သင့် Galaxy ဖုန်းမှ ခလုတ်များအလုပ်မလုပ်တော့ပါက ဘာလုပ်ရမလဲ။
သင့်ဖုန်းအသံကို အသံခလုတ်ဖြင့်ချိန်ညှိ၍မရခြင်း သို့မဟုတ် သင့်ဖုန်းကိုဘေးခလုတ်ဖြင့်ပိတ်မရခြင်းတို့ဖြစ်ပါက ပထမဦးစွာ ၄င်းသည် ဆော့ဖ်ဝဲ သို့မဟုတ် ဟာ့ဒ်ဝဲပြဿနာလားဆိုတာ စစ်ဆေးရန် လိုအပ်ပါသည်။ ခလုတ်လုပ်ဆောင်ချက်မှားယွင်းခြင်းပြဿနာများအား ဘယ်လိုအဖြေရှာမလဲဆိုတာကို အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။
အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။
အဆင့် ၁။ Settings > Software update သို့သွားပါ။
အဆင့်၂။ Download and install ကိုနှိပျပါ။
အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
Samsung Members အက်ပ်ဖြင့် ပြဿနာစစ်ဆေးခြင်း
ပထမဦးစွာ သင့်အနေဖြင့် သင့်ဖုန်းခလုတ်အလုပ်မလုပ်ခြင်း၏ အကြောင်းရင်းကို စစ်ဆေးရှာဖွေရန်လိုအပ်ပါသည်။ သင့်ဖုန်းကာဗာ သို့မဟုတ် ပြင်ပအရာဝထ္ထုများ ခလုတ်မဖိနိုင်အောင် တားဆီးထားခြင်းရှိမရှိ စစ်ဆေးပါ။
သင့်ဖုန်း ဟာ့ဒ်ဝဲကြောင့်ပြဿနာဖြစ်ပါက ကျွန်ုပ်တို့၏ပံ့ပိုးမှုစင်တာ သွားရောက်ရန် အကြံပြုပါသည်။ သို့ရာတွင် ၀န်ဆောင်မှုရက်ချိန်းမရယူမီ ခလုတ်ဘာကြောင့်နှိပ်မရသလဲဆိုသည်ကို စစ်ဆေးပါ။ ဘာကြောင့်ပြဿနာဖြစ်နေသလဲဆိုတာသိရန် အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။
သတ်မှတ်ချက်များအားလုံးပြန်သတ်မှတ်ခြင်း
Samsung Members အက်ပ်မှ ခလုတ်နှင့်ပတ်သတ်၍ ဟာ့ဒ်ဝဲပြဿနာ ရှာမတွေ့ပါက ပြဿနာပြေလည်စေရန် သတ်မှတ်ချက်များအားလုံးကို ပြန်သတ်မှတ် ကြည့်ပါ။
မှတ်ချက်။
- သတ်မှတ်ချက်များအားလုံးကိုပြန်သတ်မှတ်မည် ကိုလုပ်ဆောင်ပါက ဒေတာများကိုဖျက်သွားမည်မဟုတ်ပါ။
မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content : This text is only displayed on the editor page