလည်တည့်တည့်တွင် အတားအဆီးမရှိဘဲ ထားရှိကြောင်းစစ်ဆေးပါ။ ကြိုးမဲ့အားသွင်းခြင်းမရနိုင်သည့် အဖြစ်များသည့်အကြောင်းအရာတခုမှာ အားသွင်းပြားပေါ်တွင် သေချာမထားရှိခြင်းကြောင့်ဖြစ်သည်။ ဖုန်းနှင့်အားသွင်းပြားကြားရှိ ကြိုးမဲ့ချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ပါ၀ါထောက်ပံ့မှုကို ဖြတ်တောက်ပစ်နိုင်ပါသည်။ Galaxy Fold သို့မဟုတ် Galaxy Z Flip ကဲ့သို့ခေါက်ဖုန်းများကို ခေါက်ပြီးမှ အားသွင်းပြားနှင့် ဖုန်းနောက်ကျောကို ထိထားသင့်ပါသည်။ ကျေးဇူးပြု၍ သင့်ဖုန်းမော်ဒယ်၏ အားသွင်းထိတွေ့မှုနေရာများကိုစစ်ဆေးရန် အသုံးပြုသူလက်စွဲ ကို ကိုးကားပါ။

အားသွင်းပြားအလယ်တွင် ဖုန်းကိုထားရှိခြင်း

စစ်ဆေးမှု ၂။ အားမသွင်းမီ ဖုန်းတွဲဖက်သုံးကိရိယာများကိုဖြုတ်ကြည့်ပါ။

သင့်ဖုန်းကာဗာ ၊ ကပ်ခွာနှင့် အခြားဖုန်းတွဲဖက်သုံးကိရိယာများကိုဖြုတ်ကြည့်ပါ။ သတ္တုပစ္စည်းများ ၊ သံလိုက်သို့မဟုတ် RFID ကဒ်များ ၊ ကလစ်သို့မဟုတ် ခရက်ဒစ်ကဒ်များကို သင့်ဖုန်းနှင့်ကြိုးမဲ့အားသွင်းတုံးကြားတွင် မထားရှိပါနှင့်။ ၄င်းတို့သည် ကြိုးမဲ့ဆစ်ဂနယ်ထုတ်လွှင့်မှုကို ပိတ်ဆို့နိုင်ခြင်း သို့မဟုတ် အပူလွန်ကဲစေခြင်းတို့ ဖြစ်နိုင်ပါသည်။

အားမသွင်းမီ ဖုန်းကာဗာကိုဖြုတ်ပါ။

အားမသွင်းမီ ဖုန်းကာဗာကိုဖြုတ်ကြည့်ပါ။

စတစ်ကာ သို့မဟုတ် သတ္တုကာဗာများသည် အားသွင်းမှုကို အနှောင့်အယှက်ပေးနိုင်ပါသည်။

သံလိုက်စတစ်ကာ သို့မဟုတ် သတ္တုကာဗာများသည် အားသွင်းမှုကို အနှောင့်အယှက်ပေးနိုင်ပါသည်။

အားမသွင်းမီ ဖုန်းတွဲဖက်သုံးပစ္စည်းများကိုဖြုတ်ပါ။

အားမသွင်းမီ ဖုန်းကလစ် ၊ ခရက်ဒစ်ကဒ်များ သိုမဟုတ် ဖုန်းတွင်ကပ်နေသည့် ပစ္စည်းများအား ဖယ်ရှားပါ။

စစ်ဆေးမှု ၃။ သင့်အနေဖြင့် Samsung မှအသိအမှတ်ပြုထားသည့် ကြိုးမဲ့အားသွင်းတုံး သို့မဟုတ် ကြိုးကို အသုံးပြုနေကြောင်းသေချာပါစေ။

Samsung မှအသိအမှတ်ပြုထားသည့် ကြိုးမဲ့အားသွင်းတုံးကိုသာ အသုံးပြုပါ။ Samsung ကြိုးမဲ့အားသွင်းတုံးများမှာ Galaxy ဖုန်းအများစုဖြင့် အသုံးပြု၍ရနိုင်ပြီး အကောင်းဆုံးအနေအထားတွင် အားသွင်းနိုင်ရန် ဒီဇိုင်းပြုလုပ်ထားပါသည်။ ထို့အပြင် သင့်ကြိုးမဲ့အားသွင်းတုံးဝယ်စဉ်ကပါလာသည့် AC ခေါင်းနှင့် USB ကြိုးကိုအသုံးပြုနေကြောင်းသေချာပါစေ။

အမြန်ကြိုးမဲ့အားသွင်းခြင်းသည် Samsung မှအသိအမှတ်ပြုထားသည့်ဖုန်းများနှင့် ကြိုးမဲ့ပါ၀ါ ရယူနိုင်မှု(WPC)ကို အထောက်အပံ့ပေးသည့်ဖုန်းများတွင်သာ ရရှိနိုင်ပါသည်။ သင်သည် Samsung တံဆိပ်မဟုတ်သည့် အခြားအမြန်ကြိုးမဲ့အားသွင်းတုံးကို အသုံးပြုဗနပါက ထုတ်လုပ်သူထဲမှ အသိအမှတ်ပြုမှု သို့မဟုတ် WPC ပင်မစာမျက်နှာသို့ သွားကြည့်ပါ။

ကြိုးမဲ့အားသွင်းတုံးပေါ်ရှိ WPC(Qi) အသိအမှတ်ပြုအမှတ်အသား

Samsung မှအသိအမှတ်ပြုထားသည့် ကြိုးမဲ့အားသွင်းတုံးပေါ်ရှိ WPC(Qi) အသိအမှတ်ပြုအမှတ်အသား

မှတ်ချက်။

  • WPC(Qi) အသိအမှတ်ပြုအမှတ်အသားမပါသည့် အချို့ကြိုးမဲ့အမြန်အားသွင်းတုံးများသည် စမတ်ဖုန်းအားသွင်းဆားကစ်ကို ၀န်ပိစေခြင်းမျိုးဖြစ်စေနေိုင်ကြောင်း စစ်ဆေးတွေ့ရှိထားပါသည်။ ထို့ကြောင့် ကြိုးမဲ့အမြန်အားသွင်းခြင်း လုပ်ဆောင်ချက်ကိုကန့်သတ်ထားနိုင်ပြီး ၄င်းအသိအမှတ်ပြုမှုမပါသည့် အမြန်ကြိုးမဲ့အားသွင်းတုံးများတွင် ကောင်းစွာအလုပ်မလုပ်နိုင်ပါ။ အထူးသဖြင့် သင့်အားတွင်းတုံးသည် WPC အသိအမှတ်ပြုမှုအောက်တွင် အသိအမှတ်ပြုထားသည့် Samsung အမြန်ကြိုးမဲ့အားသွင်းတုံးဖြစ်ရမည်ဖြစ်ပြီး အသိအမှတ်မပြုထားသည့်အားသွင်းတုံးများသည် အမြန်အားသွင်းခြင်းကို ကန့်သတ်နိုင်ပါသည်။
  • ထိုလုပ်ဆောင်ချက်သည် သင့်ဖုန်းထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန် လုံခြုံရေးသတ်မှတ်ချက်များဖြစ်ပါသည်။ သင်သည် Samsung မှထုတ်ထားခြင်းမဟုတ်သည့်ကြိုးမဲ့အားသွင်းတုံးဖြင့် အမြန်ကြိုးမဲ့အားသွင်းခြင်း လုပ်ဆောင်ချက်ကို အသုံးပြုလိုပါက အသုံးမပြုမီ သင့်အားသွင်းတုံးတွင် Samsung ကြိုးမဲ့အမြန်အားသွင်းခြင်းအသိအမှတ်ပြုချက် နှင့် WPC(Qi) အသိအမှတ်ပြုချက်ရှိကြောင်း အတည်ပြုပါ။ သင့်အနေဖြင့် ၄င်းကို WPC(Qi) အသိအမှတ်ပြုအမှတ်အသားကိုကြည့်ခြင်း သို့မဟုတ် ထုတ်ကုန်အချက်အလက်ကို ဖတ်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

စစ်ဆေးမှု ၄။ အမြန်ကြိုးမဲ့အားသွင်းခြင်း

အကယ်၍ သင့်ဖုန်းသည် အမြန်အားသွင်းခြင်းကို အထောက်အပံ့ပေးထားပါက AFC(အလိုက်သင့်ပြောင်းပေးသောဘက်ထရီ) ကိုသုံးရန် အကြံပြုပါသည်။ သင့်ဖုန်းအားသွင်းရနှေးနေပါက သင့်ဖုန်းသည် အမြန်အားသွင်းခြင်းလုပ်ဆောင်ချက်ကို အထောက်အပံ့ပေးထားခြင်းရှိမရှိ စစ်ဆေးပါ။

ဘက်ထရီ သတ်မှတ်ချက်များ ဘက်ထရီ သတ်မှတ်ချက်များ

အဆင့် ၁။ သတ်မှတ်ချက်များ မှ ဘက်ထရီနှင့်ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု ကိုသွားပြီး ဘက်ထရီ ကိုနှိပ်ပါ။

နောက်ထပ် ဘက်ထရီသတ်မှတ်ချက်များ နောက်ထပ် ဘက်ထရီသတ်မှတ်ချက်များ

အဆင့် ၂။ အောက်သို့ဆွဲချ၍ နောက်ထပ်ဘက်ထရီသတ်မှတ်ချက်မျာကို ရွေးပါ။

အမြန်အားသွင်းခြင်းသတ်မှတ်ချက်များကိုဖွင့်ခြင်း အမြန်အားသွင်းခြင်းသတ်မှတ်ချက်များကိုဖွင့်ခြင်း

အဆင့် ၃။ အမြန်ကြိုးမဲ့အားသွင်းခြင်း ကိုဖွင့်ပါ။

မှတ်ချက်။

  • အားသွင်းနေစဉ်တွင် ယခုလုပ်ဆောင်ချက်ကို ပိတ်ဖွင့်လုပ်၍မရနိုင်ပါ။
  • အမြန်အားသွင်းခြင်းကို အထောက်အပံ့မပေးသည့် PC သို့မဟုတ် USB ကိရိယာနှင့်ချိတ်ဆက်ထားချိန်တွင် အမြန်အားသွင်းခြင်း ကိုဖွင့်နိုင်မည်မဟုတ်ပါ။

စစ်ဆေးမှု ၅။ သင့်ဖုန်း အပူလွန်ကဲနေခြင်းမရှိကြောင်း အတည်ပြုစစ်ဆေးပါ။

သင့်ဖုန်းသည် သာမန်ထက်ပိုပူနေပါသလား။ အပူလွန်ကဲခြင်းသည် ဖုန်း၏စွမ်းဆောင်ရည်နှင့် အားသွင်းမှုအပေါ် သက်ရောက်စေနိုင်ပါသည်။ သင်သည် တပြိုင်တည်း အက်ပ်အများအပြားကိုအသုံးပြုနေခြင်း ၊ အချိန်ကြာမြင့်စွာ ဂိမ်းဆော့ခြင်း သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်နေခြင်းတို့လုပ်နေပါက သင့်ဖုန်းဘက်ထရီသည် အပူလွန်ကဲလာနိုင်ပါသည်။ မသုံးသည့်အက်ပ်များအားပိတ်ထား၍ သင့်ဖုန်းကိုပိတ်ပြီးအေးအောင်စောင့်ပါ။ သင့်ဖုန်းမပူတော့သည့်အချိန်တွင် ဖုန်းအားသွင်းကြည့်ပါ။

စစ်ဆေးမှု ၆။ Samsung Members ဖြင့် ကြိုးမဲ့အားသွင်းတုံးစွမ်းဆောင်ရည်ကိုကြည့်ရှုခြင်း။

သင့်ကြိုးမဲ့အားသွင်းတုံး၏စွမ်းဆောင်ရည်ကို Samsung Members အက်ပ်ဖြင့် စစ်ဆေးနိုင်ပါသည်။ သင်သည်အောက်ဖော်ပြပါလမ်းညွှန်များအတိုင်း လုပ်ဆောင်၍ သင့်ဖုန်းကိုကြိုးမဲ့အားသွင်းတုံးပေါ်တွင် တင်လိုက်ပါက အလိုအလျောက် ပြဿနာများကို (ရှိနေပါက)စစ်ဆေးသွားမည်ဖြစ်ပြီး ရလဒ်များကိုပြထားမည်ဖြစ်သည်။

Samsung Members အက်ပ် အကူအညီရယူရန် Samsung Members အက်ပ် အကူအညီရယူရန်

အဆင့် ၁။  Samsung Membersအက်ပ်ကိုဖွင့်၍ ညာဘက်အောက်ထောင့်ရှိ အကူအညီရယူရန် ကိုနှိပ်ပါ။

Samsung Members စမ်းသပ်မှုများကိုကြည့်ရန် Samsung Members စမ်းသပ်မှုများကိုကြည့်ရန်

အဆင့် ၂။ စစ်ဆေးမည် မှ ရလဒ်များကြည့်ရှုမည် ကိုရွေးပါ။

Samsung Members ကြိုးမဲ့အားသွင်းခြင်း Samsung Members ကြိုးမဲ့အားသွင်းခြင်း

အဆင့် ၃။ ကြိုးမဲ့အားသွင်းခြင်ကိုနှိပ်ပါ။

Samsung Members ဖုန်းအားကြိုးမဲ့အားသွင်းတုံးပေါ်တွင် ထားခြင်း။ Samsung Members ဖုန်းအားကြိုးမဲ့အားသွင်းတုံးပေါ်တွင် ထားခြင်း။

အဆင့် ၄။ စခရင်တွင်ပေါ်လာသည့်လမ်းညွှန်များအတိုင်းလိုက်ပါလုပ်ဆောင်၍ သင့်ဖုန်းကို ကြိုးမဲ့အားသွင်းတုံးပေါ်တွင် ထားပါ။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ