Galaxy A8 (2018)
SM-A530FZKDMYM
သင့်ရဲ့ဖုန်းဖြင့် QR code ကို scan ဖတ်ပြီး ကုန်ပစ္စည်းကို သင်လိုချင်သောနေရာတွင် ထားပါ။
အကျိုးရလဒ်များ
အမြင်အာရုံကိုချဲ့ထွင်လိုက်ပါ။
Infinity Display ပါဝင်တဲ့ A8 ဖုန်းနဲ့အတူ ကျယ်ပြန့်တဲ့ အမြင်အာရုံကို ခံစားနိုင်ပါပြီ။ ၄င်းမှာ ဘေးနှစ်ဖက်ကိုချဲ့ထွင်ပြီး လှပစွာကျယ်ပြန့်တဲ့ မြင်ကွင်းနဲ့ အတူ သင့်ရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မှာသေချာပါတယ်။
မြင်ကွင်းအလန်းများကို ခံစားကြည့်ရန်
18:5:9 အချိုးရှိသော Infinity Display ရဲ့ကျေးဇူးကြောင့် သင့်ဖုန်းscreen ပေါ်ရှိအရာများကို အပြည့်အဝ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy A ဖုန်းတွေထဲမှာ အကြီးဆုံး Display ဖြစ်တာနဲ့အညီ ကျယ်ပြန့်တဲ့မြင်ကွင်းနဲ့အတူ ရုပ်ရှင်ရုံမှာကြည့်နေရသလို ရင်သပ်ရှုမောဖွယ်ရာ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။
အားလုံးကို တချိန်ထဲကြည့်ရှုနိုင်ပြီနော်
Infinity Display ဟာ တခြားအရင်ဖုန်းတွေထက် screen ပိုရှည်တဲ့အတွက် စခရင်ကိုသိပ်ပွတ်စရာမလိုဘဲ စာဖတ်ခြင်း၊ ဝက်ဘ်ဆိုဒ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ Facebook လို ဆိုရှယ်မီဒီယာတွေ သုံးတာမျိုး ဒါမှမဟုတ်ရင် သတင်းဖတ်ရှုုခြင်းမျိုးတွေမှာ တခါတည်း အများကြီးမြင်ရတဲ့အတွက် သင့်လက်မလေးကို အနားပေးထားလို့ ရတယ်နော်။
လျှပ်တပြတ်အတွင်း အကောင်းဆုံးဓါတ်ပုံများဖန်တီးကြည့်ရအောင်
အရမ်းမိုက်တဲ့ ဓါတ်ပုံတွေကို ဖန်တီးရတာ Galaxy A8 ပေါ်မှာ Shutter တစ်ချက်နှိပ်စာလောက်ထိအောင်လွယ်ကူသွားပါပြီ။ Camera နှစ်လုံးပါတဲ့ ရှေ့ဘက်ကင်မရာနဲ့ selfie ရိုက်မလား wefies ရိုက်မလား။ ကင်မရာပေါ်မှာ သင်နဲ့ သင့်ဘော်ဒါတွေ ရဲ့ပုံကို Focus လုပ်လိုက်ရုံနဲ့ တဒင်္ဂအချိန်လေးတွေကို ပုံစံအသစ်နဲ့ ရိုက်ကူးမှတ်တမ်းတင်နိုင်တယ်နော်။ ပြီးတော့ 16 MP ရှိတဲ့နောက်ကင်မရာနဲ့လဲ ပတ်ဝန်းကျင်က အလှအပလေးတွေကို အတောက်ပဆုံးနဲ့ အရှင်းလင်းဆုံး ရိုက်ကူးလိုက်ရအောင်။
လူကြီးမင်း ရဲ့ selfieကို ပြည့်စုံကောင်းမွန်စေမှာပါ။
Camera နှစ်လုံးပါတဲ့ ရှေ့ဘက်ကင်မရာပေါ်မှာ Live Focus Mode နဲ့ သင့် selfieမှာ ပျော်စရာတွေထည့်လိုက်ပါ။ ၄င်းဟာ နောက်ခံမလိုတာတွေကို ဝါးသွားစေပြီး Focus ထပ်လုပ်ပေးနိုင်တော့ သင်နဲ့ သင့်ဘော်ဒါတွေကို ထင်ရှားနေစေမှာ လုံးဝသေချာပါတယ်။ ဒါတင်ပဲလားဆိုရင်တော့.. focus ကို သင့်အကြိုက်ထပ်ပြီး ချိန်လို့ရသေးတယ်နော်။ ပြီးတော့ ကင်မရာမရိုက်ခင် Beauty effect ကို ဖွင့်ထားမယ်ဆိုရင် selfies နဲ့ wefies တွေဟာ အရမ်းမိုက်သွားမှာနော်။
ပျော်စရာတွေမှာအာရုံစိုက်ကြည့်ပါ။
အရမ်းမိုက်တဲ့ စတစ်ကာတွေ filterတွေသုံးပြီး သင့်ပုံတွေကို ပြုပြင်လိုက်ရအောင်။ Face-recognition နည်းပညာသုံးပြီးတော့ စတစ်ကာလေးတွေနဲ့ selfie ကို အလှဆင်မယ်။ ဒါမှမဟုတ်ရင် Food Mode, Beauty Effect, နဲ့ Filters တွေနဲ့ ဓါတ်ပုံမရိုက်ခင်် ပြင်ဆင်မယ်။ ပြီးတော့ Beauty effect က ရှေ့ကင်မရာနဲ့ ဗီဒီယိုရိုက်နေရင်း သုံးလို့ရတယ်ဆိုတော့ သင့်လှုပ်ရှားမှုတိုင်းကို အကောင်းဆုံးမှတ်တမ်းတင်နိုင်မှာပါ။
* Beauty effect သည် ရှေ့ကင်မရာသုံးတဲ့အချိန်မှာသာ ရရှိနိုင်မှာဖြစ်ပါတယ်။ ** Beauty effect ဟာ ဗီဒီယို ရိုက်ကူးနေတဲ့အချိန်မှာ ချိန်ညှိုနိုင်မှာမဟုတ်ပါဘူး။ *** အသုံးပြုသူပေါ်မူတည်ပြီး ရရှိမယ့် filterတွေဟာကွဲပြားနိုင်ပါတယ်။
ဘယ်လိုအလင်းရောင်မှာမဆို ရိုက်ကူးကြည့်ရအောင်
ညဘက်ဖြစ်ဖြစ် အလင်းရောင်နည်းနေတဲ့အခါမှာပဲဖြစ်ဖြစ် Galaxy A8 ရဲ့ low-light ရိုက်ကူနိုင်စွမ်းကိုမြှင့်တင်ထားတဲ့ နောက်ဘက်ကင်မရာနဲ့ဆိုရင် အရာရာကိုရှင်းလင်းပြတ်သားစွာရိုက်ကူးလို့ရပါတယ်။ ၄င်းရဲ့တောက်ပတဲ့ F1.7 ရှိတဲ့ မှန်ဘီလူး ၊ ပိုမိုကျယ်ပြန့်တဲ့ 1.12㎛ pixels ၊ ပိုမိုကြီးမားတဲ့ 1/2.8” အာရုံခံစနစ်တွေက ပတ်ဝန်းကျင်က အလင်းရောင်တွေကိုရယူပြီး သင့်ဓါတ်ပုံတွေကို ပိုမိုပြတ်သားကာ အသေးစိတ်ကျစေနိုင်ပါတယ်။
အဆင့်မြင့်တဲ့ ရှာဖွေမှု
သင်သိမ်းဆည်းထားတဲ့ ဓါတ်ပုံတွေကို Search Bar ကနေလွယ်ကူစွာရှာဖွေနိုင်ပါပြီ။ သင့်ရှာဖွေမှုအတိုင်း Gallery ဟာ သင့်ဓါတ်ပုံတွေကို လေ့လာပြီး သက်ဆိုင်တဲ့ဓါတ်ပုံတွေကို ဆွဲထုတ်ပေးနိုင်တဲ့အပြင် အမျိုးအစားတောင်ခွဲပေးမှာနော်။
ရေစိုနေချိန်မှာတောင် အလုပ်လုပ်နေဦးမှာနော်
ဘဝက သင့်ကို ခေါ်ဆောင်သွားရာ နေရာတိုင်းမှာ အလုပ်လုပ်တဲ့ ဖုန်းမျိုးလိုချင်တယ်ဟုတ်။ Galaxy A8 မှာ IP 68 အဆင့်ရှိ ရေနဲ့ဖုန်ဝင်မှုတွေကို ကာကွယ်နိုင်တယ်ဆိုတော့ ရေစင်သွားတာတို့ မိုးရွာနေတာတို့က သင့်လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေတော့မှာ မဟုတ်ပါဘူး။
*Galaxy A8 က IP 68 အဆင့့်ရှိတယ်ဆိုတာဟာ ဖုန်ဝင်တာနဲ့ ရေစိုတာကို ကာကွယ်ပေးနိုင်တယ်လို့ဆိုလိုတာပါ။ ရေစိုခံနိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ သန့်စင်တယ့်ရေ ၁.၅မီတာ အနက်မှာ မိနစ် ၃ဝခန့် စိမ်ထားနိုင်တာကို စမ်းသပ်ပြီးသတ်မှတ်ထားတာဖြစ်ပြီးတော့ သင့်ဖုန်းကိုကြာရှည်ခံစေရန်အတွက် ရေစင်တာမျိုး ရေစိုထားတာမျိုး ဖြစ်ပြီးသွားရင် သန့်ရှင်းတယ့်အဝတ်နဲ့ ပြန်လည်သန့်စင်ပြီး အခြောက်ခံထားရန် အကြံပေးလိုပါတယ်။ **Galaxy A8 ရဲ့ IP 68 သတ်မှတ်ချက်ဟာ မိုးသဲကြီးမဲကြီး ရွာတာမျိုးနဲ့ ရေအများကြီးစင်သွားတာမျိုးမှာ ကာကွယ်နိုင်မှာမဟုတ်တာကို သတိပြုစေလိုပါတယ်။
သင့်ကိုကူညီဖို့ ဒီမှာရှိပါတယ်
Bixby နဲ့ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်ခြင်း၊ အသိပေးချက်တွေ ပြုလုပ်ခြင်း နဲ့ သင့်ကင်မရာကနေတဆင့် သတင်းအချက်အလက်များရယူခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ Bixby ဆိုတာဟာ စာလုံးတွေ အထိအတွေ့တွေနဲ့ သင့်ရဲ့ အလေ့အကျင့်တွေကို သင်ယူနိုင်တယ့် လက်ထောက်တစ်ယောက်ဖြစ်ပါတယ်။ Bixby Home, Bixby Vision နဲ့ Bixby Reminder တွေနဲ့အတူ Galaxy A8 မှာ တင်မဟုတ်ဘဲ သင့်ရဲ့နေထိုင်မှုပုံစံထဲမှာ နူးညံ့စွာ ပေါင်းစည်းနေမှာပါ။
*Bixby သည် တချို့နိုင်ငံတွေထဲမှ ဖုန်းတချို့ရဲ့ လုပ်ဆောင်ချက်နဲ့ ဘာသာစကားကိုသာထောက်ပံ့ပေးမှာပါ။
အမြဲတမ်း သင့်အတွက်အဆင်သင့် ဖြစ်နေခြင်း
သင့်ဖုန်းကိုဖွင့်စရာမလိုဘဲ သတိပေးချက်တွေ ရယူနိုင်ပါသည်။ အမြဲတမ်းဖွင့်ထားတယ့် စခရင်ဟာ နေ့ရက် ၊ အချိန် ၊ သတိပေးချက် နဲ့ ဘက်ထရီဘယ်လောက်ရှိနေလဲ စသဖြင့် အရေးကြီး အချက်အလက်တွေကို အမြဲတမ်း ပြသပေးသွားမှာပါ။
သင့်အလုပ်နဲ့ တခြားဆက်သွယ်မှုတွေကို ခွဲခြားထားရအောင်
သင့်အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုတွေကို လွယ်ကူစွာ ပိုင်းခြားထားလို့ရပါတယ်။ Dual Messenger နဲ့ဆိုရင် မတူညီတဲ့ ချက်အကောင့်တွေနဲ့ သင့်အနှစ်သက်ဆုံး Messegner အက်ပလီကေးရှင်းတွေမှာ ဆက်သွယ်လို့ရနေပါပြီ.. နောက်ပြီးတော့ သင့် home screen ကနေ စက္ကန့်ပိုင်းအတွင်း လွယ်ကူစွာ install လုပ်ယူနိုင်မှာဖြစ်ပါတယ်။
*Dual Messenger ထောက်ပံ့တဲ့ app တွေဟာ နိုင်ငံနဲ့ ဒေသအလိုက်ကွဲပြားနိုင်ပါတယ်။
သင့် ဒေတာတွေကို ကာကွယ်ထားပါ။
ကိုယ်ပိုင် အချက်အလက်တွေကို Galaxy A8 ပေါ်က Secure Folder နဲ့ကာကွယ်လိုက်ပါ။ ၄င်းဟာ ဖုန်းပေါ်မှာကွဲပြားတဲ့ နေရာတစ်ခုယူပြီး အရေးကြီးတဲ့ ကိုယ်ပိုင်အချက်အလက်တွေကို သိမ်းထားပြီးတော့ သင်တစ်ယောက်တည်းအတွက်ဖြစ်နေအောင် ကာကွယ်ပေးပါတယ်။
*Secure Folder သည် encrypt လုပ်ထားတဲ့ ဒေတာတွေရဲ့ သဘာဝပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ** Secure Folder ဟာ သင့်ဖုန်းရဲ့ သိမ်းဆည်းနိုင်တဲ့ ပမာဏထဲမှာ ဆော့လ်ဝဲလ်ကနေပဲ ခွဲခြားထားတာဖြစ်တဲ့အတွက် အပို နေရာတစ်ခုထပ်ယူမှာမဟုတ်ပါဘူး။
*Secure Folder သည် encrypt လုပ်ထားတဲ့ ဒေတာတွေရဲ့ သဘာဝပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ** Secure Folder ဟာ သင့်ဖုန်းရဲ့ သိမ်းဆည်းနိုင်တဲ့ ပမာဏထဲမှာ ဆော့လ်ဝဲလ်ကနေပဲ ခွဲခြားထားတာဖြစ်တဲ့အတွက် အပို နေရာတစ်ခုထပ်ယူမှာမဟုတ်ပါဘူး။
Wifi ကိုလွယ်ကူစွာ ထိန်းချုပ်နိုင်မှု
Galaxy A8 ပေါ်မှာ မိုဘိုင်းဒေတာနဲ့ ဘက်ထရီသက်တမ်းကို အလိုအလျောက်ထိန်းချုပ်နိုင်တဲ့ Wi-Fi စနစ်နဲ့ လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်။ ၄င်းဟာ သင်ချိတ်ဆက်ထားတဲ့ ဝိုင်ဖိုင်ကို မှတ်မိနေမှာ ဖြစ်ပြီးတော့ သင်က အဲ့ဒီ ပတ်ဝန်းကျင်ကိုရောက်သွားတာနဲ့ ဝိုင်ဖိုင်ကို အလိုအလျောက်ချက်ချင်းဖွင့်ပေးပြီး ချိတ်ဆက်ပေးမှာပါ။ ပြီးတော့ သင်ကအဲ့ဒီဝိုင်ဖိုင်ပတ်ဝန်းကျင်က ကျော်လွန်သွားတာနဲ့ တပြိုင်နက် သင့်ဖုန်းဝို်င်ဖိုင်ကို အလိုအလျောက်ပိတ်ပေးမှာဖြစ်တဲ့အတွက် ဘက်ထရီအကုန်မြန်ခြင်းကို လျော့ကျစေမှာဖြစ်ပါတယ်။
*ဝိုင်ဖိုင် ချိတ်ဆက်မှုနဲ့ မြန်နှုန်းဟာ အသုံးပြုတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။
ရိုးရှင်းလျင်မြန်စွာ unlock ပြုလုပ်ခြင်း
ဖုန်း Unlock လုပ်တာဟာ selfie ရိုက်တာ လက်ဗွေဖတ်တာလောက်မျိုးထိ လွယ်ကူပါတယ်။ မျက်နှာကိုဖတ်ရှုခြင်း နဲ့ လက်ဗွေဖတ်ရှုခြင်းလိုမျိုး လုံခြုံရေးစနစ်တွေပါဝင်တဲ့အတွက် သင့်ဖုန်းကို ပိုမိုမြန်ဆန်ပြီး လွယ်ကူစွာဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
* မျက်နှာဖတ်ရှုတဲ့ လုံခြုံရေးစနစ်ဟာ Pattern, PIN နဲ့ စကားဝှက်ထက် လုံခြုံမှုနည်းပါးပါတယ်။ ** စခရင်မှာပြထားတဲ့ ပုံတွေသည် သရုပ်ပြဖို့အတွက်သာရည်ရွယ်ပါသည်။
ပိုမိုလုပ်ဆောင်ပါ ပြီးတော့ ပိုမိုသိမ်းဆည်းပါ
အက်ပလီကေးရှင်းတွေကို တပြိုင်နက်ဖွင့်ပြီးအသုံးပြုချင်တာလား ဒါမှမဟုတ် ဂိမ်းဆော့ချင်တာလာ? Galaxy A8 ပေါ်မှာပါတဲ့ 4GB ရှိတဲ့ RAM နဲ့ဆိုရင် ပိုမိုမြန်ဆန်ပြီး သွက်လက်နေမှာပါ။ ပြီးတော့ 256GB အထိ ထပ်တိုးလို့ရတယ့် microSD သိမ်းဆည်းမှုနဲ့အတူ သင့်ရဲ့အရေးကြီးတယ့် အရာတွေကို လွယ်ကူစွာသိမ်းဆည်းထားနိုင်ပါတယ်။ အကယ်၍ သင်ဟာခရီးတွေအများကြီးသွားနေရပြီး ဖုန်းနံပါတ်၂ လုံးရှိတယ်ဆိုရင် သင့်မှာ Dual Sim သုံးလို့ရတယ့် ရွေးချယ်မှုလဲ ရှိနေပါတယ်။
* ဖုန်းမှာပါဝင်တဲ့ RAM နဲ့ သိမ်းဆည်းနိုင်မှုဟာ နိုင်ငံနဲ့ဒေသပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ** Dual Sim ပါဝင်မှုဟာလည်း နိုင်ငံနဲ့ဒေသပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ *** MicroSD ကဒ်ကို သီးခြားရောင်းချပါသည်။
ဖုန်းတစ်လုံးထက် ပိုမိုအသုံးပြုလိုက်ပါ
့သင့်ရဲ့ ဝေမျှမှုနဲ့ ဘဝကိုပိုမိုရိုးရှင်းလွယ်ကူစေဖို့ Samsung မှ ထုတ်ကုန်တွေ ပြီးတော့ Phone+ ဝန်ဆောင်မှုတွေနဲ့အတူပြောင်းလဲလိုက်ပါ။ လေ့ကျင့်ခန်းတွေကို ဝတ်ဆင်လို့ရတယ့် Samsung ထုတ်ကုန်တွေနဲ့ မှတ်တမ်းတင်မယ်။ Gear VRနဲ့ နယ်မြေအသစ်တွေ ရှုထောင့်အသစ်တွေကနေ ရှာဖွေကြည့်မယ်။ ပြီးတော့ သင့်ရဲ့ အထာကျတဲ့ အိမ်ကို Samsung Connect နဲ့ထိန်းချုပ်ကြည့်ပါ။ အိမ်မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် သင့်ရဲ့နေထိုင်မှုပုံစံကို Phone+ ရယ် Galaxy A8 နဲ့အတူ မြှင့်တင်လိုက်ပါ။
အသေးစိတ်ဖော်ပြချက်များ
-
CPU Speed
2.2GHz, 1.6GHz
-
Main Camera Resolution
16.0 MP
-
Weight
172 g
-
Standard Battery Capacity (mAh)
3000
-
Audio Playback Time
Up to 43
-
CPU Speed
2.2GHz, 1.6GHz
-
CPU Type
Octa-Core
-
Size (Main_Display)
142.0mm (5.6" full rectangle) / 140.2mm (5.5" rounded corners)
-
Resolution (Main Display)
2220 x 1080 (FHD+)
-
Technology (Main Display)
Super AMOLED
-
Color Depth (Main Display)
16M
-
S Pen Support
No
-
Rear Camera - Resolution
16.0 MP
-
Rear Camera - F Number
F1.7
-
Rear Camera - Auto Focus
Yes
-
Rear Camera - OIS
No
-
Front Camera - Resolution
16.0 MP + 8.0 MP
-
Front Camera - F Number
F1.9 , F1.9
-
Front Camera - Auto Focus
No
-
Front Camera - OIS
No
-
Rear Camera - Flash
Yes
-
Front Camera - Flash
No
-
Video Recording Resolution
FHD (1920 x 1080)@30fps
-
Memory_(GB)
4
-
Storage (GB)
32
-
Available Storage (GB)
22.7
-
External Storage Support
MicroSD (Up to 256GB)
-
Number of SIM
Dual-SIM
-
SIM size
Nano-SIM (4FF)
-
SIM Slot Type
SIM 1 + SIM 2 + MicroSD
-
Infra
2G GSM, 3G WCDMA, 4G LTE FDD, 4G LTE TDD
-
2G GSM
GSM850, GSM900, DCS1800, PCS1900
-
3G UMTS
B1(2100), B2(1900), B4(AWS), B5(850), B8(900)
-
4G FDD LTE
B1(2100), B2(1900), B3(1800), B4(AWS), B5(850), B7(2600), B8(900), B12(700), B13(700), B17(700), B18(800), B19(800), B20(800), B26(850), B28(700), B66(AWS-3)
-
4G TDD LTE
B38(2600), B40(2300), B41(2500)
-
USB Interface
USB Type-C
-
USB Version
USB 2.0
-
Location Technology
GPS, Glonass, Beidou
-
Earjack
3.5mm Stereo
-
MHL
No
-
Wi-Fi
802.11 a/b/g/n/ac 2.4G+5GHz, VHT80
-
Wi-Fi Direct
Yes
-
Bluetooth Version
Bluetooth v5.0 (LE up to 2 Mbps)
-
NFC
Yes
-
PC Sync.
Smart Switch (PC version)
-
Android
-
Form Factor
Touch Bar
-
Accelerometer, Barometer, Fingerprint Sensor, Gyro Sensor, Geomagnetic Sensor, Hall Sensor, RGB Light Sensor, Proximity Sensor
-
Body Dimension (HxWxD, mm)
149.2 x 70.6 x 8.4
-
Weight (g)
172
-
Internet Usage Time(3G) (Hours)
Up to 12
-
Internet Usage Time(LTE) (Hours)
Up to 14
-
Internet Usage Time(Wi-Fi) (Hours)
Up to 15
-
Video Playback Time (Hours)
Up to 17
-
Standard Battery Capacity (mAh)
3000
-
Audio Playback Time (Hours)
Up to 43
-
Audio Playback Time (Hours, Always On Display Off)
Up to 64
-
Talk Time (3G WCDMA) (Hours)
Up to 19
-
Video Playing Format
MP4, M4V, 3GP, 3G2, WMV, ASF, AVI, FLV, MKV, WEBM
-
Video Playing Resolution
UHD 4K (3840 x 2160)@30fps
-
Audio Playing Format
MP3, M4A, 3GA, AAC, OGG, OGA, WAV, WMA, AMR, AWB, FLAC, MID, MIDI, XMF, MXMF, IMY, RTTTL, RTX, OTA
-
Gear Support
Gear Circle (Manager Support), Gear Fit, Gear Fit2, Gear Fit2 Pro, Gear Sport, Gear1, Gear2, Gear2 Neo, Gear S, Gear S2, Gear S3, Gear IconX, Gear VR with Controller, Gear 360 (2017)
-
S-Voice
Yes
*ဖုန်းထိန်းချုပ်မှု စနစ်နှင့် ဖုန်းအတွက်လိုအပ်သော Software များ ညီညွတ်ရန် သုံးစွဲရသော သိုလှောင်စနစ်ကြောင့် အသုံးပြုနိုင်သော Memory ပမာဏသည် စုစုပေါင်း Memory ပမာဏထက်နည်းသည်။ အမှန်တကယ် အသုံးပြုနိုင်သော Memory ပမာဏမှာလည်း ဖုန်းထိန်းချုပ်မှု စနစ်အပေါ်မူတည်၍ ကွဲပြားကာ Software Update လုပ်ပြီးပါကလည်း ပြောင်းလဲနိုင်ခြေရှိသည်။
အသုံးပြုသူလမ်းညွှန်ချက်နှင့် download များ
အမေးများ မေးခွန်းများ
- Smart Switch ကိုအသုံးပြုကာ iPhone သို့မဟုတ် iPad မှဒေတာဖိုင်များကို Galaxy ဖုန်းအသစ်ထဲသို့လွှဲပြောင်းရမည့်နည်းလမ်း
- Find My Mobile ကို အသုံးပြုနည်း
- ဖုန်းမော်ဒယ်နံပါတ် ၊ ထုတ်ကုန်နှင့် IMEI နံပါတ်ကိုဘယ်လိုရှာမလဲ။
- ဖုန်းကွဲပြီး ဖန်သားပြင်ပေါ်တွင် အက်ကွဲရာရှိနေခြင်း
- သင့် Samsung Galaxy စက်ပစ္စည်းကို အားမ၀င်ပါက ဘာလုပ်ရမလဲ
ကုန်ပစ္စည်း အကူအညီ
ထုတ်ကုန်နှင့်ပတ်သက်ပြီး သင်သိလိုသောမေးခွန်းရဲ့အဖြေကိုရှာပါ
Live Chat
ထုတ်ကုန်များ မည်သို့အလုပ်လုပ်သည်ကို ကြည့်ရှုပြီး သင့်လိုအပ်ချက်များနှင့် ကိုက်ညီမည့် မော်ဒယ်များအတွက် အကြံဉာဏ်ရယူပါ.
Recently Viewed