သင့် Galaxy ဖုန်းတွင် ခေါ်ဆိုမှုပြတ်တောက်ခြင်း သို့မဟုတ် ကွန်ရက်အချက်ပြမှုမရရှိတော့ပါက ဘာလုပ်ရမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

ဖုန်းခေါ်ဆိုမှုရုတ်တရက်ပြတ်တောက်ခြင်း သို့မဟုတ် သင့် Galaxy ဖုန်းတွင် ကွန်ရက်အချက်ပြမှုမရရှိတော့ပါက ၄င်းသည်ဖုန်းဆက်တင်ကြောင့်သို့မဟုတ် ကွန်ရက်ဝန်ဆောင်မှုပေးသူနှင့်ဆိုင်သည့်ပြဿနာကြောင့်ဖြစ်နိုင်ပါသည်။ သင့်ဖုန်းအခြေအနေကိုစစ်ဆေးရန် အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင့်ဖုန်းဆက်တင်များကိုစစ်ဆေးပါ။

ဖုန်းဆက်တင်များသည် သင့်ဖုန်းအား ဖုန်းခေါ်ဆို/လက်ခံနိုင်စွမ်းကို အတားအဆီးဖြစ်စေနိုင်ပါသည်။ Airplane mode ဖွင့်ထားခြင်း သို့မဟုတ် သင့်ဖုန်းသည် အမည်မသိနံပါတ်များ သို့မဟုတ် သီးသန့်နံပါတ်များကို ဘလော့ထားခြင်းရှိ၊မရှိ စစ်ဆေးပါ။

Airplane mode ပိတ်ခြင်း

အဆင့် ၁။ Settings ကိုဖွင့်၍ Connections ကိုနှိပ်ပါ။

အဆင့် ၂။ Airplane mode ဖွင့်ထားပါက ပိတ်လိုက်ပြီးသင့်ချိတ်ဆက်မှုတည်ငြိမ်သွားခြင်းရှိမရှိ စစ်ဆေးပါ။

Airplane mode ပိတ်ခြင်း

သင့်ဖုန်းတွင် အမည်မသိနံပါတ်သို့မဟုတ် သီးသန့်နံပါတ်များကို ဘလော့ထားခြင်းရှိမရှိ စစ်ဆေးပါ။

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၁ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၁

အဆင့် ၁။ Phone အက်ပ်တွင် More (ညာအပေါ်ထောင့်ရှိအစက်သုံးစက်) ကိုနှိပ်ပါ

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၂ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၂

အဆင့် ၂။ Settings ကိုဖွင့်ပါ။

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၃ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၃

အဆင့် ၃။ Block ထားသည့်နံပါတ်များ ကိုနှိပ်ပါ

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၄ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၄

အဆင့် ၄။ Block unknown/private numbers ကိုပိတ်၍ သင်ဖုန်းလက်ခံ၍ရမရ စစ်ဆေးကြည့်ပါ။

သင့်ခေါ်ဆိုမှုပြတ်တောက်သွားခြင်း သို့မဟုတ် သင့်ဖုန်းတွင်ကွန်ရက်အချက်ပြမှု ဆက်ပြီးပျောက်ဆုံးနေပါက သင့်ကွန်ရက်ဆက်တင်ကို reset လုပ်ရန်လိုနိုင်ပါသည်။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၁ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၁

အဆင့် ၁။ Settings သို့သွား၍ General management ကိုနှိပ်ပါ။

reset network settings ၂ reset network settings ၂

အဆင့် ၂။ Reset ကိုနှိပ်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၃ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၃

အဆင့် ၃။ Reset network settings ကိုရွေးပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၄ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၄

အဆင့် ၄။ စခရင်ပေါ်ရှိအချက်အလက်များကိုစစ်ဆေးပြီး Reset settings ကိုနှိပ်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၅ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၅

အဆင့် ၅။ Reset ကိုနှိပ်ပါ။

မှတ်ချက် -

  • ကွန်ရက်ဆက်တင်များပြန်လည်သတ်မှတ်ခြင်းသည် Wi-Fi, Bluetooth နှင့် အခြားကွန်ရက်ဆက်တင်များကိုပါ ပြန်လည်သတ်မှတ်သွားမည်ဆိုသည်ကို သတိပြုပါ။

မှားယွင်းနေသည့် APN (Access Point Name) ဆက်တင်များသည် ကွန်ရက်ချိန်ဆက်မှုကို အနှောင့်အယှက်ပေးနိုင်ပါသည်။ APN ဆက်တင်ပြန်လည်သတ်မှတ်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၁ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၁

အဆင့် ၁။ Settings ကိုဖွင့်၍ Connections ကိုနှိပ်ပါ။

reset network settings ၂ reset network settings ၂

အဆင့် ၂။ Mobile networks ကိုနှိပ်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၃ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၃

အဆင့် ၃။ Access Point Names ကိုနှိပ်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၄ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၄

အဆင့် ၄။ ညာဘက်အပေါ်ထောင့်ရှိ More (အစက်၃စက်) ကိုနှိပ်၍ Reset to default ကိုနှိပ်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၅ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၅

အဆင့် ၅။ APN ဆက်တင်များကိုပြန်လည်သတ်မှတ်ရန် Reset ကိုနှိပ်ပါ

သင်စာရင်းမသွင်းထားသည့်ကွန်ရက်ကိုချိတ်ဆက်ထားမိပါက ပြဿနာဖြစ်နိုင်ပါသည်။ ကွန်ရက်ရွေးချယ်ရန် အာက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၁ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၁

အဆင့် ၁။ Settings ကိုဖွင့်၍ Connections ကိုနှိပ်ပါ။

reset network settings ၂ reset network settings ၂

အဆင့် ၂။ Mobile networks ကိုနှိပ်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၃ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၃

အဆင့် ၃။ Select roaming network ကိုရွေးချယ်ပါ။

ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၄ ကွန်ရက်ဆက်တင်ပြန်လည်သတ်မှတ်ခြင်း အဆင့် ၄

အဆင့် ၄။ အလိုအလျောက်ရွေးချယ်မည် ကိုပိတ်၍ ကွန်ရက်ကိုရွေးချယ်ပေးပါ။

မှတ်ချက် - ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ