Find My Mobile ၏ လုပ်ဆောင်ချက်များ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.09.2020
How to set up Find My Mobile

Find My Mobile ဆိုသည်မှာ အဘယ်နည်း?

မိမိ၏ mobile ဖုန်းကို ရှာမတွေ့သည့်အခါ Find My Mobile ကို အသုံးပြုပြီး ဖုန်း၏ တည်နေရာကို ရှာဖွေခြင်းနှင့် ဖုန်းသည် အနီးအနားတွင်ရှိပါက ringtone ကို အသံအမြင့်ဆုံးအထိ မြှင့်တင်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ထို့ပြင် Screen၊ Samsung Pay နှင့် power button တို့ကိုအလိုလျောက် lock ချခြင်းနှင့် ဖုန်းမှတ်တမ်းကိုလည်း ၅၀ missed calls အထိ စစ်ဆေးကြည့်နိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ပါက device အတွင်းရှိ ဒေတာအချက်အလက်များအားလုံးကိုလည်း ဖျက်ဆီးနိုင်ပါတယ်။

သတိပြုရန် အချက်များ-

 

● Find My Mobile သည် မိမိ device ဖွင့်ထားရုံသာမက Samsung Account ကို log in ၀င်ရောက်ထားပြီး internet နှင့် ချိတ်ဆက်ထားသော အခြေအနေတွင်သာ အသုံးပြုနိုင်သည်။

 

● Samsung Account သို့ log in ၀င်ရောက်ထားပါ။ Samsung account အား မည်သို့ဖန်တီးရမည်ကို လေ့လာရန် click here ကို နှိပ်ပါ။

 

● https://findmymobile.samsung.com မှ တဆင့် အဝေးထိန်းချုပ်မှုပြုလုပ်နိုင်ရန် မိမိ device တွင် Remote Access ကို ဖွင့်ထားပါ။                               

Find My Mobile ကို ဘယ်လို အသုံးပြုရမလဲ

1 Setting > Lock screen & security သို့ ၀င်ရောက်ပါ။
Settings > Lock screen and security
2 Screen tab အောက်ရှိ Find My Mobile သို့ ၀င်ရောက်ပါ။
Tap on Find My Mobile
3 ယခုအခါ မိမိ အနေဖြင့် Find My Mobile ၏ setting ကို ထိန်းညှိနိုင်ပြီဖြစ်ပါတယ်။

Remote Controls - မိမိအနေဖြင့် Samsung Account ကို အသုံးပြုပြီး  https://findmymobile.samsung.com  တဆင့် device ကို ထိန်းချုပ်နိုင်ပါတယ်။

 

Google Location Service - မိမိ device ၏ တည်နေရာကို ပို၍  တိကျသေချာစွာ ညွှန်ပြနိုင်ရန် Google location service ကို ခွင့်ပြုထားပါ။

 

Send Last Location - မိမိ device ၏ ဘက်ထရီ သတ်မှတ် ရာခိုင်နှုန်းအထိ လျော့ကျလာချိန်တွင် မိမိဖုန်း၏ နောက်ဆုံးတည်ရှိရာ နေရာကို Find My Mobile server သို့ ပေးပို့ပေးရန် ခွင့်ပြုထားပါ။
