ကို ကွာစေသော ပြင်ပမှ ထုတ်ကုန်များ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 31.10.2023

အများပြည်သူသို့ ဖြန့်ချိခြင်းမပြုမီ Samsung စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများသည် ဘေးကင်းပြီး ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်အတွက် ပြင်းထန်သောစမ်းသပ်မှုများ ပြုလုပ်ခြင်းခံရမည်ဖြစ်သည်။ သို့သော် အသုံးပြုသူသည် ၎င်း၏ Samsung စက်ပစ္စည်းနှင့် တွဲဖက်သုံး၍မရသော ပြင်ပထုတ်ကုန်ကို အသုံးပြုရန် ကြိုးပမ်းပါက ဆေးသားကွာခြင်းကဲ့သို့သော ပျက်စီးမှုများကို မတော်တဆ ထိခိုက်မှုဖြစ်စေနိုင်ပါသည်။

Galaxy ဖုန်းနှင့် တက်ဘလက်ကို မူရင်းအားသွင်းကိရိယာနှင့် ချိတ်ဆက်ထားသည်။

ပြင်ပအားသွင်းကိရိယာများ မှားယွင်းစွာ တပ်ဆင်ထားခြင်းကြောင့် ဆေးသားကွာခြင်း

မှန်ကန်စွာ တပ်ဆင်မထားသော ပြင်ပ မြန်နှုန်းမြင့်အားသွင်းကိရိယာနှင့် အားသွင်းထားသော ဖုန်းတစ်လုံးကို သင်ကိုင်ထားပါက အပြင်ပသို့ ယိုစိမ့်လာသည့် လျှပ်စီးသည် anodization (သတ္တုမျက်နှာပြင်ကို အလှဆင်ခြင်း၊ တာရှည်ခံအောင်ပြုလုပ်ခြင်း၊ သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိ‌အောင်လုပ်ခြင်း စသည့် လုပ်ငန်းစဉ်) ကို ထိခိုက်စေပြီး ဆေးသားများကို အနည်းငယ် အလွှာကွဲသွားစေပါသည်။ ဤ ပြဿနာရပ်များမှ ကာကွယ်ရန် Samsung ၏ တရားဝင်အားသွင်းကိရိယာကို ကျေးဇူးပြု၍ အသုံးပြုပါ။

ဖုန်းမှ လူတစ်ဦး၏ ခန္ဓာကိုယ်သို့ ယိုစိမ့်နေသည့်လျှပ်စီးကြောင်း မည်သို့ စီးဆင်းကြောင်း ရှင်းပြသည့် ပုံ။

မိုဘိုင်းကိရိယာများမှ စွမ်းအင်ပေးသည့် EMS (လျှပ်စစ်ကြွက်သားလှုံ့ဆော်မှု) အနှိပ်ကိရိယာများကို အသုံးပြုခြင်း

သင့် Galaxy စက်ပစ္စည်းကို ကိုင်ထားစဉ် သင့် Galaxy စက်ပစ္စည်းမှတစ်ဆင့် ပါဝါထုတ်ထားသည့် EMS အနှိပ်ခံကိရိယာကို အသုံးပြုခြင်းသည်လည်း ယိုစိမ့်နေသော လျှပ်စီးကြောင်းက anodization ကို ထိခိုက်စေသောကြောင့် ဆေးသားကွားစေနိုင်ပါသည်။ ဤ EMS ထုတ်ကုန်များကို အသုံးပြုနေစဉ် သင့်ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းနှင့်မျှ မထိမိစေရန် Galaxy စက်ပစ္စည်းကို သင်နှင့်ဝေးရာနေရာတွင် ထားရန် ကျွန်ုပ်တို့ အကြံပြုပါသည်။

ကြိမ်နှုန်းနိမ့် အနှိပ်ကိရိယာကို အသုံးပြုနေစဉ် ဖုန်းကို ဆုပ်ကိုင်ထားခြင်း။

ပြင်ပအားသွင်းကိရိယာများကို အသုံးပြုသည့်အခါ သတိထားပါ

ယေဘုယျအားဖြင့် ပြင်ပအားသွင်းကိရိယာသည် ကျော်ကြားသောကုမ္ပဏီတစ်ခုမှလာပါက အရည်အသွေးမြင့်မားပြီး Qi စံနှုန်းကိုလိုက်နာပြီး သင့် Galaxy စက်ပစ္စည်းနှင့်အသုံးပြုပါက ပြဿနာမဖြစ်နိုင်ပါ။ သို့သော်စျေးကွက်တွင် ပြင်ပကုမ္ပဏီနှင့် အတုအပအားသွင်းကိရိယာများသည် အဆိုပါလိုအပ်ချက်များနှင့် မကိုက်ညီဘဲ သင့်စက်ပစ္စည်း၏သတ္တုကို ပျက်စီးနိုင်သည်။ ဤကဲ့သို့သော ပျက်စီးမှုသည် လျှပ်စစ်စီးကြောင်းအတွင်း ယိုစိမ့်မှုကြောင့် ဖြစ်နိုင်သည်။ အကောင်းဆုံးအကြံပြုချက်မှာ သင့်စက်ပစ္စည်းနှင့် အလုပ်လုပ်ရန် ဒီဇိုင်းထုတ်ထားသည့် စစ်မှန်သော Samsung အားသွင်းကိရိယာကို အသုံးပြုရန်ဖြစ်သည်။

မှတ်ချက်- သင်သည် နောက်ထပ်အကူအညီ လိုအပ်ပါက ကျေးဇူးပြု၍ အနီးစပ်ဆုံး Samsung ဝန်ဆောင်မှု စင်တာ သို့ ဆက်သွယ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ