သင့် Galaxy ဖုန်းမှ ခလုတ်များအလုပ်မလုပ်တော့ပါက ဘာလုပ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းအသံကို အသံခလုတ်ဖြင့်ချိန်ညှိ၍မရခြင်း သို့မဟုတ် သင့်ဖုန်းကိုဘေးခလုတ်ဖြင့်ပိတ်မရခြင်းတို့ဖြစ်ပါက ပထမဦးစွာ ၄င်းသည် ဆော့ဖ်ဝဲ သို့မဟုတ် ဟာ့ဒ်ဝဲပြဿနာလားဆိုတာ စစ်ဆေးရန် လိုအပ်ပါသည်။ ခလုတ်လုပ်ဆောင်ချက်မှားယွင်းခြင်းပြဿနာများအား ဘယ်လိုအဖြေရှာမလဲဆိုတာကို အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

Samsung Members အက်ပ်ဖြင့် ပြဿနာစစ်ဆေးခြင်း

ပထမဦးစွာ သင့်အနေဖြင့် သင့်ဖုန်းခလုတ်အလုပ်မလုပ်ခြင်း၏ အကြောင်းရင်းကို စစ်ဆေးရှာဖွေရန်လိုအပ်ပါသည်။ သင့်ဖုန်းကာဗာ သို့မဟုတ် ပြင်ပအရာဝထ္ထုများ ခလုတ်မဖိနိုင်အောင် တားဆီးထားခြင်းရှိမရှိ စစ်ဆေးပါ။

သင့်ဖုန်း ဟာ့ဒ်ဝဲကြောင့်ပြဿနာဖြစ်ပါက ကျွန်ုပ်တို့၏ပံ့ပိုးမှုစင်တာ သွားရောက်ရန် အကြံပြုပါသည်။ သို့ရာတွင် ၀န်ဆောင်မှုရက်ချိန်းမရယူမီ ခလုတ်ဘာကြောင့်နှိပ်မရသလဲဆိုသည်ကို စစ်ဆေးပါ။ ဘာကြောင့်ပြဿနာဖြစ်နေသလဲဆိုတာသိရန် အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

Samsung Members အက်ပ်ကိုဖွင့်ပါ။ Samsung Members အက်ပ်ကိုဖွင့်ပါ။

အဆင့် ၁။ Samsung Members ကိုဖွင့်ပါ။ အက်ပ်အား သင့်ဖုန်းတွင်ထည့်သွင်းမထားပါက Galaxy Store မှ ဒေါင်းလုဒ်ရယူပါ။

Samsung Members မှ အကူအညီရယူပါ။ Samsung Members မှ အကူအညီရယူပါ။

အဆင့် ၂။ အကူအညီရယူရန် ကိုနှိပ်ပါ။

Samsung Members စမ်းသပ်မှုများကိုကြည့်ရန် Samsung Members စမ်းသပ်မှုများကိုကြည့်ရန်

အဆင့် ၃။ စမ်းသပ်မှုများကိုကြည့်ရန် ကိုရွေးပါ။

ခလုတ်များစမ်းသပ်ခြင်း ကိုရွေးပါ။ ခလုတ်များစမ်းသပ်ခြင်း ကိုရွေးပါ။

အဆင့် ၄။ ခလုတ်များ ကိုနှိပ်၍ပေါ်လာသည့်လမ်းညွှန်အတိုင်းဆက်လက်လုပ်ဆောင်ပါ။

ပြုပြင်ရန်လိုအပ်ပါက ၀န်ဆောင်မှုစင်တာကိုသွားပါ။ ပြုပြင်ရန်လိုအပ်ပါက ၀န်ဆောင်မှုစင်တာကိုသွားပါ။

အဆင့် ၅။ ဖန်သားပြင်ပေါ်တွင် လုပ်ဆောင်ရန်လိုအပ်သည်ဟုစာပေါ်လာပါက ကျွန်ုပ်တို့၏ဝန်ဆောင်မှုစင်တာသို့ သွားရောက်ရန်အကြံပြုပါသည်။

Samsung Members အက်ပ်မှ ခလုတ်နှင့်ပတ်သတ်၍ ဟာ့ဒ်ဝဲပြဿနာ ရှာမတွေ့ပါက ပြဿနာပြေလည်စေရန် သတ်မှတ်ချက်များအားလုံးကို ပြန်သတ်မှတ် ကြည့်ပါ။

သတ်မှတ်ချက်များထဲမှ အထွေထွေစီမံချက် သတ်မှတ်ချက်များထဲမှ အထွေထွေစီမံချက်

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အထွေထွေစီမံချက် ကိုသွားပါ။

ပြန်သတ်မှတ်မည် ကိုရွေးပါ။ ပြန်သတ်မှတ်မည် ကိုရွေးပါ။

အဆင့် ၂။ ပြန်သတ်မှတ်မည် ကိုရွေးပါ

သတ်မှတ်ချက်များအားလုံးကို ပြန်သတ်မှတ်မည် ကိုရွေးပါ။ သတ်မှတ်ချက်များအားလုံးကို ပြန်သတ်မှတ်မည် ကိုရွေးပါ။

အဆင့် ၃။ သတ်မှတ်ချက်များအားလုံးကို ပြန်သတ်မှတ်မည် ကိုရွေးပါ။

သတ်မှတ်ချက်များ ပြန်သတ်မှတ်မည် ကိုရွေးပါ။ သတ်မှတ်ချက်များ ပြန်သတ်မှတ်မည် ကိုရွေးပါ။

အဆင့် ၄။ သတ်မှတ်ချက်များပြန်သတ်မှတ်မည် ကိုရွေးပါ။

အချက်အလက်များကိုစစ်ဆေး၍ ပြန်သတ်မှတ်မည်ကိုနှိပ်ပါ။ အချက်အလက်များကိုစစ်ဆေး၍ ပြန်သတ်မှတ်မည်ကိုနှိပ်ပါ။

အဆင့် ၅။ ပေါ်လာသည့်အချက်အလက်များကို စစ်ဆေး၍ ပြန်သတ်မှတ်မည် ကိုနှိပ်ပါ။

မှတ်ချက်။

  • သတ်မှတ်ချက်များအားလုံးကိုပြန်သတ်မှတ်မည် ကိုလုပ်ဆောင်ပါက ဒေတာများကိုဖျက်သွားမည်မဟုတ်ပါ။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ