သင်၏ Galaxy Phone တွင် ဓါတ်ပုံများမှမလိုလားသောအရာဝတ္ထုများကိုမည်သို့ဖယ်ရှားရမည်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 24.10.2021

Object eraser ကိရိယာအသစ်က သင့်ရဲ့ဓါတ်ပုံတွေထဲကနေ အရာဝတ္ထု သို့မဟုတ် လူတွေကို ချက်ချင်းဖယ်ရှားပေးနိုင်ပါသည်။ စိတ်ကျေနပ်ဖွယ်ကောင်းသောဓာတ်ပုံကိုဖန်တီးရန် မလိုလားသောအရာများ မည်သို့ဖျက်ရမည်ကို လေ့လာရန်အောက်ပါလမ်းညွှန်ကိုကြည့်ရှုနိုင်ပါသည်။  ဝန်ဆောင်မှုပေးသူ သို့မဟုတ် မော်ဒယ်ပေါ် မူတည်၍ ဤအင်္ဂါရပ်ကိုမရရှိနိုင်ပါ။ 

အောက်ပါအကြံပြုချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings> Software update သို့သွားပါ။ 

အဆင့် ၂။ Download လုပ်ပြီး Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

Object eraser ဆိုတာဘာလဲ။

ဓာတ်ပုံရိုက်သည့်အခါ တစ်ခါတစ်ရံ မလိုလားအပ်သောအရာဝတ္ထုများကို ဓာတ်ပုံတွင်ဖမ်းယူထားမိနိုင်သည်။ ထိုအချိန်တွင် Object eraser ကိရိယာကို အသုံးပြု၍ သင်၏ Galaxy စမတ်ဖုန်းတွင်မလိုအပ်သောလူများ သို့မဟုတ် အရာဝတ္ထုများကို အလွယ်တကူဖယ်ရှားနိုင်သည်။ Object eraser ကိုဓာတ်ပုံအယ်လ်ဘမ်ရှိ Labs တွင်တွေ့နိုင်သည်။ Object eraser ကိရိယာကိုဘယ်လိုသုံးရမည်ကိုလေ့လာရန်ဖတ်ပါ။

object eraser main

Object eraser ကိရိယာကို ဘယ်လိုဖွင့်ရမလဲ။

Object eraser သည် ပုံသေဖွင့်ထားခြင်းမဟုတ်သောကြောင့် ၎င်းကိုအသုံးပြုရန် ပထမဦးစွာ ဖွင့်ပေးရန်လိုအပ်သည်။ Object eraser ကိရိယာကိုဖွင့်ရန်အောက်ပါအဆင့်တွေကိုလိုက်နာပါ။

အဆင့် ၁။ခဲတံပုံသဏ္ဌာန် Edit ကိုနှိပ်ပါ။

အဆင့် ၂။ အပေါ်ဆုံးညာဘက်ရှိအိုင်ကွန် (ဒေါင်လိုက်အစက်သုံးခု)More options ကိုနှိပ်ပါ။

အဆင့် ၃။ Labs ကိုရွေးပါ။

အဆင့် ၄။ Object eraser ကိုဖွင့်ရန် ဘေးဘက်ရှိခလုတ်ကိုနှိပ်ပါ။

Object eraser ကိုဘယ်လိုသုံးရမလဲ။

Object eraser ကိုဖွင့်လျှင်  Edit options များအကြား Object eraser ကိရိယာကိုသင်တွေ့လိမ့်မည်။ သင်၏ဓါတ်ပုံများမှမလိုအပ်သောအရာဝတ္ထုများကိုဖျက်ရန်အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Object eraser အိုင်ကွန်ကိုနှိပ်ပါ။

အဆင့် ၂။ သင်ဖျက်ပစ်လိုသည့်အရာမှန်သမျှကို ပုတ်ပါ သို့မဟုတ် ဆွဲပါ။ ဓာတ်ပုံမှသင်ဖျက်လိုသည့်အပိုင်းကို ပုတ်ပေးနိုင်သည်။ ၎င်းသည် လိုင်းအမှတ်အသားကိုအလိုအလျောက်ဆွဲပေးလိမ့်မည်။

အဆင့် ၃။ Erase ခလုတ်ကိုနှိပ်ပါ။

အဆင့် ၄။ သင်၏တည်းဖြတ်မှုများ ပြီးစီးရန်Save ခလုတ်ကိုနှိပ်ပါ။

မှတ်ချက်။

  • သင်၏တည်းဖြတ်ရေးကိရိယာများတွင်မပေါ်မီ Object Eraser ကိရိယာကိုဖွင့်ထားရမည်။
  • ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်ပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ