Android ဗားရှင်း ၉.၀ တွင် အဓိကပြောင်းလဲမှုများ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020

Android ဗားရှင်း ၉.၀ အော်ပရေးတင်းစနစ်ကို အလိုလိုသိရှိ နားလည်ရန်လွယ်သော ဒီဇိုင်းဖြင့် အပ်ဒိတ်လုပ်ထားပြီး၊ ၎င်းကို လက်တစ်ဖက်ဖြင့် ရှိသမျှအရာတိုင်း ပြုလုပ်ရန် ပို၍လွယ်ကူစေပါတယ်။

 

အဓိကပြောင်းလဲမှုများအနက် အချို့ကို အောက်တွင် ပိုမိုရှာဖွေပါ။

သတိပြုရန်- Android ဗားရှင်း 9.0 ကို မော်ဒယ်အချို့တွင်သာ ဒေါင်းလုဒ်လုပ်ရန် ရနိုင်ပြီး၊ ၎င်းက ဒေသဆိုင်ရာအပေါ် မူတည်၍ ခြားနားနိုင်ပါတယ်။ ဤဆော့ဖ်ဝဲသည် S10’s တွင် မူလသတ်မှတ်ပုံစံအဖြစ် ပါလာပါတယ်။

ပင်မဖန်သားပြင်၊ ဖုန်းအက်ပ်၊ ပြက္ခဒိန်၊ မက်ဆေ့ခ်ျများ၊ အီးမေးလ်၊ အသိပေးချက်ပန်နယ်နှင့် နောက်ထပ်အရာများစွာအား ပိုကောင်းစေသော အသုံးပြုသူ အတွေ့အကြုံအတွက် ဒီဇိုင်းပုံစံပြန်လုပ်ထားတာကို၊ သင် သတိပြုမိမှာပါ။ များပြားလှတဲ့ အိုင်ကွန်များနှင့် မီနူးများအတွက် သုံးရလွယ်သော ရိုးရှင်းသော နောက်ထပ်ဒီဇိုင်းတွေ ရှိနေပါတယ်။

Android 9.0, အပ်ဒိတ်လုပ်ထားသည့် ဒီဇိုင်းပါသော ပင်မဖန်သားပြင်

Always on Display

Always on Display (AOD) ရှိ မူလသတ်မှတ်နာရီကို ယခုဆိုလျှင် အလျားလိုက် ပုံစံချထားပြီး အရောင်ခြယ်ထားသည့် အိုင်ကွန်များဖြင့် အထူးစီစဉ်ထားပါတယ်။ ၎င်းတွင် ကျန်သေးသည့် ဘက်ထရီအချိန်၊ အားအပြည့်သွင်းချိန်ထိ ကျန်သေးသည့်အချိန်နှင့် ဝတ်ဆင်နိုင်ပစ္စည်းများကဲ့သို့ ချိတ်ဆက်နိုင်သည့် အခြားကိရိယာများအတွက် ဘက်ထရီအချက်အလက်ကိုလည်း ပြသပေးပါတယ်။ အခြားအပြင်အဆင်များ အသုံးပြုခြင်းဖြင့် သို့မဟုတ် ရုပ်ပုံများ သို့မဟုတ် GIF များ အပ်လုဒ်လုပ်ခြင်းဖြင့်လည်း ၎င်းကို အပြည့်အဝ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။

ဗီဒီယိုပလေရာ

ဗီဒီယိုပလေရာရှိ ထိန်းချုပ်ခလုတ်များကို နေရာပြောင်းထားပါတယ်။ ၎င်းတိုက ယခုဆိုလျှင် ဖန်သားပြင်အောက်ခြေတွင် ရှိပြီး တုံ့ပြန်ဆောင်ရွက်ရန် ပို၍လွယ်ကူစေပါတယ်။

Android 9.0, ဗီဒီယိုပလေရာ၏ အပ်ဒိတ်လုပ်ထားသည့် ဒီဇိုင်း

ကိရိယာစောင့်ရှောက်မှု

“သတ်မှတ်ချက်များ” အတွင်းရှိ ယခင် “ကိရိယာပြုပြင်ထိန်းသိမ်းမှု” နေရာတွင် “ကိရိယာစောင့်ရှောက်မှု” ဖြင့် အစားထိုးထားပါတယ်။

Android 9.0, ကိရိယာစောင့်ရှောက်မှုရှိ ပြောင်းလဲထားသည့် သတ်မှတ်ချက်များနှင့် အင်္ဂါရပ်များ

ဘက်ထရီပါဝါချွေတာရေးအတွက် အကောင်းဆုံးစီမံရာတွင် သုံးနိုင်သော “ပါဝါအနေအထား” ရွေးစရာများကို ရှာဖွေရန် “ဘက်ထရီ” ကို နှိပ်ပါ။

Android 9.0, ကိရိယာစောင့်ရှောက်မှုရှိ ပြောင်းလဲထားသည့် သတ်မှတ်ချက်များနှင့် အင်္ဂါရပ်များ, ပါဝါ အနေအထား

သင်၏အသုံးပြုမှုအား ပိုင်းခြားစိတ်ဖြာနိုင်ပြီး မူပွားသော သို့မဟုတ် မလိုအပ်သော ဖိုင်များကို ဖယ်ရှားနိုင်သည့် နေရာဖြစ်သည့် “သိုလှောင်ခန်း” နေရာအသစ်အား အသုံးပြုခြင်းဖြင်းဖြင့်လည်း သိုလှောင်ခန်းနေရာလွတ်များကို ရှင်းပစ်နိုင်ပါသည်။

 

တည်နေရာ သတ်မှတ်ချက်များ

 

တည်နေရာ သတ်မှတ်ချက်များသည် “ချိတ်ဆက်မှုများ” အတွင်း၌ မရှိတော့သော်လည်း ယခုဆိုလျှင် “ကိုယ်ဟန်နည်းများနှင့် လုံခြုံရေး” အောက်တွင် ရှာတွေ့နိုင်ပါတယ်။

 

မနှောင့်ယှက်ပါနှင့်

 

နောက်ဆုံးအနေဖြင့်၊ “မနှောင့်ယှက်ပါနှင့်” သတ်မှတ်ချက်ကို “အသံများနှင့် တုန်ခါနှုန်း” မီနူးထံမှ “အသိပေးချက်များ” ဆီသို့ နေရာပြောင်းထားပါတယ်။

ည အနေအထား

 

မျက်စိပင်ပန်းဒဏ်ဖြစ်မှုကို လျှော့ချရန် ညအချိန်တွင် ပြကွက်အား မှောင်မည်းသော အရောင်များသို့ ပြောင်းလဲပေးသည့် “ည အနေအထား” ကို ရှာဖွေပါ။ ၎င်းက နေဝင်/နေထွက်ချိန် သို့မဟုတ် အခြေအနေအချို့တွင် အလုပ်လုပ်ပါတယ်။ ၎င်းသည် Samsung အက်ပ်များတွင်သာ အလုပ်လုပ်ပြီး၊ “သတ်မှတ်ချက်များ” ကို နှိပ်ပြီးနောက် “ပြကွက်” မီနူးခွဲကို နှိပ်ခြင်းဖြင့် သတ်မှတ်နိုင်ပါတယ်။

Android 9.0, အင်္ဂါရပ်အသစ်များ, ည အနေအထား

ပင်မဖန်သားပြင် သော့ခတ်ရန်

 

ယခုဆိုလျှင် ပင်မဖန်သားပြင်ရှိ အိုင်ကွန်အသစ်များ၏ လှုပ်ရှားမှု၊ ဖျက်ပစ်မှုနှင့် ဖန်တီးမှုကို ကန့်သတ်နိုင်ပါပြီ။ “ပင်မဖန်သားပြင်အပြင်အဆင် သော့ခတ်ရန်” ကို ဖွင့်ရန်အတွက် “သတ်မှတ်ချက်များ”၊ “ပြကွက်” ပြီးနောက် “ပင်မဖန်သားပြင်” တို့ကို နှိပ်ပြီး ခလုတ်ကို ပွတ်ဆွဲပါ။

 

ပြခန်းအယ်လဘန်များ

 

ပြခန်းတွင် “အယ်လဘမ်” အသစ်များကို တွေ့နိုင်ပြီး၊ ဗီဒီယိုများ၊ စိတ်ကြိုက်များ၊ တည်နေရာများနှင့် အကြံပြုချက်များအတွက် ဖိုင်တွဲလေးခု ခွဲထုတ်ထားပါတယ်။ “အကြံပြုထားသည်” အယ်လဘမ်သည် သင့်ကိရိယာတွင် ထားသိုသည့်အရာအပေါ် မူတည်၍ အကြောင်းအရာ ဖန်တီးမှု သို့မဟုတ် ဖျက်ပစ်မှုတို့ကို အကြံပြုပေးမှာဖြစ်ပါတယ်။

Android 9.0, ပြခန်းအယ်လဘမ်အသစ်များ

အဆက်အသွယ်အသစ်များ

 

သင့်မက်ဆေ့ခ်ျများတွင် သိမ်းဆည်းမထားသည့် နံပါတ် ရှိလျှင်၊ မက်ဆေ့ခ်ျပို့ဖန်သားပြင်ထံမှ “အဆက်အသွယ်များတွင် ထည့်ရန်” သို့မဟုတ် “နံပါတ် ပိတ်ဆို့ရန်” ကို လျှင်မြန်စွာ အခန့်သင့်စွာ ပြုလုပ်နိုင်ပါတယ်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ