သင့် Galaxy ဖုန်း ခေါ်ဆို/လက်ခံ မရဖြစ်ပါက ဘာလုပ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့် Galaxy ဖုန်းတွင် ဖုန်းခေါ်ဆို၍မရပါက ၄င်းသည် SIM ကြောင်နေခြင်း ၊ သင့်အကောင့်သို့မဟုတ် ကွန်ရက်ဝန်ဆောင်ပေးသူထံမှပြဿနာ သို့မဟုတ် ဖုန်းဆက်တင်တခုကြောင့်ဖြစ်နိုင်ပါသည်။ အဖြေရှာရန်အတွက် အောက်ပါလမ်းညွှန်ကိုကြည့်ရှုပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင့် ဆဲလ်ဖုန်းဧရိယာနှင့်ဝန်ဆောင်မှု အနေအထားကိုစစ်ဆေးပါ။

ဆဲလ်ဆက်ခံမှုမကောင်းသည့်ဧရိယာတွင်ရောက်နေခြင်း သို့မဟုတ် သင့်အကောင့်(သို့)၀န်ဆောင်မှုပေးသူ၏ ပြဿနာတခုခုကြောင့် ခေါ်ဆိုမှုပြဿနာများကြုံတွေံရနိုင်ပါသည်။

  • သင့်တွင် ဆဲလ်လက်ခံမှုမကောင်းပါက သင့်စခရင်ညာဘက်အပေါ်ထောင့်ရှိ ကွန်ယက်ဘားတွင် နည်းခြင်းမှ လုံးဝမရှိသည်အထိဖြစ်နေပါလိမ့်မည်။ ၄င်းကြောင့်ဆိုပါက လိုင်းဆွဲအားကောင်းသည့်နေရာသို့ရွှေ့ပြောင်းပါ။
ကွန်ရက်ဘားမရှိခြင်း
ထုတ်လွှင့်မှုအားနည်းနေပါက ကွန်ရက်ဘားတွင်နည်းနေ သို့မဟုတ် တခုမှရှိနေမည်မဟုတ်ပါ။
  • သင့်အကောင့်သည် အခြေအနေကောင်းနေကြောင်းအတည်ပြုပါ။
  • ဆဲလ်တာဝါမှ ထုတ်လွှင့်မှုရယူရာတွင် သင့်ဖုန်းတွင်ယာယီပြဿနာများကြံုတွေ့ရနိုင်ပါသည်။ သင့်ဖုန်းကို reboot လုပ်ကြည့်ပါ။

ဖုန်းဆက်တင်များသည် သင့်ဖုန်းအား ဖုန်းခေါ်ဆို/လက်ခံနိုင်စွမ်းကို အတားအဆီးဖြစ်စေနိုင်ပါသည်။ Airplane mode ဖွင့်ထားခြင်း သို့မဟုတ် သင့်ဖုန်းသည် အမည်မသိနံပါတ်များ သို့မဟုတ် သီးသန့်နံပါတ်များကို ဘလော့ထားခြင်းရှိ၊မရှိ စစ်ဆေးပါ။

Airplane mode ပိတ်ခြင်း

အဆင့် ၁။ Settings ကိုဖွင့်၍ Connections ကိုနှိပ်ပါ။

အဆင့် ၂။ Airplane mode ဖွင့်ထားပါက ပိတ်လိုက်ပြီးသင့်ချိတ်ဆက်မှုတည်ငြိမ်သွားခြင်းရှိမရှိ စစ်ဆေးပါ။

Airplane mode ပိတ်ခြင်း

သင့်ဖုန်းတွင် အမည်မသိနံပါတ်သို့မဟုတ် သီးသန့်နံပါတ်များကို ဘလော့ထားခြင်းရှိမရှိ စစ်ဆေးပါ။

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၁ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၁

အဆင့် ၁။ Phone အက်ပ်တွင် More (ညာအပေါ်ထောင့်ရှိအစက်သုံးစက်) ကိုနှိပ်ပါ

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၂ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၂

အဆင့် ၂။ Settings ကိုဖွင့်ပါ။

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၃ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၃

အဆင့် ၃။ Block ထားသည့်နံပါတ်များ ကိုနှိပ်ပါ

ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၄ ဖုန်းမှဘလော့ထားသည့် အမည်မသိနံပါတ်များကိုစစ်ဆေးခြင်း အဆင့် ၄

အဆင့် ၄။ Block unknown/private numbers ကိုပိတ်၍ သင်ဖုန်းလက်ခံ၍ရမရ စစ်ဆေးကြည့်ပါ။

သင့်ခေါ်ဆိုမှုအရည်အသွေးသည် ကြောင်နေသည့် SIM ကဒ်ကြောင့် သက်ရောက်မှုရှိနိုင်ပါသည်။ SIM ကဒ်ပျက်စီးနေခြင်းသို့မဟုတ် သေချာစွာထည့်ထားခြင်းရှိမရှိ စစ်ဆေးပါ။

sim ကဒ်ထည့်သည့်နေရာအားစစ်ဆေးအတည်ပြုခြင်း ၁ sim ကဒ်ထည့်သည့်နေရာအားစစ်ဆေးအတည်ပြုခြင်း ၁

အဆင့် ၁။ သင့်ဖုန်းအားပိတ်ပြီး SIM ကဒ်အံခွက်ဘေးရှိ အပေါက်သေးထဲ ထုတ်သည့်တုတ်ကိုထည့်ပါ။ ထုတ်သည့်တုတ်ကို ၀ယ်စဉ်ကတည်းကထည့်သွင်းပေးထားပါသည်။

sim ကဒ်ထည့်သည့်နေရာအားစစ်ဆေးအတည်ပြုခြင်း ၂ sim ကဒ်ထည့်သည့်နေရာအားစစ်ဆေးအတည်ပြုခြင်း ၂

အဆင့် ၂။ ကဒ်အံခွက်အားထုတ်ခြင်း

sim ကဒ်ထည့်သည့်နေရာအားစစ်ဆေးအတည်ပြုခြင်း ၃ sim ကဒ်ထည့်သည့်နေရာအားစစ်ဆေးအတည်ပြုခြင်း ၃

အဆင့် ၃။ SIM ကဒ်ပျက်စီးမှုရှိမရှိ စစ်ဆေးပြီး မရှိပါကပြန်လည်ထည့်သွင်းပါ။

မှတ်ချက် -

  • ဖုန်းမော်ဒယ်အလိုက် SIM ကဒ်အံခွက်တည်နေရာများ ကွဲပြားနိုင်ပါသည်။
  • သင့် SIM ကဒ်ကိုစစ်ဆေးရန် သင့်မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူထံ ဆက်သွယ်ပါ။ အကယ်၍ အနီးတွင် ထိုကွန်ရက်ကိုသုံးသည့်အခြားဖုန်းရှိပါက သင့် SIM ကဒ်ကို ၄င်းဖုန်းနှင့်စမ်းသပ်နိုင်ပါသည်။
  • SIM ကဒ်အကောင်းနှင့်လဲပြီးသော်လည်း ပြဿနာဖြစ်နေသေးပါက သင့်ဖုန်းကို reboot လုပ်ကြည့်ပါ။ တစ်ကြိမ်ထက်ပို၍ reboot လုပ်ရနိုင်ပါသည်။

သင်သည် ဖုန်းတလုံးတည်းတွင် ကွန်ရက် ၂ ခု လတ်တလောကမှပြောင်းလဲအသုံးပြုထားပါက သင့်အနေဖြင့်လက်ရှိသုံးနေသည့်ကွန်ရက်ဝန်ဆောင်ပေးသူထံ သင့်ဖုန်းကိုပြန်လည်ပရိုဂရမ်ချမှတ်ပေးရန်အတွက် ဆက်သွယ်ရနိုင်ပါသည်။ အကူအညီရရန်အတွက် သင့်ဝန်ဆောင်မှုပေးသူကိုဆက်သွယ်ပါ။

မှတ်ချက် -

  • အဆင့်တဆင့်ပြီးတိုင်း ပြဿနာပြေလည်ခြင်းရှိမရှိစစ်ဆေးရန် ဖုန်းခေါ်ဆိုကြည့်ပါ။
  • ပြင်ပပျက်စီးမှုများအတွက် အာမခံအကျုံးဝင်မည်မဟုတ်သေ်ာလည်း ပြန်လည်ပြင်ဆင်ရန် ရက်ချိန်းရယူနိုင်ပါသေးသည်။ အချက်အလက်များပိုမိုသိရှိရန် Support Center ကိုကြည့်ရှုပါ။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ